လိင်စိတ် အထွတ်အထိပ်ရောက်နေချိန် အချိန်ကိုက် လိင်တံကို မိန်းမကိုယ်ပြင်ပသို့ ဆွဲထုတ်ပြီး သုက်ရည်စွန့်ထုတ်တဲ့ နည်းလမ်းကို Pull-Out Method (Withdrawal Method) တနည်းအားဖြင့် အရပ်စကားအရ အပြင်မှာပြီးတယ်လို့ ခေါ်ပါတယ်။ ဒီနည်းလမ်းဟာ တကယ်ပဲ ကိုယ်ဝန်မရနိုင်အောင် တားဆီးပေးနိုင်စွမ်းရှိပါသလား။ အတူနေတဲ့အခါ ကွန်ဒုံးလို အကာအကွယ်တွေကိုအသုံးမပြုပဲ ဆက်ဆံချင်တယ် ၊ ဆေးထိုးဆေးသောက်တာတွေလည်း မလုပ်ချင်ဘူးဆိုတဲ့ စုံတွဲတော်တော်များများ ဒီ Pull-Out Method (Withdrawal Method) ကို အသုံးပြုကြပါတယ်။

Pull-Out Method (Withdrawal Method) က ဘယ်လောက်အထိ စိတ်ချရပါသလဲ ?

Pull-Out Method (Withdrawal Method)

Photo : Stellar Clinic

တကယ်တော့ ဒီနည်းလမ်းဟာ သဘာဝအတိုင်း သန္ဓေတားနည်းတစ်ခုလို့ လက်ခံထားကြပေမယ့် ရာနှုန်းပြည့် စိတ်မချရတဲ့ အခြေအနေတစ်ခုပါ။ စစ်တမ်းတွေအရ အပြင်မှာ ကိစ္စပြီးမယ့် စုံတွဲ ၅ ယောက်မှာ ၁ ယောက်နှုန်း မတော်တဆ ကိုယ်ဝန်ရသွားနိုင်ခြေ ရှိပါတယ်။ ရာခိုင်နှုန်းအားဖြင့်ပြောမယ်ဆိုရင် Pull-Out Method (Withdrawal Method) ကို နည်းစနစ်တကျ မှန်မှန်လိုက်နာသူတွေမှာပင် ကိုယ်ဝန်ရနိုင်ခြေ ၄ ရာခိုင်နှုန်း ရှိနေပါတယ်။ ဒါဟာ စုံတွဲ ၁၀၀ မှာ ၄ ယောက်နှုန်း ကိုယ်ဝန်ရသွားနိုင်တယ်ဆိုတဲ့ အခြေအနေပါ။ Pull-Out Method (Withdrawal Method) ကို သေချာနားလည်ထားခြင်းမရှိဘူး ကျွမ်းကျင်မှုလည်းမရှိဘူးဆိုရင် ကိုယ်ဝန်ရနိုင်ခြေက ၂၂ ရာခိုင်နှုန်းအထိ ရှိပါတယ်။

Pull-Out Method (Withdrawal Method) ကို မှန်မှန်ကန်ကန် စနစ်တကျ ဘယ်လိုအသုံးပြုရမလဲ ?

Pull-Out Method (Withdrawal Method)

Photo : Cosmopolitan

Pull-Out Method (Withdrawal Method) ဟာ အဓိကအားဖြင့် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းနဲ့ အချိန်ကိုက် လှုပ်ရှားနိုင်မှုပေါ် အများကြီး မူတည်နေပါတယ်။ အမျိုးသားတွေ အနေနဲ့ သုက်လွတ်ခြင်း မပြုမှီ အချိန်ကိုက် လိင်တံကို မိန်းမကိုယ်ပြင်ပသို့ ဆွဲထုတ်ပြီး သုက်ရည်စွန့်ထုတ်နိုင်ဖို့ အရေးကြီးပါတယ်။

အကယ်၍ အခြားသော စိတ်ချရတဲ့ သန္ဓေတားနည်းတစ်ခုခုမပါဘဲ Pull-Out Method (Withdrawal Method) နည်းလမ်းကို အသုံးပြုတာက အန္တရာယ်များတဲ့ အခြေအနေလို့ ပြောလို့ရပါတယ်။ အမျိုးသားတွေအနေနဲ့ အချိန်ကိုက် လုပ်ဆောင်နိုင်တယ်ဆိုရင်တောင်မှ ကိုယ်ဝန်ရနိုင်ခြေ ရှိနေသေးလို့ပါ။ အကြောင်းကတော့ သုက်မလွှတ်ခင်မှာ ရှေ့ပြေးအနေနဲ့ သုက်ရည်ကြည်အနည်းငယ် ထွက်တက်တာကြောင့် အဆိုပါ သုက်ရည်ကြည်ထဲမှာ သုက်ပိုးတချို့တလေ ပါဝင်နေတယ်ဆိုပါက ကိုယ်ဝန်ရသွားနိုင်လို့ပဲ ဖြစ်ပါတယ်။

အကယ်၍ သုက်ရည်ကို မိန်းမကိုယ် ပြင်ပမှာ စွန့်ထုတ်နိုင်ခဲ့ရင်တောင် အမျိုးသမီး အင်္ဂါဇာတ် ဒါမှမဟုတ် မိန်းမကိုယ်အတွင်းကို အနည်းငယ် ဖိတ်စင်ဝင်ရောက်သွားမယ်ဆိုရင်လည်း ကိုယ်ဝန်ရနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။

Pull-Out Method (Withdrawal Method) နည်းလမ်းနဲ့ပတ်သတ်ပြီး နောက်ထပ်အန္တရာယ်ရှိတဲ့ အချက်တစ်ခုကတော့ အကာကွယ်မဲ့ လိင်ဆက်ဆံခြင်း ဖြစ်တာနဲ့အညီ လိင်မှတစ်ဆင့် ကူးစက်တက်တဲ့ ကူးစက်ရောဂါတွေ (STIs) ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။

Pull-Out Method (Withdrawal Method) က ဘယ်လိုကောင်းကျိုးတွေ ရှိမလဲ

Pull-Out Method (Withdrawal Method)

Photo : The Lowdown

Pull-Out Method (Withdrawal Method) က အန္တရာယ်အရှိဆုံး သန္ဓေတားနည်းတွေထဲက တစ်ခုဖြစ်ပေမယ့် မှန်ကန်စွာ အသုံးပြုမယ်ဆိုရင်တော့ အကျိုးကျေးဇူး အနည်းငယ်မျှ ရှိနိုင်ပါတယ်။

Pull-Out Method (Withdrawal Method) က အမျိုးသားရော အမျိုးသမီးပါ နှစ်ဦးစလုံးအတွက် ကထိကထမများပဲ ရိုးရှင်းပြီး အဆင်ပြေပါတယ်။

အခြားသော သန္ဓေတားနည်းတွေ အလွယ်တကူမရှိတဲ့ အခြေအနေမှာ Pull-Out Method (Withdrawal Method) ကို အလွယ်ကူအရိုးရှင်းဆုံး အသုံးပြုနိုင်ပါတယ်။

Pull-Out Method (Withdrawal Method) ကို အသုံးပြုခြင်းဟာ အခြားသောဆေးဝါးတွေလို ဆေးဘက်ဆိုင်ရာ သို့မဟုတ် ဟော်မုန်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေ မရှိပါ။

Pull-Out Method (Withdrawal Method) ကို သုံးဖို့ ငွေကုန်ကြေးကျ မရှိပါ။

Pull-Out Method (Withdrawal Method) ကို တခြား သန္ဓေတားနည်းတစ်ခုခုနဲ့ တွဲသုံးမယ်ဆိုရင် သန္ဓေတားခြင်းအပေါ် ပိုမိုထိရောက်မှု ရှိစေပါတယ်။

Pull-Out Method (Withdrawal Method) ကနေ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးအန္တရာယ်တွေက ဘာဖြစ်မလဲ

Photo : Health

Pull-Out Method (Withdrawal Method) ဟာ သင် အသုံးပြုတဲ့ တစ်ခုတည်းသော သန္ဓေတားနည်းတစ်ခု ဖြစ်ပါက များစွာ အန္တရာယ်ရှိပါတယ်။

ကိုယ်ဝန်ရနိုင်ခြေ အများကြီး ရှိတယ်။

STIs ရောဂါတွေကို မကာကွယ်ပေးနိုင်ပါ။

အထူးသဖြင့် ဆယ်ကျော်သက်နဲ့ လိင်မှုဆိုင်ရာ အတွေ့အကြုံနုနယ်သူ အမျိုးသားတွေ အနေနဲ့ Pull-Out Method (Withdrawal Method) ကို မှားယွင်းစွာ အသုံးပြုနိုင်ခြေ ပိုများပါတယ်။

Pull-Out Method (Withdrawal Method) ဟာ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ၊ အလေ့အကျင့် ၊ အတွေ့အကြုံတွေအပေါ် အဓိကမူတည်နေတဲ့အတွက် ကျွမ်းကျင်မှုမရှိပါက သေချာပေါက် အန္တရာယ်ရှိပါတယ်။

Pull-Out Method (Withdrawal Method) ကို အချိန်မတိုင်မီ သုက်လွှတ်စေတဲ့ ပြဿနာခံစားနေရတဲ့ အမျိုးသားတွေအနေနဲ့ လုံးဝအသုံးမပြုသင့်ပါ။

ပြောရရင် Pull-Out Method (Withdrawal Method) နည်းလမ်းဟာ ကံကိုယုံပြီး စွန့်စားရတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ကိုယ်ဝန်ရနိုင်ခြေကို ထိရောက်စွာ ထိန်းချုပ်တားဆီးချင်တယ်ဆိုရင်တော့ Pull-Out Method (Withdrawal Method) နဲ့အတူ လုံခြုံစိတ်ချရတဲ့ သန္ဓေတားနည်းတစ်ခုခုကို တွဲဖက်အသုံးပြုဖို့ အကြံပေးချင်ပါတယ်။

Featured Photo : Mic