Travis Barker ရဲ့ နာမည်အပြည့်အစုံကတော့ Travis Landon Barker ပဲဖြစ်ပါတယ်။ အမေရိကန် အဆိုတော် အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ရော့ခ်ဘန်တစ်ခုဖြစ်တဲ့ Blink-182 မှာလည်း ဒရမ်သမားအဖြစ် အနုပညာလုပ်ကိုင်လျက် ရှိပါတယ်။ Punk ဂီတနှင့် ဟစ်ဟော့ ကြိုက်နှစ်သက်သူများအတွက်လည်း တေး သီချင်း ကောင်းများစွာကို သီဆိုလျက်ရှိပါတယ်။ Travis Barker သည် အခြားသော အနုပညာရှင်များနှင့်လည်း Collaborate လုပ်ပြီး Punk သီချင်း များ၊ ဟစ်ဟော့၊ ရော့ခ်သီချင်းများကိုလည်း သီဆိုလျက်ရှိပါတယ်။ ထိုသီချင်းများစွာထဲကမှ လူကြိုက်အများဆုံး သီချင်းများကို ရွေးချယ်လိုက်ရပါတယ်။

(၁) Lil Wayne – Drop The World (Feat. Eminem)

မြူးမြူးကြွကြွ ကခုန်လို့ အကောင်းဆုံး သီချင်း တစ်ပုဒ်ကတော့ Drop The World ပဲဖြစ်ပါတယ်။ ရော့ခ်နဲ့ ရက်ပ်နှစ်မျိုးကို ပေါင်းစပ်ထားတာဖြစ်ပြီး Barker ကတော့ ဒရမ်တီးကာ ပါဝင်အားဖြည့် ထားပါတယ်။

Source: Mtv

(၂) Travis Barker – If You Want To (Feat. Pharell & Lupe Fiasco)

အမိုက်စား သီချင်းစာသားများနှင့် ရေးစပ်ထားပြီး Travis Barker ရဲ့ စည်းချက်ကျကျ တီးခတ်မှုက သီချင်းကို ပိုမိုလက်ရာမြောက်အောင် ပံ့ပိုးပေးနေတာပဲဖြစ်ပါတယ်။

Source: Mtv

(၃) Blink-182 – Not Now

ဒီသီချင်းကတော့ ၂၀၀၄ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ Pop နှင့် Punk သီချင်းအမျိုးအစားနှစ်ခုကို ပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။

Source: Mtv

(၄) Blink-182 – Feeling This

ဒီသီချင်းလေးကတော့ အောက်တိုဘာလ ၆ ရက်နေ့၊ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ အမိုက်စား သီချင်းသံစဥ်နှင့် ပေါက်ကွဲချင်သူများအတွက် အကောင်းဆုံး သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Source: Mtv

(၅) Transplants – Diamonds & Guns

Transplants အဖွဲ့ရဲ့ ပွဲဦးထွက် Single ီချင်းတစ်ပုဒ်ဖြစ်ပြီး Barker ကတော့ နောက်ခံအဆိုတော်အဖြစ် ပါဝင်အားဖြည့်ထားတာပဲဖြစ်ပါတယ်။

Source: Epitaph Records

(၆) Uno TheActivist & Travis Barker – “Taste The Rainbow”

ဒီသီချင်းကတော့ Uno TheActivist နဲ့ Travis Barker တို့အတူ Collaborate လုပ်ကာ သီဆိုထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်များအားလုံးလည်း ကြိုက်နှစ်သက်ကြတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

Source: Micro Vibes

(၇) Run The Jewels – “All Due Respect (feat. Travis Barker)”

Travis Barker ရဲ့ ဆန်းသစ်တဲ့ ဒရမ်တီးခတ်ပုံ စတိုင်လ်ကို လေ့လာချင်တယ် ဆိုရင်တော့ Run The Jewels မှာ နားဆင်ခံစား နိုင်ပါတယ်။

Source: Run The Jewels

(၈) Travis Barker – “Saturday Night (Feat. Transplants & Slash)”

နေ့ရက်တိုင်းကတော့ သူ့အတွက်တော့ စနေနေ့ညတွေပါပဲ ဆိုပြီး ရေးဖွဲ့သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

Source: Nero Slum Ashtray

(၉)  Willow – “T r a n s p a r e n t s o u l (Feat. Travis Barker)”

Travis Barker က Featuring အနေနဲ့ သီဆိုထားတာပဲ ဖြစ်ပါတယ်။ Willow Smit ရဲ့ အသံပါဝါကလည်း သီချင်း နားဆင်သူများကို ဆွဲဆောင်နေမှာပါ။

Source: willowsmith

(၁၀) Soulja Boy – “Crank That (Soulja Boy) (Travis Barker Remix)”

ဒီသီချင်းရဲ့  မူရင်းသီချင်းကတော့ ၂၀၀၀ ပြည့်နှစ် နှောင်းပိုင်းတုန်းက ထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။ ၂၀၂၁ မှာတော့ Remix ပြန်လုပ်ပြီး Travis Barker က ဖီးချဲရင်းအနေနဲ့ ပြန်လည်သီဆိုထားတာပဲ ဖြစ်ပါတယ်။

Source: Ross Smyth

အခုဖော်ပြသွားတဲ့ သီချင်း တွေကတော့ Punk ဂီတကို နှစ်သက်တဲ့ ကွီးတို့အတွက် Travis Barker ရဲ့ အကောင်းစား တေး သီချင်း များပဲဖြစ်ပါတယ်။

Featured Image: The San Diego Union-Tribune