ဒီတစ်ပတ်အတွင်းမှာပဲ အူနိုင်း အမ်မရီရဲ့ အက်စတွန် ဗီလာအသင်းက သူတို့ရဲ့အိမ်ကွင်း ဗ်ီလာပါ့ခ်မှာ ပရီးမီးယားလိဂ်က ဂေါင်အသင်းကြီးတွေဖြစ်တဲ့ မန်ချက်စတာ စီးတီး နဲ့ အာဆင်နယ်အသင်းတို့ကို (1-0) ဆိုတဲ့ ရလဒ်တွေနဲ့ ဆက်တိုက် အနိုင်ယူခဲ့ပြီး ဗီလာက ဘယ်လိုအသင်းမျိုးလဲ ဆိုတာကိုပါ အကောင်းဆုံး ပြသသွားခဲ့ပါတယ်။

unai

Photo Credit : The Telegrph

ဗီလာက နည်းပြ စတီဗင် ဂျရတ်လက်ထက် အသင်းရဲ့ ရလဒ်ပိုင်းတွေ ခြေစွမ်းပိုင်းတွေ သိသိသာသာ ကောင်းမွန်လာခြင်း မရှိလို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းမှာပဲ နည်းပြ အပြောင်းအလဲ လုပ်ဆောင်ခဲ့ပါတယ်။ သူတို့ ပြောင်းလဲ ခန့်အပ်လိုက်တဲ့ နည်းပြက အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ အမ်မရီဖြစ်ပြီး ဗီလာရီးယဲလ်ကနေ ခေါ်ယူ ခန့်အပ်လိုက်တာပဲ ဖြစ်ပါတယ်။

emery villa

Photo Credit : Football Transfer

ဆီဗီလာ နဲ့ ယူရိုပါလိဂ်ဖလား (၃)ရာသီဆက်တိုက်ထိ စံချိန်တင်အောင် ရယူထားပြီး ပီအက်စ်ဂျီလို အသင်းမျိုးကိုပါ ကိုင်တွယ်ခဲ့ဖူးတဲ့ အမ်မရီက ဗီလာနည်းပြ ဖြစ်လာချိန်မှာတော့ အသင်းကို အကောင်းဆုံး မောင်းတင်နိုင်ပြီး သူရဲ့ ပထမဆုံး ဗီလာနည်းပြဘဝ ပွဲဦးထွက် ဘောလုံးရာသီမှာပဲ ပရီးမီးယားလိဂ်မှာ အဆင့် (၇)နဲ့ ရာသီသိမ်းရင်း ကွန်းဖရန့်စ်လိဂ်ဝင်ခွင့်လည်း ရရှိခဲ့ရပါတယ်။ ဒါ့အပြင် အခု ရာသီမှာလည်း ဗီလာက (၁၆)ပွဲအထိ ကစားထားပြီးချိန် အဆင့် (၃)နေရာထိ ရောက်ရှိနေပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တို့ကိုပါ မျှော်မှန်းနိုင်တဲ့ အနေအထားတွေထိပါ ရောက်ရှိနေရပါတယ်။

unai emery villa

Photo Credit : Shropshire Star

ဒါတွေတင်မကသေးပဲ နည်းပြ အမ်မရီက ပြီးခဲ့တဲ့ မတ်လနေ စတင်ပြီး ဗီလာပါ့ခ်ကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်ကတည်းက အခု ဒီဇင်ဘာအထိ ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ပွဲအထိ (၁၅)ပွဲဆက်တိုက် စံချိန်တင်အောင် အနိုင်ရလဒ်တွေ ဆက်တိုက် ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဗီလာအသင်းအတွက် အခုလို သမိုင်းဝင် စံချိန်သစ်တစ်ခု ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ အမ်မရီက ရှေ့ဆက်ပြီး ဗီလာအတွက် ဘယ်လို အောင်မြင်မှုတွေ ဆက်လက် ရယူပေးသွားဦးမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေရပါတယ်။

Featured Photo : Opta Analyst