တစ်ယောက်တည်း အိမ်မှာ အနေများလို့ ပျင်းနေသူတွေအဖို့ ကိုယ့်အချိန်တွေကို ပျော်ပျော်ကြီး ကုန်ဆုံးချင်တယ်ဆိုရင် DIY Projects လေးတွေ လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ DIY ဆိုတာ ကိုယ့်ဘာသာ လုပ်နိုင်တဲ့ ကိစ္စလေးတွေပါ။ DIY ပရောဂျက် လေးတွေက စိတ်နှစ်လို့ကောင်းသလို ကိုယ့်လက်ရာလေးတွေကိုယ် ကြည့်ပြီး ကြည်နူးစရာ ၊ အမှတ်ရစရာဖြစ်ကျန်ရစ်မှာပါ။ ကဲ အလွယ်လေး လုပ်နိုင်တဲ့ DIY Project အိုင်ဒီယာလေးတွေ ကြည့်ရအောင်။

(၁) ကိုယ့်ဘာသာ လက်ဖြစ် Wallpaper တစ်ခု ဖန်တီးပါ

Wall

Photo : bestlifeonline

စက်ရုံထုတ် ဈေးကြီးတဲ့ Wallpaper အတွက်လည်း ပိုက်ဆံမသုံးချင်ဘူး ၊ ကိုယ့်လက်ရာနဲ့ကိုယ် Wallpaper လေးတွေ လုပ်လို့ရပါတယ်။ အရင်ဆုံး Level တစ်ခုနဲ့ သစ်သားစ ခပ်ရှည်ရှည်ကို သုံးပြီး နံရံတလျှောက် ထောင်လိုက်လိုင်းလေးတွေ ဆွဲပြီး ကျင်တွယ်ချိုးပုံစံ ကျအောင် သစ်သားချောင်းနှစ်ချောင်းကို ဖြတ်ပြီး ကော်နဲ့ ကပ်ရမှာပါ။ ပြီးရင် နံရံပေါ်မှာ ဒီကျင်တွယ်ချိုးသစ်သားချောင်းအကွေးနဲ့ Pattern ပုံစံထားပြီး ခဲတံနဲ့ ပုံဖော်ရမှာ ဖြစ်ပါတယ်။ ပြီးရင် စုတ်တံသေးသေးသုံးပြီး ကိုယ်ကြိုက်တဲ့အရောင်လေးတွေ သုတ်ရမှာပါ။

(၂) ကော်ဖီစင်

DIY Coffee

Photo : bestlifeonline

နောက်ထပ် လက်ဖြစ်ဖန်တီးနိုင်မယ့် အိုင်ဒီယာတစ်ခုက နံရံကပ် ကော်ဖီအိုးထားနိုင်မယ့် စင်လေးတစ်ခု ဆောက်ဖို့ပါ။ သစ်သားနဲ့ လုပ်ရတဲ့ စင်ဖြစ်ပြီး နံရံကို ဖောက်ပြီး ပုံပါအတိုင်း သစ်သားပြားကို ဝက်အူနဲ့နံရံကို တွဲပြီး စုပ်ထားရမှာ ဖြစ်ပါတယ်။ ကော်ဖီအိုးတင်နိုင်မယ့် စင်အောက်မှာ ကော်ဖီခွက် ချိတ်စရာ ချိတ်လေးတွေပါ တပ်ဆင်ထားနိုင်ပါတယ်။

(၃) ကိုယ်ပိုင် မြေဆီကန်

Photo : sawshub

အိမ်မှာ သစ်သားလေးတွေ ရှိနေတယ် ၊ မြေပိုလေးလည်း ရှိထားတယ်ဆိုရင် ဥယျာဉ်စိုက်ဖို့အတွက် အော်ဂဲနစ်မြေဩဇာကန်လေး လုပ်နိုင်ပါတယ်။ ကြိုက်ရာသစ်သားသုံးနိုင်ပါတယ်။ ကိုယ်လိုသလောက် မြေနေရာမှာ ကျင်းလေးတူးပြီး စတုရန်းပတ်လည်မှာ ထောင့်လေးထောင် တွင်းလေးကျင်းတူးပြီး တစ်လက်မခွဲ ခြားနှုန်းနဲ့ သစ်သားပြားတွေ ပတ်လည်ရိုက်ပေးရမှာပါ။ ဒီတွင်းထဲမှာ ကိုယ့်မီးဖိုချောင်က ထွက်တဲ့ အသီးအရွက်နဲ့ ငှက်ပျောခွံ စတာတွေ ထည့်ပေးရုံပါပဲ။

Featured Photo : sawshub