ဆွဲဆောင်မှုမြင့် တဲ့ ယောကျာ်း တစ်ယောက် ဖြစ်ချင်ပါသလား ? အထူးသဖြင့် ဆန့်ကျင်ဘက် မိန်းမလှတွေကြားမှာ ထင်ပေါ်ပြီး ဆွဲဆောင်မှု မြင့်နေချင်တယ်ဆိုရင်တော့ သိကိုသိထားရမယ့် အချက်လေးတွေ ရှိပါတယ်။ ဒါတွေကို ကွီးတို့သေချာ ဂရုစိုက်လိုက်နာမယ်ဆိုရင် ပျိုမဒီတွေ ဝိုင်းဝိုင်းလည်နေတဲ့ ဆွဲဆောင်မှုမြင့်မားတဲ့ ယောကျာ်းတစ်ယောက် ဖြစ်နိုင်ပါပြီ။

(၁) တစ်ကိုယ်ရည် သန့်ရှင်းမှု ဂရုစိုက်ပါ

Attractive men

Photo : Brickell Men’s Products

ယောကျ်ား တစ်ယောက်ရဲ့ အသွင်အပြင်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှုအတွက် အရေးကြီးဆုံး အချက်တစ်ခု မဟုတ်ပါလား။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဆွဲဆောင်မှုရှိတဲ့ ယောကျာ်းတစ်ယောက်ဖြစ်ဖို့ဆို ပထမဆုံးလိုက်နာရမှာက တစ်ကိုယ်ရည်သန့်ရှင်းမှု အသွင်အပြင်ကို ထိန်းသိမ်းထားဖို့ပါ။ သန့်ရှင်းသပ်ရပ်ပြီး ခပ်ကျော့ကျော့ ပြင်ဆင်ထိန်းသိမ်းနိုင်သူတွေဟာ ဘယ်နေရာရောက်ရောက် First Impression ကောင်းကောင်းရသလို အမျိုးသမီးတွေကြားမှာလည်း စိတ်ဝင်စားမှု ပိုရကြပါတယ်။

(၂) သပ်သပ်ရပ်ရပ် ဝတ်စားပါ

Attractive men

Photo : Midway Gentleman

တောင်းမှာအကွပ် လူမှာအဝတ် ဆိုသလိုပါပဲ။ ဈေးကြီးတဲ့ Branded တွေမှ မဟုတ်ပါဘူး။ ကိုယ်နဲ့လိုက်ဖက်ပြီး သန့်သန့်ပြန့်ပြန့် ၊ သပ်သပ်ရပ်ရပ်  ဝတ်စားတက်ရင်ပဲ မစတ်ကျကျနဲ့ ကြည့်ကောင်းတဲ့ သူတစ်ယောက် ဖြစ်နိုင်ပါတယ်။ ဖက်ရှင် အဝတ်အစားဟာ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အဆင့်အတန်းကို ဖော်ပြရာလည်း ရောက်တဲ့အတွက် အဝတ်အစားကို ဖြစ်သလို ဝတ်နေတာမျိုး လုံးဝမလုပ်ဖို့ အကြံပြုချင်ပါတယ်။

(၃) ယုံကြည်မှုရှိရှိ ပြုံးပါ

Attractive men

Photo : Real Men Real Style

မိမိကိုယ့်ကိုယ် ယုံကြည်မှု ပြည့်ဝနေတဲ့ အပြုံးထက်ပိုပြီး ဘယ်အရာကမှ ဆွဲဆောင်မှု မရှိနိုင်ပါဘူး။ အမျိုးသမီး တော်တော်များများကို သဘာဝအတိုင်း ဆွဲဆောင်နိုင်တာက ကွီးတို့ရဲ့ မျက်နှာပေါ်က ကြည်လင်လန်းဆန်းတဲ့ အပြုံးတစ်ပွင့်ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ နှစ်လိုဖွယ်ကောင်းတဲ့ ယောက်ျားတစ်ယောက်ရဲ့ အပြုံးတွေကို ဘယ်မိန်းကလေးကမှ ရှောင်လွဲလို့ မရနိုင်တာ အမှန်တရားပါပဲ။

(၄) စကားပြော စွမ်းရည်ကောင်းအောင် လေ့ကျင့်ထားပါ

Couple Dating

Photo : Men’s Health

ယောကျာ်း တစ်ယောက် စိတ်ဝင်စားဖို့ကောင်းမကောင်းကို စကားပြောကြည့်ပြီး အကဲဖြတ်ကြပါတယ်။ အဓိကအားဖြင့် အမျိုးသမီးတွေရဲ့ အမြင်မှာ ပျင်းစရာကောင်းတဲ့ လူတစ်ယောက်ဖြစ်မနေဖို့ပါပဲ။ စကားဝိုင်းတစ်ခုကို စကားစပြတ်မသွားအောင် ထိန်းပြီးပြောနိုင်ရမယ်။ တစ်ဖက်မိန်းကလေးကို ရယ်မောစေမယ့် ဟာသလေးတွေ ပြောတက်ဖို့လိုတယ်။ ထိုနည်းတူ တစ်ဖက်လူရဲ့ပြောစကားတွေကို စိတ်ဝင်တစား နားထောင်ပြီး တုန့်ပြန်မှုကောင်းကောင်း ပေးနိုင်ရမယ်။ ဒီလို ဆက်သွယ်ပြောဆိုမှုပိုင်းမှာ ညှက်ညောနေအောင် လေ့ကျင့်ထားမယ်ဆိုရင် အမျိုးသမီးတွေရဲ့ စိတ်ဝင်စားမှုကို သေချာပေါက် ရပါလိမ့်မယ်။

(၅) ရေမွှေးသေချာရွေးသုံးပါ

Fragrance
Photo : FragranceX.com

သိန်းချီနေတဲ့ ရေမွှေးတွေကိုပဲ မဆိုလိုပါဘူး။ အဓိက ကိုယ့်ရဲ့ Lifestyle နဲ့ ကိုက်ညီမှုရှိတဲ့ ရနံ့ကို သေချာရွေးချယ်ပြီး သုံးတက်ဖို့ပါ။ ရေမွှေးကနေ လူတစ်ယောက်ရဲ့ Personality ကို သိနိုင်တာကြောင့် ကိုယ်က ဘယ်လိုလူလဲဆိုတာ ဖော်ပြဖို့နဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်အမှတ်အသား တစ်ခုအဖြစ် တစ်ဖက် အမျိုးသမီးရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ဖို့ မှန်ကန်တဲ့ ရေမွှေးအမျိုးအစားကို ရွေးချယ်သုံးတတ်ဖို့ကလည်း မဖြစ်မနေ လိုအပ်ပါတယ်။

Featured Photo : Ape to Gentleman