ကွီးတို့ရေ အုံမှိုင်းမှိုင်း ရာသီဥတုနဲ့ ကျဆင်းနေတဲ့ မိုးစက်လေးတွေက ကျွန်တော်တို့ရဲ့ ခံစားချက်တွေကို တစ်နည်းနည်းနဲ့ ဆွေးမြေ့မြေ့ ခံစားရစေပါတယ်။ ဒီအချိန်က အဆွေးဓာတ်ခံရှိတဲ့ သူများအတွက် သီချင်းကောင်းလေးတွေ နားထောင်ရင်း ဖီးလို့ကောင်းတဲ့ အချိန်ပါပဲ။ ဒါကြောင့် ဒီနေ့မှာတော့ အဖီးတစ်လိုင်း ကွီးတို့အတွက် သီချင်း ကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

“Say Something” by A Big World and Cristina Aguilera

Source : A Big World

ကွီးတို့ရေ တစ်စုံတစ်ယောက်ကို စွန့်လွှတ်ဖူးပါသလား။ ဒီ Say Something ဆိုတဲ့ သီချင်းလေးက ထိမိသောစာသာများ၊ မယုံနိုင်စရာ ဂီတဖွဲ့စည်းမှုနဲ့ ချို့ယွင်းချက်မရှိသော အသံပေါင်းစပ်မှုတို့က ကြီးမားသောစွမ်းအားနဲ့ စိတ်ခံစားမှုကို ပေးစွမ်းနိုင်ပါလိမ့်မယ်။

“Back to Black” Amy Winehouse

Source : my Winehouse

ဒီသီချင်းလေးက Amy Winehouse ရဲ့ ခင်ပွန်းဟောင်း Blake Fielder-Civil နှင့် ပြန်လည်ပေါင်းစည်းပြီးနောက် ထွက်ရှိလာတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ မပြေလည်တဲ့ အဆိပ်သင့်ဆက်ဆံရေး တစ်ခု ပြီးပြတ်ပြီးနောက် ချစ်ခဲ့ဖူးသူပြန်သွားတာခြင်းက သူမအတွက် ပိုပြီးအဆင်ပြေတဲ့အကြောင်း သီဆိုထားတဲ့ သီချင်းလေးပါ။ ကွီးတို့ရော ဒီသီချင်းလေးနဲ့ တိုက်ဆိုင်တဲ့ အဖြစ်လေးများ ကြုံဖူးပါသလား။

“Let Her Go” by Passenger

Source : Passenger

ဒီသီချင်းလေးကတော့ ကွီးတို့သိပြီးသား ဖြစ်မှာပါ။ ဒီသီချင်းလေးက ထွက်ရှိခဲ့ပြီးတဲ့ အချိန်ကစပြီး အခုအချိန်ထိ လူတွေရဲ့ ဖမ်းစားနိုင်ခဲ့တဲ့ ဝမ်းနည်းခြင်းနဲ့ ပတ်သက်တဲ့ သီချင်းလေးပါ။ တစ်ခါလောက်ပြန်ပြီး အတူတူ နားထောင်လိုက်ရအောင်ဗျာ။

“So Sick” Ne-Yo

Source : Ne-Yo

ဒီသီချင်းလေးကတော့ အချစ်သီချင်းကောင်းလေး ဖြစ်ပြီး Ne-Yo က သူတကယ်ချစ်တဲ့ မိန်းကလေးနဲ့ လမ်းခွဲပြီးနောက် ကိုယ်တွေ့ အတွေ့အကြုံကို အခြေခံထားပြီး ရေးဖွဲ့ သီဆိုထားတဲ့ သီချင်းလေးပါ။ ကိုယ်တကယ်ချစ်ရသူနဲ့ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲရတဲ့အခါ နာကျင်ရတယ် မဟုတ်ပါလား။

“I Know It’s Over” by The Smiths

Source : The Smiths

ဒီသီချင်းလေးကတော့ မိုးရွာတဲ့နေ့မှာ နားထောင်လို့ကောင်းတဲ့ The Smiths ရဲ့ I Know It’s Over ဆိုတဲ့ သီချင်လေး ဖြစ်ပါတယ်။ ဒီသီချင်းလေးရဲ့ တီးလုံးစာသားတွေက ကျွန်တော်တို့ရင်ထဲကို တစ်ခုခုကို ကျန်နေခဲ့စေမှာ အသေအချာပါပဲ။

“I’ll Never Love Again” by Lady Gaga

Source : Lady Gaga

Lady Gaga က A Star Is Born ရုပ်ရှင်အတွက် ဒီသီချင်းကို ရေးခဲ့ပေမယ့် စတူဒီယိုဗားရှင်း မရိုက်ကူးခင် ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတဲ့ သူ့သူငယ်ချင်းအတွက် ရည်စူးထားတဲ့ သီချင်းလေးပါ။ ကိုယ်ချစ်ခင်ရတဲ့ သူတွေကို ဆုံးရှုံးရတဲ့ ခံစားချက်က ဘာနဲ့မှမလဲနိုင်အောင် နာကျင်ရတယ် မဟုတ်ပါလား။

“Somebody Else” by The 1975

Source : The 1975

ကွီးတို့အနေနဲ့ လောလောဆယ် နာကျင်စရာ လမ်းခွဲမှုကို ဖြတ်သန်းနေရပါသလား။ ဒါမှမဟုတ် ကွီးတို့ ချစ်ရသူနဲ့ ဆက်ဆံရေးက အဆင်မပြေမှုတွေ ရှိနေလား။ ဒါဆိုရင်တော့ ကွီးတို့အဖြစ်အပျက်နဲ့ ဒီသီချင်းလေးက တိုက်ဆိုင်ပါလိမ့်မယ်။

အခုဖော်ပေးလိုက်တာကတော့ အဖီးတစ်လိုင်း ကွီးတို့အတွက် နားဆင်ခံစားနိုင်စေဖို့ သီချင်းကောင်းလေးတွေ ပဲ ဖြစ်ပါတယ်။ ကွီးတို့ ခံစားချက်နဲ့ ထပ်တူညီတဲ့ သီချင်းလေးတွေရှိရင်လည်း ဝေမျှပေးခဲ့နိုင်ပါတယ်။

Source : Happier Human

Featured Photo : Pexels