နိုင်ငံတစ်ခုရဲ့ ချမ်းသာမှုကို အဲ့ဒီနိုင်ငံရဲ့ တစ်နှစ်သာ GDP ထုတ်လုပ်မှုတန်ဖိုးနဲ့ ချိန်ပြီး ပြောလေ့ရှိပါတယ်။ GDP အပြင် အလတ်အလတ်တန်း အိမ်ထောင်စုတွေရဲ့ အမြင့်ဆုံး ဝင်ငွေ ၊ ပညာရေး အခြေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေပါ ထည့်စဉ်းစားနိုင်ပါတယ်။ အမေရိကန်လို ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတစ်ခုရဲ့ ပြည်နယ်တွေဟာလည်း ကမ္ဘာ့ထိပ်တန်း ဝင်ငွေမြင့် ချမ်းသာတဲ့ ပြည်နယ်တွေဆိုတာ လူတိုင်း တွက်ဆနိုင်မှာပါ။ ဒီလို ပြည်နယ်တွေဟာ သူတို့ရဲ့ ချမ်းသာမှုကို စိုက်ပျိုးရေးလုပ်ငန်း ၊ ထုတ်လုပ်မှု ၊ စက်မှုနဲ့ နည်းပညာ ကဏ္ဍမျိုးစုံကနေ ဝင်ငွေ ရနေတာ ဖြစ်ပါတယ်။ အမေရိကန် ရဲ့ ထိပ်တန်း အချမ်းသာဆုံး ပြည်နယ် တွေက ဘယ်ပြည်နယ်တွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်ပါ။

(၅) ကယ်လီဖိုးနီးယား

Richest-States-California

Photo : Wealthy Gorilla

Hollywood အပါအဝင် ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ ကမ္ဘာတလွှားမှာ လူသိများတဲ့ ကယ်လီဖိုးနီးယားဟာ အမေရိကန်ရဲ့ ပဉ္စမမြောက် အချမ်းသာဆုံးပြည်နယ် ဖြစ်ပြီး နာမည်ကျော် အနုပညာရှင်တွေ ၊ ဆယ်လီတွေကို ဒေါ်လာသန်းရာပေါင်းများစွာ ရှာပေးနေတဲ့ နေရာလည်း ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့  အလယ်အလတ်တန်း အိမ်ထောင်စုတစ်စုဟာ တစ်နှစ် GDP ဒေါ်လာ ၇၈၇၇၁ ဒေါ်လာ ရှိတယ်လို့ အချက်အလက်တွေက ဖော်ပြနေပါတယ်။

ကမ္ဘာကျော် ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Apple ၊ Twitter ၊ Google ၊ Yahoo ၊ PayPal တို့ဟာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ကမ္ဘာကျော် ဆီလီကွန်တောင်ကြားမှာ အခြေစိုက်ပါတယ်။ ပြည်နယ်ရဲ့  GDP ဟာ ဒေါ်လာ ၃.၁၂ ဘီလျံ ရှိပြီး လူတစ်ယောက် ပျမ်းမျှ ဝင်ငွေဟာ ဒေါ်လာ ၈၀၄၄၀ ရှိလို့ ကမ္ဘာ့လစာအကောင်းဆုံး နေရာတစ်ခုလို့ ဆိုနိုင်ပါတယ်။

(၄) ကော်နက်တီကပ်

connecticut

Photo : collinsdictionary

၂၀၁၉ အချက်အလက်တွေအရ ကော်နက်တီကပ်ပြည်နယ်ရဲ့ အလယ်အလတ်တန်း အိမ်ထောင်စုတစ်စု ရဲ့ဝင်ငွေဟာ အမြင့်ဆုံးတန်းမှာ ရှိပါတယ်။ GDP တစ်နှစ်ကို ၇၉၈၂၄ ဒေါ်လာ ရှိပါတယ်။ ကော်နက်တီကပ်ဟာ ပညာရေးအဆင့်အတန်း မြင့်မားတဲ့ ပြည်နယ်တစ်ခု ဖြစ်ပြီး ကမ္ဘာကျော် Yale University အပါအဝင် ထိပ်တန်းကျောင်းတွေ အများအပြား ရှိပါတယ်။

လူတော်တွေ ထွက်ပြီး ဘဏ္ဍာရေးနဲ့ အာမခံလုပ်ငန်းတွေက ပြည်နယ်ရဲ့ လစာအမြင့်ဆုံးလုပ်ငန်းတွေအဖြစ် ရပ်တည်နေပါတယ်။ ဘဏ်လုပ်ငန်း ၊ အိမ်ခြံမြေလုပ်ငန်းတွေမှာလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်နေကြပါတယ်။ လက်လီ ၊ ဆောက်လုပ်ရေးလုပ်ငန်း ၊ အနုပညာ ၊ ဖျော်ဖြေရေးနဲ့ သတင်းအချက်အလက် ဝန်ဆောင်မှုအပြင် ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေကလည်း အလုပ်အကိုင်သစ်တွေ ဖော်ဆောင်နေ ကြပါတယ်။

(၃) ဝါရှင်တန်

washingtonguide

Photo : nomadicmatt

နိုင်ငံရဲ့ တတိယအချမ်းသာဆုံး ပြည်နယ်တစ်ခုဖြစ်တဲ့ ဝါရှင်တန်ပြည်နယ်ဆိုတာ အမေရိကန်ရဲ့ ပထမဆုံးသမ္မတကြီး ဖြစ်တဲ့ ဂျော့ချ်ဝါရှင်တန်ကို ဂုဏ်ပြုပြီး နာမည်ပေးထားတာပါ။ ပြည်နယ်ရဲ့ တစ်နှစ် GDP ဟာ ၈၁၀၅၉ ဒေါ်လာနှုန်း ရှိပြီး ဝိုင်ထုတ်လုပ်မှု ၊ စပျစ် ၊ သစ်တောင် ကရန်ဘယ်ရီ စိုက်ပျိုးမှုနဲ့လည်း နာမည်ကျော်ပါတယ်။ ဘက်စုံစိုက်ပျိုးရေးအပြင် ကျွန်းသစ် နဲ့ သစ်တောတွေလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် စိုက်ပျိုးကြပါတယ်။ နိုင်ငံရဲ့ အကြီးဆုံး ကော်ပိုရေးရှင်ကြီးတွေ ဖြစ်တဲ့ Boeing ၊ Microsoft နဲ့ Amazon တို့လည်း ဝါရှင်တန်မှာပဲ ရုံးစိုက်ပါတယ်။

(၂) မက်ဆာချူးဆက်

Massachusetts

Photo : collinsdictionary

မက်ဆာချူးဆက် ပြည်နယ်ဆိုတာ အမေရိကန်ရဲ့ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးပင်မစည်းမျဉ်းတို့ အခြေတည်ရာ ပြည်နယ်ကြီးတစ်ခု ဖြစ်သလို နိုင်ငံရဲ့ ဒုတိယအချမ်းသာဆုံး ပြည်နယ်လည်း ဖြစ်ပါတယ်။ တစ်နှစ်ကို GDP ဒေါ်လာ ၈၅၄၀၀ ရှိပါတယ်။ ပင်လယ် ထွက်ပေါက်ရှိတဲ့ ပြည်နယ် ဖြစ်ပြီး ၁၉ ရာစုအထိ ဝေလငါးဖမ်းလုပ်ငန်း လုပ်ကိုင်ရင်း ချမ်းသာခဲ့တာပါ။

(၁) နယူးယော့ခ်

New York

Photo : wikimedia

နယူးယော့ခ်ကို အမေရိကန်ရဲ့ အချမ်းသာဆုံး ပြည်နယ်အဖြစ် သတ်မှတ်ထားကြပါတယ်။ ကမ္ဘာကျော် သူဌေးကြီးတွေ ၊ အနုပညာရှင်နဲ့ ထင်ပေါ်ကျော်ကြားသူတွေ နေထိုင်တဲ့ ပြည်နယ် ဖြစ်ပြီး တစ်နှစ်ကို GDP ၈၈၃၄၉ ဒေါ်လာနှုန်း ရှိတယ်လို့ ဆိုပါတယ်။ ဒီဂျစ်တယ်မီဒီယာကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Squarespace ၊ Spotify နဲ့ Behance အပါအဝင် ထိပ်တန်းနည်းပညာ ကုမ္ပဏီကြီးတွေထဲက IBM ၊ Huawei ၊ LG Electronics စတဲ့ ကုမ္ပဏီကြီးတွေကလည်း နယူးယော့ခ်ကို အလုပ်ပေးထား ကြပါတယ်။

Featured Photo: