အပြေး အားကစား သည် လူကြီး လူငယ် ကျား၊ မ မရွေး ပြုလုပ်သင့်တဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။

အပြေး အားကစား လို့ပြောလိုက်တာနဲ့ ဘယ်အချိန်က ထိုလေ့ကျင့်ခန်း ပြုလုပ်ဖို့ အသင့်တော်ဆုံးဖြစ်မလဲ။

မနက်ခင်းမှာ အပြေး အားကစား ပြုလုပ်ခြင်းက အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။ အားကစားတစ်ခါမှ မလုပ်သူများအဖို့ မနက်စောစော စီးစီး ထပြေးနေသူတွေကို ကြည့်ပြီး ဘယ်အရာတွေက သူတို့က အဲ့လောက်အထိ တက်ကြွအောင် စိတ်ခွန်အား ပေးနေတာဖြစ်မလဲဆိုပြီး နားမလည်နိုင်ဖြစ်မှာ အမှန်ပါပဲ။

သူတို့ဘာ့ကြောင့် မနက်ခင်း စောစောမှာ အပြေး အားကစား ကို ပြုလုပ်တာဖြစ်မလဲ။

တနေ့တာလုံးမှာ တက်ကြွလန်းဆန်းနေစေခြင်း

happy man at work

မနက်ခင်း ပြေးပြီးသွားတဲ့နောက်မှာ ခန္ဒာကိုယ်ရှိ သွေးလှည့်ပတ်မှုအား ကောင်းလာပြီး အိပ်ရာဝင်မယ့်အချိန်အထိ တစ်နေ့တာလုံး တက်ကြွလန်းဆန်းနေစေမှာဖြစ်ပါတယ်။

နှလုံးအားကောင်းစေခြင်း

healthy heart

နှလုံးရောဂါ ခံစားရနိုင်ချေကို တစ်ဝက်ခန့် လျော့ချချင်ပါသလား။ တစ်နေ့တာလုံးမှာ ငါးမိနစ်ခန့် ပြေးရုံမျှနဲ့တင် နှလုံးရောဂါ ဖြစ်ပွားနိုင်ချေကို လျော့ချပေးတယ်ဆိုတာကို သင် ယုံပါသလား။

အပြေးသမားတိုင်းသည် နှလုံးရောဂါ ခံစားရနိုင်ချေကို ၂၇ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်တယ်လို့ သုတေသနလေ့လာချက်များအရ သိရှိနိုင်ပါတယ်။

ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို တိုးမြှင့်စေခြင်း

man with belly fat

သင် စားသုံးလိုက်တဲ့အစားအစာ၊ သင် ပြုလုပ်လိုက်တဲ့ လေ့ကျင့်ခန်းများသည် သင့်ရဲ့ ခန္ဓာကိုယ်ကို ပြောင်းလဲသွားစေပါတယ်။ သင့်အနေနဲ့ သင့်ရဲ့ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်ကို တိုးမြှင့်ပြီး ကိုယ်အလေးချိန် ကျစ်လျစ်စေချင်တယ်ဆိုရင်တော့ မနက်ခင်းမှာ အပြေးလေ့ကျင့်ခန်း ပြုလုပ်ဖို့လိုအပ်ပါလိမ့်မယ်။

အစား မစားခင် အပြေးလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် သင့်ရဲ့ ခန္ဓာကိုယ်အတွက် ပိုကောင်းပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ်ရှိ ဇီဝကမ္မဖြစ်စဉ်ကို တိုးမြှင့်ပေးပြီး ကယ်လိုရီများ ပိုမိုလောင်ကျွမ်းသွားစေလို့ပဲဖြစ်ပါတယ်။

အရိုးအဆစ်များ သန်မာစေခြင်း

အပြေး အားကစား

မကြာသေးမှီကမှ ပြုုလပ်ထားတဲ့ လေ့လာတွေ့ရှိချက်များအရ အပြေးလေ့ကျင့်ခန်းသည် ကျွန်တော်တို့ရဲ့ အရိုးအဆစ်များကို သန်မာလာစေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကြွက်သားများကို သန်မာလာစေပြီး အရိုးပွရောဂါ ခံစားရခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခြင်း

အပြေး အားကစား

သင်သည် တစ်ညတစ်ည အိပ်ပျော်ဖို့ကို ဟိုလှည့် ဒီလှည့်နဲ့ အိပ်ပျော်ဖို့အတွက် အချိန်တော်တော်ကြာ အားယူရပါသလား။ ဒါဆိုရင်တော့ တစ်မနက်ခင်းလောက် အပြေးလေ့ကျင့်ခန်း ပြုလုပ်ကြည့်လိုက်ပါ။ ထိုညမှာ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်တာကို တွေ့မြင်ရပါလိမ့်မယ်။

တဖြည်းဖြည်းနဲ့ တူညီတဲ့အချိန်မှာ နိုးထပြီး လေ့ကျင့်ခန်းပြုလုပ်ပေးမယ်ဆိုရင်တော့ သင့်ရဲ့နေထိုင်မှုဘဝသည် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ဘဝတစ်ခုအဖြစ် ပြောင်းလဲသွားမှာပါ။

စိတ်ကျန်းမာရေးကို မြှင့်တင်ပေးခြင်း

အပြေး အားကစား

အပြေးလေ့ကျင့်ခန်းသည် စိတ်ကျန်းမာရေးကိုလည်း မြင့်တင်ပေးနိုင်ပါတယ်။ အပြေးလေ့ကျင့်ခန်း ပြုလုပ်ပြီးတဲ့နောက်မှာ တစ်စုံတစ်ရာကို ပြီးမြောက်အောင် ပြုလုပ်နိုင်လိုက်ပါလားဆိုတဲ့ ခံစားချက်တစ်ခု ရသွားမှာဖြစ်ပြီး ထိုခံစားချက်က သင့်ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာအောင် ကူညီပေးပါလိမ့်မယ်။

Source: Lifeline24.co.uk

Featured Image: Runtastic