အချစ်ကို ကွီးတို့ ဘယ်လိုနားလည်ပါသလဲ။ ကွီးတို့ရော ချစ်တတ်ခဲ့ပါသလား၊ အချစ်ခံခဲ့ဖူးပါသလား။ အချစ်ကို တစ်ယောက်နဲ့တစ်ယောက် နားလည်ပုံခြင်း အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်း မတူနိုင်သော်လည်းပဲ အချစ်ကို လူတိုင်းနီးပါး ခံစားဖူးကြမှာပါ။ အချစ်ဟာ ကြည်နူးမှု၊ ရင်ခုန်စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု စတဲ့ ပြင်းရှတဲ့ ခံစားချက်ပေါင်းစုံကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ ကွီးတို့ ကြည်ရှုခံစားနိုင်စေဖို့ ချစ်ခြင်းမေတ္တာအကြောင်း ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားကောင်း တွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ အပီအပြင် ချစ်တတ် တဲ့ကွီးတို့အတွက်တော့ ဒီဇာတ်ကားကောင်းတွေက ခံစားမှုရသမျိုးစုံကို ပေးစွမ်းနိုင်မှာပါ။

The Note Book (2004)

Source : Warner Bros.

ပထမဆုံးဖော်ပြပေးချင်တဲ့ အချစ်ဇာတ်ကားကောင်းလေးကတော့ IMDb Rating 7.8 ရရှိထားတဲ့ The Note Book ဆိုတဲ့ ဇာတ်ကားလေးပါ။ ချမ်းသာသော အမျိုးသမီးငယ်လေး တစ်ယောက်နဲ့ နွမ်းပါးသော်လည်း စိတ်အားထက်သန်တဲ့ လူငယ်လေးတစ်‌ယောက်တို့ရဲ့ Romance ၊ Drama ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ အချစ်က ချမ်းသာတဲ့သူမကို လွတ်လပ်ခြင်းရဲ့အဓိပ္ပါယ်ကို နားလည်အောင် ဘယ်လိုကူညီပေးမလဲဆိုတာ ဒီလှပတဲ့ ဇာတ်ကားလေးမှာ ရှုစားရမှာ ဖြစ်ပါတယ်။

La La Land (2016)

Source : Lionsgate Movies

ပရိသတ်အချစ်တော် Emma Stone နဲ့ Ryan Gosling တို့ပါဝင် သရုပ်ဆောင်ထားတဲ့ La La Land ဆိုတဲ့ ဇာတ်ကားလေးက ကွီးတို့ ချစ်သူလေးနဲ့ အတူတူကြည့်သင့်တဲ့ ဇာတ်ကားကောင်း တစ်ခုပါ။ ဒီဇာတ်ကားလေးက ဂီတ၊ အချစ်၊ ဟာသ၊ ဒရမ်မာကားကောင်းလေး ဖြစ်ပြီး IMDb Rating 8 ရရှိထားတဲ့အတွက် လက်လွှတ်မခံသင့်တဲ့ အချစ်ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။

About Time (2013)

Source : Universal Pictures

ဒီဇာတ်ကားလေးကတော့ စိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးထားတဲ့ ရိုမန့် ဒရမ်မာကားကောင်းလေး ဖြစ်ပြီး ကွီးတို့ကို စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်မှာပါ။ ဒီဇာတ်ကားထဲက ဇာတ်ဆောင် အမျိုးသားဖြစ်တဲ့ Tim က အချိန်ခရီးသွားရုံသာမက သူ့ဘဝလမ်းကြောင်းကိုလည်း ပြောင်းလဲနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဇာတ်လမ်းလေးက လှည့်ကွက်များစွာဖြင့် ချစ်စဖွယ်ကောင်းသော အချစ်ဇာတ်လမ်းကို ပုံဖော်ထားပါတယ်။ IMDb Rating: 7.8 ရရှိထားတဲ့ ဇာတ်ကားကောင်းလည်း ဖြစ်ပါတယ်။

After (2019)

Source : VVS Films

နောက်ထပ် ဖော်ပြချင်တဲ့ အချစ်၊ ဒရမ်မာကားကောင်းလေးကတော့ After ဆိုတဲ့ ဇာတ်ကား‌လေးပါ။ ဒီဇာတ်ကားလေးက လျှို့ဝှက်ဆန်းကြယ်သော အမျိုးသားတစ်ဦးနှင့် ချစ်ကြိုက်နေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရင်သပ်ရှုမောဖွယ် ဇာတ်လမ်းကို သရုပ်ဖော်ထားတာဖြစ်ပါတယ်။ IMDb Rating: 5.3 ရရှိထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။

The Fault in Our Stars (2014)

Source : 20th Century In Our Stars

Hazel Grace ဆိုတဲ့ ဆယ်ကျော်သက် အမျိုးသမီးလေးက သိုင်းရွိုက်ကင်ဆာကို တိုက်ဖျက်နေစဉ် ကင်ဆာတိုက်ဖျက်ရေး အဖွဲ့မှာ Augustus Waters နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီလူသားနှစ်ယောက်ရဲ့ ပုံမှန်မဟုတ်တဲ့ တွေ့ဆုံမှုကနေ ဘယ်လို အချစ်ဇာတ်လမ်းလေး ဖြစ်ပေါ်လာမလဲ၊ ပျော်ရွှင်စရာလား၊ ဝမ်းနည်းစရာလားဆိုတာ IMDb Rating 7.7 ရထားတဲ့ ဒီကားလေးမှာ ရှုစားလိုက်ရအောင်ဗျာ။

အပီအပြင် ချစ်တတ် သူတို့အတွက် နှလုံးသားထဲထိ ရောက်မယ့် ဇာတ်ကား‌လေးတွေ ဖြစ်တာကြောင့် ဒီပိတ်ရက်မှာ ကြည့်ရှုခံစားနိုင်ဖို့ ဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ်။

Source : PINKVILLA

Featured Photo : IMDb