ကွီးတို့ရေ ကိုယ်တိုင်ပြုလုပ်ရတဲ့ DIY Projects တွေကို စိတ်ဝင်စားပါသလား။ DIY Projects တွေက အသုံးဝင်တဲ့ အပြင် DIY ပရောဂျက်တစ်ခုကို လုပ်ခြင်းက ကွီးတို့ကို အာရုံပြောင်းစေပြီး စိတ်ဖိစီးစရာကိစ္စ သို့မဟုတ် ပတ်ဝန်းကျင်ရှိ ဆူညံသံတွေလို စိတ်အနှောင့်အယှက်တွေကို ဖယ်ရှားရန် အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကွီးတို့ စိတ်ဝင်စားတဲ့ အရာတွေပေါ်လိုက်ပြီး ကိုယ့်စိတ်ကြိုက် DIY Projects တွေကို ရှာဖွေပြုလုပ် ဖန်တီးရတာလည်း တကယ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါ့အပြင် ကွီးတို့ ကိုယ်တိုင် အာရုံစူးစိုက်၊ အစီအစဉ်ဆွဲ၊ ကွီးတို့လက်နဲ့ ကိုယ်တိုင် အရာတစ်ခုကို ဖန်တီးခြင်းက အမှန်တကယ်ကို စိတ်ကျေနပ်စေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ ပုရိသတို့ စိတ်ဝင်စားမဲ့ အမိုက်စား DIY အိုင်ဒီယာတွေကို ဖော်ပြပေးချင်ပါတယ်။

ဘေ့စ်ဘော ဘောလုံးနဲ့ Bookends ပြုလုပ်ခြင်း

အမိုက်စား DIY

Photo : Mod Rocks

အားကစားကို ဝါသနာပါတဲ့ ကွီးတို့အတွက် အားကစားပစ္စည်းလေးနဲ့ လွယ်လွယ်ကူကူ ကိုယ်တိုင် ပြုလုပ်နိုင်တဲ့ အမိုက်စား DIY လေးကို အရင်ဆုံး ဖော်ပြပေးချင်ပါတယ်။ ဒါကတော့ ဘစ့်ဘော ဘောလုံးကို အသုံးပြုပြီး ကွီးတို့စာကြည့်ခန်းအတွက် အမှန်တကယ်ကို အသုံးဝင်တဲ့ Bookends လေး ပြုလုပ်တာပါပဲ။ ဒီဘေစ့်ဘောကို အသုံးပြုထားတဲ့ Bookends လေးများကို ကွီးတို့စိတ်ကြိုင် အိုင်ဒီယာမျိုးစုံနဲ့ လုပ်လို့ရပါတယ်။

အမိုက်စား DIY

Photo : Sport Beds

ဒီ Project လေးကိုလုပ်မယ်ဆိုရင် ကွီးတို့အနေနဲ့ ဘေ့စ်ဘောဘောလုံးလေးများ၊ သစ်သားများအချို့နဲ့ တပ်ဆင်ဖို့အတွက် ပစ္စည်းအချို့ပဲ လိုပါတယ်။ သစ်သားပြားလေးကို ကွီးတို့စိတ်ကြိုက်ပုံစံ အနေအထားဖြင့် ထောင့်မှန်ပုံစံ ဖြစ်စေ ပြုလုပ်ပြီး ဘေ့စ်ဘောလေးကို ကပ်လိုက် ရုံပါပဲ။

အမိုက်စား DIY

Photo : Pinterest

ဒါ့မှမဟုတ် သစ်သားပြားဖြစ်စေ၊ သံပြားကို ဖြစ်စေ အသုံးပြုပြီး ဘေ့စ်ဘော သုံးလုံးကို စပ်ပြီး Bookend လေး ပြုလုပ်လို့ရပါတယ်။ တကယ်လွယ်ကူပြီး အသုံးလည်း ဝင်တာကြောင့် ကွီးတို့လည်း ဒီအိုင်ဒီယာလေးကို လုပ်ကြည့်ပါဦးနော်။

PVC ပိုက်ကို အသုံးပြုပြီး Organizer Cubby ပြုလုပ်ခြင်း

PVC Organizer

Photo : YouTube

ကွီးတို့ရေ အလွယ်တကူ ရနိုင်တဲ့ PVC ပိုက်တွေနဲ့ ပစ္စည်းတွေထားလို့ရတဲ့ Organizer Cubby လေးလုပ်ကြည့်ချင်ပါသလား။ ဒီ အမိုက်စား DIY Project လေးက ကွီးတို့အိမ်ကို အလှဆင်နိုင်မဲ့ Decoration အနေနဲ့သော်လည်းကောင်း၊ ကိုယ့်ရဲ့ အသုံးအဆောင်တွေကို သေချာစွာစီစဉ်ထားရှိနိုင်ဖို့ သော်လည်း အသုံးချလို့ရပါတယ်။

Source : The Awesomer

ဒီ Project လေးလုပ်မယ်ဆိုရင် ကွီးတို့ထားမဲ့ ပစ္စည်း အနေအထားအလိုက် အကျယ်ရှိတဲ့ PVC ပိုက်တစ်ခုကို အရင်ဆုံး ရွေးချယ်ပါ။ ပြီးလျှင် ကွီတို့လိုချင်တဲ့ အနေအထားရအောင် ပိုက်ကို အပိုင်းလေးတွေ ဖြတ်ပါ။ ထို့နောက် ပိုက်တစ်ခုချင်းစီကို Drill နဲ့ ဖောက်ကာ စကူနဲ့ကျပ်ပြီး ကွီးတို့လိုချင်တဲ့ အနေအထားရောက်တဲ့ အထိစပ်သွားပါ။ ဒီနေရာမှာ ကွီးတို့ ပြုလုပ်မဲ့ Organizer Cubby ရဲ့ အရွယ်အစားနဲ့ PVC ပိုက်ရဲ့ အရွယ်အစားကို မူတည်ပြီး ကော်နဲ့ ကပ်တာမျိုးလည်း လုပ်လို့ရပါတယ်။ ဒါဆိုရင်တော့ ဒီနေရာမှာ အသုံးပြုမဲ့ ကော်အမျိုးအစား မှန်ကန်အောင် အသုံးပြုဖို့လည်း လိုပါတယ်။

PVC Organizer

Photo : Pinterest

ကွီးတို့အနေနဲ့ ဒီ PVC ပိုက်နဲ့ ပြုလုပ်လို့ရတဲ့ ဒီ Organizer Cubby လေးကို ပိုမို ဆန်းသစ်အောင် ကွီးတို့ စိတ်ကြိုက်အရောင် သုတ်ပေးလို့လည်းရပါတယ်။

အခုဖော်ပြပေးလိုက်တဲ့ DIY အိုင်ဒီယာကောင်းလေးတွေက အမှန်တကယ်ပင် အသုံးဝင်တာကြောင့် ကွီးတို့အားလပ်ချိန်မှာ ပြုလုပ်နိုင်အောင်မျှဝေပေးလိုက်ပါတယ်။

Source : Diy Joy, Rugged

Featured Photo : YouTube