တီထွင်ဖန်တီးနိုင်စွမ်းကို အခြေခံပြီး ကိုယ်တိုင်ကိုယ်ကျ အသုံးတည့်တဲ့ ပစ္စည်းတွေ ပြုလုပ်ရတာ နှစ်သက်တဲ့ ကွီးတို့အတွက် အမိုက်စား DIY ပရောဂျက် အိုင်ဒီယာလေးတွေ မျှဝေပေးချင်ပါတယ်။ အားလပ်ချိန်တွေမှာ အချိန်ကိုအကျိုးရှိရှိကုန်ဆုံးချင်လို့ပဲ ဖြစ်ဖြစ် ၊ လက်မှုပညာရပ်ကို စိတ်ဝင် စားလို့ပဲဖြစ်ဖြစ် အခုပြောပြမယ့် DIY ပရောဂျက် လေးတွေက ကွီးတို့အတွက် သဘောကျနှစ်သက်နိုင်လိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်။ ကဲဒါဆို ကွီးတို့ ကိုယ်တိုင်ဖန်တီးပြုလုပ်နိုင်မယ့် အမိုက်စား DIY ပရောဂျက် လေးတွေကို ကြည့်လိုက်ရအောင်ပါ။

(၁) လိုင်စင်နံပါတ်ပြား သော့ချိတ်

Photo : Pinterest

Vantage ဆန်ဆန် အပြင်အဆင်တွေကို နှစ်သက်တယ်ဆိုရင် အသုံးမပြုဖြစ်တော့တဲ့ လိုင်စင်နံပါတ်ပြားအဟောင်းတစ်ခုနဲ့ အထာကျတဲ့ သော့ချိတ် Key Hanger လေးတစ်ခု ဖန်တီးလို့ ရပါတယ်။ လိုင်စင်နံပါတ်ပြားအဟောင်းကို သစ်သားပြားပေါ်မှာ ကပ်ရိုက်ပြီး သော့တွဲချိတ်စရာ ချိတ်လေးတွေတပ်ဆင်ကာ နံရံမှာကပ်ထားရုံပါပဲ။ ကားသော့ ၊ အိမ်သော့နဲ့ တခြား သော့တွဲမျိုးစုံကို တစ်နေရာထဲမှာ တစ်စုတစ်စည်းတည်း အထာကျကျ ချိတ်ထားနိုင်မှာ ဖြစ်ပါတယ်။

(၂) သုံးချောင်းထောက်ထိုင်ခုံ

Photo : Homedit

ထိုင်ခုံဆိုရင် ခပ်သေးသေးနဲ့ ခေတ်မီတဲ့ ဒီဇိုင်းမျိုးကြိုက်ရင် အခုပြောတဲ့ သုံးချောင်းထောက်ထိုင်ခုံလေး ဖန်တီးကြည့်ပါ။ Camping ထွက်တဲ့အခါ ဖြစ်ဖြစ် ၊ နေအိမ်ဧည့်ခန်းနဲ့ အိပ်ခန်းတွေမှာပဲဖြစ်ဖြစ် ထားလို့အဆင်ပြေပါတယ်။ အချောသပ်ထားတဲ့ သစ်သားချောင်း ၃ ချောင်း ဆုံရာကို စကူဆွဲပြီး ထိပ်မှာထိုင်ဖို့အတွက် တောင့်တင်းအကြမ်းခံတဲ့ လည်သာခင်းကို တပ်ဆင်ပေးရမှာဖြစ်ပါတယ်။ အလွယ်တကူခေါက်သိမ်း သယ်ဆောင်သွားလို့ရပါတယ်။

(၃) ကားဂွေမီးဖို

Photo : DIY Joy

အိမ်မှာ ကားဂွေအဟောင်းတွေရှိတယ်ဆိုရင် အထာကျတဲ့ မီးဖိုးတစ်လုံး ပြင်ဆင်လို့ရပါတယ်။ ကားဂွေအဟောင်း၂ လုံးကို ချိတ်ဆက်ဂဟေဆော်ပြီး အလယ် ထင်း/မီးသွေးထည့်ဖို့ နေရာ အပေါက်တစ်ခု ဖောက်လိုက်ပါ။ ချက်ပြုတ်ဖို့နဲ့ BBQ အကင်ဖိုအနေနဲ့ သုံးနိုင်သလို ဆောင်းရာသီလို အအေးဓာတ်ကဲတဲ့အချိန် မီးလုံဖို့ မီးဖိုအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။

Featured Photo : Engineering Discoveries