အင်တာနက်ခေတ်မှာ Pornography လို့ ခေါ်တဲ့ အပြာရုပ်ရှင် ၊ စာပေ ၊ ဓါတ်ပုံနဲ့ တခြားမီဒီယာတွေကနေ တစ်ဆင့် ခံစားကြည့်ရှုမှုဟာ သိပ်ကို လွယ်ကူလာပြီ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ အမျိုးသားတွေရဲ့ ၈၆% ကနေ ၉၆% ခန့်ဟာ အပြာရုပ်ရှင်တွေ ပုံမှန် ကြည့်ကြတယ်လို့ ဆိုပါတယ်။ အပြာကား ကြည့်တာဟာ Sex Education ကောင်းနိုင်စေသလို ကိုယ့်အိမ်ထောင်ဘက် ၊ ချစ်သူနဲ့ လိင်မှုကိစ္စပါ ပိုလို့ တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ တစ်ဖက်မှာလည်း နေ့စဉ်ဘဝထဲ အပြာကားတွေရဲ့ လွှမ်းမိုးမှုဟာ ပြဿနာတွေကို ယူဆောင်လာနိုင်ပါတယ်။ Porn Addiction လို့ ခေါ်တဲ့ အပြာကား မကြည့်ရမနေနိုင်အောင် စွဲလမ်း နေတဲ့သူတွေဟာ ကောင်းကျိုးထက် ဆိုးကျိုးက အဖြစ်များပါတယ်။

Porn ကား စွဲလမ်းနေခြင်းကြောင့် ကြုံနိုင်တဲ့ ပြဿနာတွေထဲမှာ အခုပြောမယ့် ပြဿနာတွေလည်း ပါဝင်ပါတယ်။

(၁) အလုပ်မှာ အာရုံမစိုက်နိုင်ခြင်း

Stress

Photo : Pexels

အပြာကား မကြည့်ရမနေနိုင်သူတွေ ကြုံတတ်တဲ့ပြဿနာတစ်ခုက အလုပ်မှာ ထိုင်နေပေမယ့် အလုပ်ကိစ္စထဲ စိတ်မနှစ်နိုင်တာပဲလို့ ဆိုပါတယ်။ လေ့လာမှုတွေအရလည်း Porn ကားစွဲလမ်းခြင်း နဲ့ လိင်အာသာဖြေခြင်း စွဲလမ်းမှုအကြားမှာ ဆက်စပ်မှုတစ်ခုရှိနေပြီး အဲ့ဒါကတော့ လူရဲ့ လိင်မှုကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်လာစေနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။

(၂) လက်တွေ့ဘဝ Relationship မှာ အဆင်မပြေ ပိုဖြစ်တတ်ခြင်း

Partner

Photo : Pexels

Porn ကားစွဲလမ်းခြင်းကနေ ကိုယ့်ရဲ့ ပုံမှန်ဘဝအတွက် ကြောက်စရာကောင်းတဲ့ ပြဿနာ တစ်ချို့ကို ယူဆောင်လာနိုင်ပါတယ်။ ဒီထဲမှာ ကိုယ့်ရဲ့ တကယ့်လက်တွေ့ဘဝထဲက ဆက်ဆံရေးတွေပေါ်ပါ ထိခိုက်စေနိုင်တာပဲ ဖြစ်ပါတယ်။ အပြာကားတွေထဲက မင်းသမီးတွေရဲ့ ကိုယ်လုံးကိုယ် ပေါက်မျိုး ၊ အပြုအစုမျိုး နဲ့ လိင်မှုဇာတ်ဝင်ခန်းထဲက စိတ်လှုပ်ရှားစရာ ဇာတ်လမ်းဇာတ်ကွက်တွေမျိုးကို တကယ့်ဘဝမှာ ရနိုင်မှာ မဟုတ်ပါဘူး။ ကြာလာတာနဲ့အမျှ ကိုယ့်လက်တွေ့ဘဝမှာ စိတ်ကျေနပ်စရာတွေ နည်းသထက် နည်းလာပြီး Mental Disorders ပါ ဖြစ်လာအောင် တွန်းအားပေးရာ ရောက်ပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစိတ် နည်းလာခြင်း

Sit

Photo : Pexels

လိင်မှုကိစ္စပဲ ဖြစ်ဖြစ် အပြာကားထဲက ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့ အမျိုးသားတစ်ယောက်ရဲ့ဘဝကိုဖြစ်ဖြစ် အားကျလာခြင်းကလည်း ပုံမှန်အခြေအနေနဲ့ ဝေးကွာလာစေနိုင်ပါတယ်။ တစ်နည်းနည်းနဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးအားကျစိတ် Self-Esteem ပါ ကျဆင်းလာနိုင်ပါတယ်။ အဆိုးဆုံးက လူမှုဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်မှု Social Skills တွေ ထိခိုက်လာနိုင်လို့ အပြာကား အကြည့်လျှော့ပြီး ကုသမှုခံယူတာ ၊ ကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးတာမျိုးလည်း လုပ်နိုင်ပါတယ်။

Featured Photo : GoodRx