လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ခြင်းက ကွီးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဒါ့အပြင် ဒီလို အလုံးစုံသောကျန်းမာရေး အတွက်သာမက အမျိုးသားတစ်ယောက်အတွက် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်းက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့နဲ့ တိုက်ရိုက်ဆက်နွယ်နေတယ်ဆိုလည်း မမှားပါဘူး။ ဒီနေ့မှာတော့ ကွီးတို့အတွက် အိပ်ရာပေါ်မှာ အပီအပြင် စွမ်းဆောင် နိုင်ဖို့ ကူညီပေးနိုင်တဲ့ လေ့ကျင့်ခန်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရေကူးခြင်း

အပီအပြင် စွမ်းဆောင်

Photo : Aviva Pools

ကွီးတို့ရေ ရေကူးခြင်းက လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်စေတယ်ဆိုတာ သိပါသလား။ တစ်ပတ်ကို ၃ ကြိမ် အနည်းဆုံး မိနစ် ၃၀ ခန့် ရေကူးတာက လိင်ပိုင်းဆိုင်ရာခံနိုင်ရည်ကို တိုးစေတယ် လို့ဆိုထားပါတယ်။ ဒါ့အပြင် ရေကူးခြင်းက ခံနိုင်ရည်ကိုတည်ဆောက်ပေးတယ်၊ သွေးစီးဆင်းမှုကို မြှင့်တင်ပေးတယ်၊ ပျော့ပျောင်းမှုနဲ့ ကြံ့ခိုင်မှုကို မြှင့်တင်ပေးပြီး စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါတယ်။ ဒါ့အပြင် ကယ်လိုရီအချို့ကိုလည်း လောင်ကျွမ်းစေပါတယ်။

ယောဂ

အပီအပြင် စွမ်းဆောင်

Photo : LIFEGRAM

ယောဂလေ့ကျင့်ခန်းတွေကလည်း စိတ်တည်ငြိမ်မှု၊ ကြံ့ခိုင်မှု၊ သန်မာမှု၊ ပျော့ပြောင်းမှုနဲ့ တက်ကြွမှုတို့အပြင် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ယောဂကို နေ့စဉ် တစ်နာရီကြာ လေ့ကျင့်ခြင်းက အမျိုးသားများအတွက် သုက်လွှတ်ခြင်းကို ကြာရှည်စေပြီး အလုံးစုံ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နဲ့ ခံစားမှုကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို အားမသန်ဖူးဆိုရင် ယောဂလေ့ကျင့်ခန်းတွေကို ပြုလုပ်နိုင်ပါတယ်။

Cardio လေ့ကျင့်ခန်းများ

အပီအပြင် စွမ်းဆောင်

Photo : Rawpixel

ခပ်သွက်သွက် လမ်းလျှောက်ခြင်း၊ ပြေးခြင်းနဲ့ စက်ဘီးစီးခြင်းစတဲ့ Cardio လေ့ကျင့်ခန်းတွေကလည်း ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းများက ကွီးတို့ရဲ့ နှလုံးခုန်နှုန်းကို မြှင့်တင်ပေးပြီး သွေးစီးဆင်းမှုကို အားကောင်းစေပါတယ်။ ဒါ့အပြင် Endorphins များကို ထုတ်လွှတ်ပေးပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒီနှစ်ချက်လုံးက လိင်ပိုင်းဆိုင်ရာမှာ အမျိုးသားများအတွက် သန်မာသောစိုက်ထူမှုများကို ပြုလုပ်နိုင်စေပြီး အမျိုးသားများပတွက် တွက်ကြွစေပါတယ်။

Push Up

Photo : VIDA Fitness

ဒီလေ့ကျင့်ခန်းက ကွီးတို့ရဲ့ ကြွက်သားတွေကို သန်မာစေပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်မာဖို့ အထောက်အကူပြုတယ်ဆိုတာ ကွီးတို့ သိပြီးသားဖြစ်မှာပါ။ ဒါ့အပြင် Glutes၊ တံကောက်ကြောနဲ့ ကွီးတို့ရဲ့ ပေါင်ကြွက်သားများ အားကောင်းစေဖို့ အထောက်အကူပြုပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ ခန္ဓာကိုယ်ခံနိုင်ရည်အားကို ကောင်းစေပြီး သက်လုံကောင်းစေပါတယ်။ ဒီအချက်က ကွီးတို့ အိပ်ရာပေါ်မှာ အပီအပြင် စွမ်းဆောင် နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

Kegels

Photo : ArticleZone

Kegels လေ့ကျင့်ခန်းတွေက အမျိုးသားများအတွက် အချိန်မတန်မီ သုက်လွှတ်ခြင်းကို ကာကွယ်ဖို့ ကူညီပေးပါတယ်။ ဒီလေ့ကျင့်ခန်းက ဆီးလမ်းကြောင်းအလယ်ပိုင်းမှ ဆီးစီးဆင်းမှုကို ရပ်တန့်စေသည့် Pubococcygeus (PC) လို့ခေါ်တဲ့ ကြွက်သားများကို သန်မာစေပြီး ခံနိုင်ရည်ရှိမှုနှင့် ထိန်းချုပ်မှုကို ကူညီပေးပါတယ်။ ထို့အပြင် အမျိုးသားများအတွက် သာယာမှုအထွတ်အထိပ် မတိုင်မီတွင် ၎င်းကြွက်သားများကို ကျုံ့စေခြင်းဖြင့် သုက်လွှတ်ခြင်းကို နှောင့်နှေးစေရန် Kegels လေ့ကျင့်ခန်များကို ပြုလုပ်နိုင်တယ်လို့ဆိုပါတယ်။

ကွီးတို့ရေ ဒီ လေ့ကျင့်ခန်းတွေကို စကီလေးနဲ့ အတူတူ ပုံမှန်လုပ်ပြီး ကျန်းမာကြံ့ခိုင်မှုကိုသာမက လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကိုပါ မြှင့်တင်လိုက်ပါ။

Source : Men’s Health, Web MD

Featured Photo : Mars