ဖက်ရှင်ကျတဲ့ အမျိုးသားတိုင်းရဲ့ အဝတ်ဘီရိုထဲမှာ အနည်းဆုံး T-shirt အဖြူ တစ်ထည်တော့ ရှိပါတယ်။ T-shirt အဖြူ တွေက နေ့စဉ်ဘဝမှာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်လို့ အကောင်းဆုံး ဖက်ရှင်တစ်ခု ဖြစ်ပါတယ်။ Jeans တွေနဲ့ပဲဝတ်ဝတ် ၊ Suit အောက်ခံ အင်္ကျီအနေနဲ့ပဲ ဝတ်ဝတ် ကွီးတို့ကို စတိုင်အကျဆုံး ဖက်ရှင်အသွင်ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ကွီးတို့ T-shirt အဖြူ တွေကို စတိုင်အကျဆုံး ဝတ်ဆင်နိုင်မယ့် အမိုက်စား ဖက်ရှင်အတွဲအစပ်လေးတွေ မျှဝေပေးလိုက်ပါတယ်။

(၁) T-shirt အဖြူနဲ့ ကုတ်အင်္ကျီ

Photo : The Trend Spotter

အဖြူရောင် Classic T-shirt တွေနဲ့ ကုတ်အင်္ကျီ ဖက်ရှင်အတွဲအစပ်ကတော့ ဘယ်တော့မှ မမှားနိုင်တဲ့ ရွေးချယ်မှု တစ်ခုပါပဲ။ အေးတဲ့ ရာသီတွေနဲ့ အလိုက်ဖက်ဆုံးဖြစ်သလို Jeans သို့မဟုတ် Trousers ၊ နေကာမျက်မှန် ကောင်းကောင်းတစ်လက်နဲ့ ဆိုရင် ပြီးပြည့်စုံပြီး ခန့်ညားတဲ့ အမျိုးသားတစ်ယောက်အသွင်ကို ရစေမှာ ဖြစ်ပါတယ်။

(၂) T-shirt အဖြူနဲ့ Vest

Photo : The Trend Spotter

T-shirt အဖြူနဲ့ Vest ဖက်ရှင်အတွဲအစပ်ကတော့ ကွီးတို့ကို Rockstar တစ်ယောက်လို အသွင်အပြင်မျိုး ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ Denim ၊ အနက်ရောင် ဒါမှမဟုတ် အရောင်ပါတဲ့ Vest တွေနဲ့လည်း တွဲဖက် ဝတ်ဆင်နိုင်ပါတယ်။ တခြား Fashion Accessories တွေ များများစားစား မလိုပဲ Panama ဦးထုပ်တစ်လုံး ဆောင်းမယ်ဆိုရင်ပဲ ပြည့်စုံပြီဖြစ်ပြီး အဓိကအားဖြင့် သက်လတ်ပိုင်း အမျိုးသားတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျစေမယ့် အကောင်းဆုံး ဖက်ရှင်တစ်ခု ဖြစ်ပါတယ်။

(၃) T-shirt အဖြူနဲ့ Baggy Jeans

Photo : The Trend Spotter

ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်တဲ့ ဖက်ရှင်အတွက် T-shirt အဖြူနဲ့ ခပ်ပွပွ Baggy Jeans တွေက အကောင်းဆုံးပါပဲ။ ပုံမှန်ထသွားထလာအတွက် ပေါ့ပေါ့ပါးပါး ဝတ်ဆင်နိုင်သလို Blazer ကုတ် တွေနဲ့ တွဲဖက်ပြီးလည်း ပွဲအခမ်းအနားတွေအတွက် စတိုင်အမိမိုက်ဆုံး ဝတ်ဆင်လို့ ရပါတယ်။

(၄) T-shirt အဖြူနဲ့ Black Denim Jeans

Photo : The Trend Spotter

T-shirt အဖြူနဲ့ အနက်ရောင် Denim Jeans ဘောင်းဘီ ဖက်ရှင်ကတော့ နေ့နေ့ညည စတိုင်ကျနေစေမယ့် ဖက်ရှင်တစ်ခု ဖြစ်ပါတယ်။ လူငယ်ဆန်ဆန် လွတ်လပ်ပေါ့ပါးပြီး နေရာမရွေး ဝတ်ဆင်လို့ အဆင်ပြေပါတယ်။ T-shirt နဲ့ Black Denim Jeans ချည်း သပ်သပ်ဝတ်လို့ ရသလို အပေါ်ထပ် ကုတ်တွေနဲ့လည်း တွဲဝတ်လို့ အဆင်ပြေပါတယ်။

(၅) T-shirt အဖြူနဲ့ Suit

Photo : The Trend Spotter

T-shirt အဖြူတွေကို Formal ဖက်ရှင်အနေနဲ့ Suit တွေနဲ့ တွဲဖက် ဝတ်မယ်ဆိုလည်း အဆင်ပြေပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ စမတ်ကျစေပြီး ပေါ့ပေါ့ပါးပါး ပွဲတက်အခမ်းအနားတွေ ဒါမှမဟုတ် နေ့စဉ် လုပ်ငန်းခွင် ဖက်ရှင်အနေနဲ့လည်း ဝတ်ဆင်လို့ ရပါတယ်။ ပူအိုက်တဲ့ ရာသီတွေအတွက် ခရင်မ်ကာလာ ၊ အရောင်အနုဘက်သွားတဲ့ Suit တွေ ပိုပြီး ဦးစားပေးရွေးချယ် ဝတ်ဆင်နိုင်ပါတယ်။

Featured Photo : The Trend Spotter