အဖြူရောင်ဟာ အပြုသဘောဆောင်တဲ့အရောင်ဖြစ်ပြီး သန့်ရှင်းစင်ကြယ်ခြင်း၊ အပြစ်ကင်းစင်ခြင်း၊ အလင်း၊ ကောင်းမြတ်ခြင်း၊ ဘေးကင်းခြင်း၊ ထက်မြက်ခြင်း၊ တောက်ပခြင်း၊ နားလည်ခြင်း၊ ရိုးသားခြင်း စတဲ့ ကောင်းမွန်သော အဓိပ္ပါယ်များစွာကို ဆောင်ပါတယ်။ ဒါ့အပြင် အဖြူရောင်က ဖက်ရှင် အတွက် ဘယ်သောအခါမှ မရိုးစေတဲ့ အရောင်ပဲဖြစ်ပါတယ်။ ဒါကြောင့် အဖြူရောင် ရှပ်အင်္ကျီ က အမျိုးသားတွေအတွက် လူကြီးလူကောင်းဆန်သော ကျက်သရေရှိမှုရဲ့ သင်္ကေတဖြစ်ပါတယ်။ ဘယ်အသက်အရွယ် ဖြစ်ပါစေ၊ အမျိုးသားတစ်ယောက်အတွက် အဖြူရောင် ရှပ်အင်္ကျီ တစ်ထည်တော့ လုံးဝကို ရှိသင့်ပါတယ်။ ဆက်လက်ပြီးတာ့ ကွီးတို့အတွက် အဖြူရောင်ရှပ်အင်္ကျီနဲ့ စတိုင်မိမိ တွဲဖတ်ဝတ်ဆင်နိုင်ဖို့ အိုင်ဒီယာကောင်းများ ကိုဝေမျှပေးချင်ပါတယ်။

(၁) အဖြူရောင် ရှပ်အင်္ကျီနဲ့ ဂျင်း

အဖြူရောင်ရှပ်အင်္ကျီနဲ့ တွဲဖတ်ဝတ်ဆင်နိုင်ဖို့

Photo : DMARGE

အဖြူရောင်ရှပ်အင်္ကျီနဲ့ စတိုင်မိမိ တွဲဖတ်ဝတ်ဆင်နိုင်ဖို့ အတွက် သိပ်စဉ်းစားစရာမလိုဘဲ ကွီးတို့မှာရှိတဲ့ ဂျင်းဘောင်းဘီ စတိုင်လ် မျိုးစုံ၊ အရောင်မျိုးစုံနဲ့ ဝတ်ဆင်ကြည့်ပါ။ ရိုးရိုးရှင်းရှင်း နဲ့ ကွီးတို့ကို စတိုင်လ်ကျနေစေမှာပါ။ ချစ်ရတဲ့သူနဲ့ Date ပဲ ဖြစ်ဖြစ်၊ ဘော်ဒါတွေနဲ့ တွေ့ဆုံရာတွင် စတိုင်လ်ကျကျ ပေါ့ပေါ့ပါးပါး နဲ့ Street Fashion ပုံစံ ဝတ်ချင်ရင်လည်း ရွေးချယ်သင့်တဲ့ အိုင်ဒီယာကောင်းပါပဲ။

(၂) အဖြူရောင် ရှပ်အင်္ကျီနဲ့ ဘောင်းဘီတို

အဖြူရောင်ရှပ်အင်္ကျီနဲ့ တွဲဖတ်ဝတ်ဆင်နိုင်ဖို့

Photo : AVIFAUNA

နောက်ထပ် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ချင်ရင်တော့ အဖြူရောင် ရှပ်အင်္ကျီနဲ့ ဘောင်းဘီတို ကိုတွဲဖက်ဝတ်ဆင်လိုက်ပါ။ ကွီးတို့ အတွက်ပေါ့ပါးတဲ့ ပုံစံကို ပေးစွမ်းနိုင်ရုံသာမက တကယ်ကို စတိုင်ကျစေမှာပါ။ ဘောင်းဘီတို ကို ကွီးတို့စိတ်ကြိုက် အရောင် ဝတ်ဆင်လို့ရပါတယ်။ အဖြူရောင်က ကွီးတို့ဘယ်အရောင်နဲ့ တွဲဖက်ဝတ်ဆင် သည်ဖြစ်ပါစေ လိုက်ဖက်ညီနေစေမှာပါ။

(၃) အဖြူရောင် ရှပ်အင်္ကျီနဲ့ Style Pants

အဖြူရောင်ရှပ်အင်္ကျီနဲ့ တွဲဖတ်ဝတ်ဆင်နိုင်ဖို့

Photo : AD Mall- Madness

နေ့စဉ် အလုပ်သွားရာတွင်ဖြစ်စေ၊ အနည်းငယ် Formal ကျတဲ့ပုံစံ အတွက်ဖြစ်စေ၊ အဖြူရောင်ရှပ်အင်္ကျီနဲ့ တွဲဖတ်ဝတ်ဆင်နိုင်ဖို့ အတွက် Style Pants မျိုးစုံကို ရွေးချယ်လိုက်ပါ။ အရိုးရှင်းဆုံးနဲ့ အဆန်းပြားဆုံး ဖက်ရှင်ဆိုလည်းမမှားပါဘူး။ တနည်းအားဖြင့် အဖြူရောင်ရှပ်အင်္ကျီရဲ့ ရိုးရှင်းမှုက မည်သည့် ဘောင်းဘီပုံစံများနှင့်မဆို အကန့်အသတ်မရှိ လိုက်ဖက်ပါတယ်။ ကွီးတို့သွားမဲ့နေရာ ဒေသအလိုက် တွဲဖက်ဝတ်ဆင်မဲ့ ဘောင်းဘီကို သေချာရွေးချယ်တတ်ဖို့ သာ အရေးကြီးပါတယ်။

(၄) အဖြူရောင် ရှပ်အင်္ကျီနဲ့ Suit

white shirt

Photo : DMARGE

ကွီးတို့ရေ အရေးကြီးတဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အစည်းအဝေးတွေ၊ ပွဲအခမ်းအနားတွေ တတ်မယ်ဆိုရင် Suit ဝတ်ဆင်ရမှာ အသေအချာပါပဲ။ ဒါဆိုရင်တော့ ကွီးတို့ Suitနဲ့ ကုတ်အင်္ကျီ အောက်က တွဲဖက်ဝတ်ဆင်ဖို့ အဖြူရောင် ရှပ်အင်္ကျီကို ရွေးချယ်ပါက တကယ်ကို မှန်ကန်တဲ့ရွေးချယ်မှုပါ။ ကွီးတို့ကို ရှင်းသန့်ပြီး ကြည့်ကောင်းစေသည်သာမက အထက်တန်းကျတဲ့ အသွင်အပြင်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။

အခု ဖော်ပြပေးလိုက်တာကတော့ အဖြူရောင် ရှပ်အင်္ကျီနဲ့ စတိုင်မိမိ တွဲဖတ်ဝတ်ဆင်နိုင်ဖို့ အိုင်ဒီယာကောင်းများ ပဲဖြစ်ပါတယ်။ ကွီးတို့ရေ အဖြူရောင် ရှပ်အင်္ကျီ ကတော့မရှိမဖြစ် တစ်ထည်တော့ ရှိသင့်ပါတယ်။ ကွီးတို့ စိတ်ကြိုက် တွဲဖက်ဝတ်ဆင်ပြီး ကွီးတို့ရဲ့ ဖက်ရှင်ကို တစ်ဆင့်မြှင့်လိုက်ပါ။

Source : DMARGE

Featured Photo : https: Dulnvxiers