ကွီးတို့ရေ ဂျက်ကတ်တွေက ရာသီဥတုပေါ်မူတည်ပြီး အပေါ်ကနေ အပေါ်ထပ်အနေနဲ့ ဝတ်ရတာထက် ပိုပါတယ်။ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ ဂျက်ကတ်တွေကလည်း ဖက်ရှင်တစ်ခုအနေနဲ့ ရေပန်းစားလာပါတယ်။ ဂျက်ကတ်တွေက ကွီးတို့ကို မိမိုက်တဲ့ အသွင်အပြင် ပေးစွမ်းနိုင်ရုံသာမက ကိုယ့်ရဲ့ စတိုင်ကို ဖော်ပြပေးနိုင်တယ်ဆိုလည်း မမှားပါဘူး။ ဒီဆောင်းပါးလေးမှာ ကွီးတို့အတွက် ဘော်ဒါတွေကြားမှာ လန်းပြီး စကီလေးတွေ အာရုံကို ဖမ်းစားနိုင်ဖို့ အမိုက်စား ဂျက်ကတ်တွေ ကို ဖော်ပြပေးချင်ပါတယ်။
Blouson Jacket

Photo : The Trend Spotters
ကွီးတို့ရေ ဂျက်ကတ်တွေ အများကြီးရှိတဲ့ အထဲမှာ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်လ်မျိုးကို ရှာတယ်ဆိုရင်တော့ Blouson Jacket တွေ ရှိပါတယ်။ ဒီဂျက်ကတ်အမျိုးအစားက ကွီးတို့ကို ပေါ့ပါးတဲ့ စတိုင်လ်အပြင် အထာကျတဲ့ ပုံစံကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် နေရာတော်တော်များများနဲ့ လည်း သင့်တော်တဲ့ ဂျက်ကတ် အမျိုးအစား ဆိုလည်း မမှားပါဘူး။
Denim Jacket

Photo : YouTube
ပေါ့ပေါ့ပါးပါးနဲ့ ခပ်မိုက်မိုက်စတိုင်လ်မျိုး လိုချင်ရင်တော့ ဂျင်းတွေက ပြိုက်ဘက်ကင်းပါပဲ။ ဂျင်းက ရိုးရှင်းတယ်လို့ ထင်ရသော်လည်းပဲ စတိုင်လ်ကျသော အသွင်အပြင်ကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတိုင်း ဂျင်းဂျက်ကတ် တစ်ထည်တော့ ရှိထားသင့်ပါတယ်။ ဂျင်းဂျက်ကတ်မှာ ကွီးတို့စိတ်ကြိုက် ရွေးချယ်နိုင်တဲ့ အရောင်မျိုးစုံ ရှိသော်လည်းပဲ အရိုးရှင်းဆုံးနဲ့ အမိမိုက်ဆုံး အပြာရောင် ဂျင်းဂျက်ကတ် တစ်ထည်ဆိုရင် လုံလောက်ပါတယ်။ ကွီးတို့ စိတ်ကြိုက် တွဲဖက်ဝတ်ဆင်ပြီး အဂေါ်ဆုံး မိမိုက်ဖို့ ကူညီပေးနိုင်တဲ့ ဂျက်ကတ်တွေဆိုလည်း မမှားပါဘူး။
Leather Jacket

Photo : Well Built Style
ဘော်ဒါတွေကြားမှာ ဂေါ်ဖို့ဆိုရင် အမိုက်စား သားရေ ဂျက်ကတ်တွေ ကလည်း မပါမဖြစ်ပါပဲ။ အမျိုးသားတစ်ယောက်အတွက် သားရေဂျက်ကတ် တစ်ထည်ရှိထားတာတော့ လုံးဝမမှားပါဘူး။ ကွီးတို့အနေနဲ့ ခပ်မိုက်မိုက် ဖက်ရှင်မျိုးလိုချင်ပါသလား ဒါမှမဟုတ် ညဘက် ဘားသွား၊ ကလပ်တတ်အတွက် တကယ်ကို အထာကျတဲ့ ပုံစံမျိုး လိုချင်ပါသလား၊ သားရေဂျက်ကတ် ကိုသာရွေးချယ်လိုက်ပါ။
Bomber Jacket

Photo : Top Trends Guide
Bomber Jacket တွေကတော့ ဝတ်ရတာ ပေါ့ပါးပြီး သက်တောင့်သက်သာ ရှိတဲ့အပြင် စတိုင်လ်ကျတာကြောင့် အမျိုးသားရော အမျိုးသမီးများပါ ကြိုက်နှစ်သက်ကြတဲ့ ဂျက်ကတ်တွေပါပဲ။ ဒါ့အပြင် အလန်းစား Street Style ဖက်ရှင်မျိုးကို ပေးစွမ်းနိုင်တဲ့ ဂျက်ကတ်တွေဆိုလည်း မမှားပါဘူး။ ဂျင်းဘောင်းဘီနဲ့ တီရှပ်နဲ့လည်း ကြည့်ကောင်းစေတာကြောင့် မြန်မြန်ဆန်ဆန် ရွေးချယ်လို့ရတဲ့ အတွဲအစပ်ပဲ ဖြစ်ပါတယ်။ ကွီးတို့ Night Out ထွက်တဲ့အခါ၊ ကလပ်တတ်တဲ့ အခါမျိုးမှာလည်း ရွေးချယ်သင့်တဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။
အခု ဖော်ပြပေးလိုက်တဲ့ အမိုက်စား ဂျက်ကတ်တွေ က ကွီးတို့ကို မိမိုက်ပြီး ဂေါ်နေအောင် ဖန်တီးပေးနိုင်မှာ အသေအချာပါပဲ။ ကွီးတို့ ကြိုက်တဲ့ စတိုင်လ်တွေကိုလည်း ဂျက်ကတ်တွေနဲ့ တွဲဖက်ပြီး အမိုက်စားလွင့်လို့ ရပါတယ်နော်။
Source : The Trend Spotter
Featured Photo : Maxim
