ကျွန်တော်တို့ အမျိုးသားတိုင်း ပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေးရှိတဲ့ အကောင်းမွန်ဆုံးသော အရာ ကဘာပါလဲ သိပါသလား။ အဖြေကတော့ ရိုးရိုးလေးပါပဲ။ ကျန်းမာခြင်း ပဲဖြစ်ပါတယ်။ အမျိုးသားများအနေနဲ့ ကျန်းမာရေးဆိုတာ ပြီးပြည့်စုံသော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် သုခအခြေအနေတစ်ခုဖြစ်ပြီး ရောဂါမရှိခြင်း ဖြစ်ပါတယ်။ ကျန်းမာမှ အလုပ်လုပ်နိုင်ပြီး ကွီးတို့ အရောက်လှမ်းချင်တဲ့ ပန်းတိုင်တွေဆီ တတ်လှမ်းနိုင်မှာပါ။

အမျိုးသားတွေရဲ့ ကျန်းမာရေးက ဘယ်လောက်အရေးကြီးလဲ

အမျိုးသားတိုင်း အရာ

Photo : Loyal Medicine

အမျိုးသားတိုင်း အတွက် သာမက လူသားအားလုံးအတွက် ကျန်းမာရေးဟာ ရာနှုန်းပြည့် အရေးကြီးဆုံးသော အရာ လို့ ပြောပါရစေ။ အမျိုးသားတွေက အမျိုးသမီးတွေထက် နှလုံးရောဂါ၊ အဆုတ်ကင်ဆာနှင့် HIV အပါအဝင် ပြင်းထန်သော ရောဂါတွေ ဖြစ်နိုင်ခြေပိုများပါတယ်။ ဒါအပြင် ဆီးကျိတ်ကင်ဆာကဲ့သို့ အမျိုးသမီးများနဲ့ မဆိုင်တဲ့ ထူးခြားသော ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးကို ဂရုစိုက်ရန် အရေးကြီးပါတယ်။ ဘဝမှာ အလုပ်များပေမဲ့ ကျန်းမာရေးကို ဦးစားမပေး ဂရုမစိုက်တာမျိုး မည်သည့်အခါမှ မဖြစ်သင့်ပါဘူး။ ကျန်းမာရေးနှင့် လိုက်လျောညီထွေ နေခြင်းဖြင့် ကျန်းမာပျော်ရွှင်ပြီး တည်ငြိမ်သော လူနေမှုပုံစံကို မြှင့်တင်ပေးနိုင်ပါတယ်။ ဆက်လက်ပြီးတော့ အမျိုးသားများအတွက် ကျန်းမာရေးပညာရှင်များ ဖော်ထုတ်တင်ပြထားတဲ့ ထိပ်တန်း ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များကို ဝေမျှပေးချင်ပါတယ်။

ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ

အမျိုးသားတိုင်း အရာ

Photo : INTEGERIS Health

မိမိရဲ့ ခန္ဓာကိုယ် နာကျင်တာ၊ မူမမှန်တာ ခံစားရမှ ဆရာဝန်နဲ့ တိုင်ပင်တာထက် အချိန်တစ်ခု သတ်မှတ်ပြီး ပုံမှန်ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုခံယူခြင်းက ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ရန် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းဖြင့် ကင်ဆာရောဂါလို ရောဂါတစ်ချို့ကို ကြိုတင်သိရှိပြီး အချိန်မီ ကာကွယ်ကုသမှု ပြုနိုင်ပါတယ်။ ဒါ့အပြင် ဆရာဝန်ရဲ့ အကြံပြုချက်တွေကို လိုက်နာကျင့်သုံးဖို့လည်း လိုပါတယ်။ ဆရာဝန်နှင့်တွေ့ဆုံဆွေးနွေးခြင်းက ပိုမိုကျန်းမာသောဘဝ ရရှိဖို့အတွက် သော့ချက်ဖြစ်သည်။ ပုံမှန်တွေ့ဆုံစဉ် ဆရာဝန်ရဲ့ ကျန်းမာ‌ရေးဆိုင်ရာ အကြံပြုချက်တွေကို လိုက်နာခြင်းက ကျန်းမာရေးကို ဂရုစိုက်ခြင်းပါပဲ။

နေ့စဉ် အစားအသောက်ကို စိစစ်ပါ

အမျိုးသားတိုင်း အရာ

Photo : Art Naturals

နေ့စဉ် ကွီးတို့ စားသောအစားအစာများက ခန္ဓာကိုယ်ကို တိုက်ရိုက်အားဖြည့်ပေးပါတယ်။ အာဟာရမဖြစ်တဲ့အစာတွေ၊ သကြားနှင့် ကာဗိုဟိုက်ဒရိတ်တွေကို လျှော့စားခြင်းပြီး သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို အစားထိုးစားသောက်ခြင်းက ပိုကောင်းပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေနဲ့ ပတ်သက်ပြီးအကောင်းဆုံးနည်းလမ်းကတော့ ကွီးကိုယ်တိုင် လေ့လာဖို့ လိုပါတယ်။ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များနှင့် အမျှင်ဓာတ်များကို စားသုံးခြင်းသည် နှလုံးရောဂါ၊ ဆီးချိုနှင့် ကင်ဆာများကဲ့သို့သော အခြေအနေများကို ရှောင်ရှားဖို့ ကူညီပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေစားတာက သွေးတိုးနဲ့ ဗိုက်အဆီတွေကို လျှော့ချပေးနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ပေးပါ

အမျိုးသားတိုင်း အရာ

Photo : Sportskeeda

ကွီးရဲ့တစ်နေ့တာအတွင်း ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းကက ကျန်းမာရေးကို ပိုကောင်းစေပါတယ်။ ရက်သတ္တပတ်တိုင်း နေ့စဉ်ကိုယ်လက်လှုပ်ရှားမှု မိနစ်(၃၀) လောက် အချိန်ပေးခြင်းက အမျိုးသားများရဲ့ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို တိုးစေပါတယ်။ ညနေခင်းလမ်းလျှောက်ခြင်းလို ရိုးရှင်းသောအလုပ်က ကွီးရဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲစေနိုင်ပါတယ်။ သက်သာပြီး နှေးကွေးတဲ့ လေ့ကျင့်ခန်းကနေစပြီး အားစိုက်ရတဲ့လေ့ကျင့်ခန်းများကို ဖြည်းဖြည်းချင်း တိုးမြှင့်ခြင်းက အကောင်းဆုံးပါ။ ကိုယ်ခံအားကောင်းအောင် လေ့ကျင့်ပေးခြင်းက ကွီးရဲ့နေ့စဉ်ပုံမှန် လုပ်ဆောင်မှုအတွက် ကောင်းမွန်တဲ့အင်အားကို ဖြစ်စေပါတယ်။

လုံလောက်စွာအိပ်စက်ပါ

Men's Health

Photo : MensXP

ကျန်းမာချင်တဲ့ အမျိုးသားတိုင်း အတွက် ကောင်းမွန်စွာ အိပ်စက်ခြင်းက မရှိမဖြစ်လိုအပ်တဲ့ အရာ ဖြစ်ပါတယ်။ ညတိုင်း ခုနစ်နာရီမှ ကိုးနာရီကြား အိပ်စက်ခြင်းက ကွီးတို့အတွက် အကောင်းဆုံး အိပ်စက်မှုပုံစံကို ရရှိစေပါတယ်။ အိပ်ချိန်မှာ ကဖိန်းဓာတ်ကို အစားထိုးခြင်းက ကျန်းမာရေးကို ဆိုးရွားစေနိုင်တဲ့ အဆိပ်အတောက် သံသရာကို ဖြစ်စေပါတယ်။ ဒါကြောင့်အိပ်ချိန်မှာ အမြဲတမ်း အနားယူအိပ်စက်ဖို့ အချိန်ပေးပါ။

စိတ်ပိုင်းဆိုင်ရာကို ဂရုစိုက်ပါ

Men's Health

Photo : Paracelsu Recovery

ကျန်းမာသော လူနေမှုဘဝကို ရရှိဖို့ ရုပ်ပိုင်းဆိုင်ရာပဲ ဂရုပြုနေလို့ မရသေးပါဘူး။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ စိတ်ဖိစီးမှု အခြေအနေတွေကို သတိပြုပါ။ ကွီးတို့အနေနဲ့ ဘဝအပေါ် အကောင်းမြင်ခြင်းကို လက်ခံခြင်းနဲ့ ကျင့်သုံးခြင်းက ကွီးတို့ရဲ့ စိတ်ပိုင်း ကျန်းမာ‌ရေး ကောင်းမွန်တာကို ပြပါတယ်။ စိတ်ခံစားချက်တွေကို အပြုသဘောနဲ့ ဖော်ပြခြင်းက ကွီးရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပေါင်းသင်းဆက်ဆံရေးကို တိုးတက် ကောင်းမွန်စေပါတယ်။ လိုအပ်ပါက အကူအညီရယူခြင်းက စိတ်ကျန်းမာရေးကို တိုးတက်စေမည့် ပထမခြေလှမ်းဖြစ်ပါတယ်။

ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ

Men's Health

Photo : Eat This, Not That

အသက်အရွယ်နဲ့ အရပ်အမြင့်အလိုက်ရှိသင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ ကိုယ်အလေးချိန်ထိန်ထားနိုင်ခြင်းက နှလုံးရုတ်တရက်ထိခိုက်မှု၊ နှလုံးရောဂါ၊ နှလုံးသွေးကြော ဆိုင်ရာရောဂါ သို့မဟုတ် လေဖြတ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး အကြံပြုချက်တွေကို လိုက်နာခြင်းဖြင့် နေ့အချိန်နဲ့ အိပ်ပျော်နေချိန်မှာ ကွီးရဲ့ နှလုံးအလုပ်လုပ်ရတာ လျော့နည်းသက်သာမှာ ဖြစ်ပါတယ်။

အရေပြားကို ဂရုစိုက်ပါ

Men's Health

Photo : Huff Post

အရေပြားကင်ဆာရောဂါက အမျိုးသားတွေမှာ ပဉ္စမအဖြစ်များဆုံး ရောဂါ ဖြစ်ပါတယ်။ နေရောင်ထိတွေ့မှုများတာ၊ နေရောင်ခံလိမ်းဆေးမသုံးတာ၊ ဆရာဝန်တွေနဲ့ ကျန်းမာရေးအတွက် တွေ့ဆုံဆွေးနွေးမှု နည်းတဲ့အတွက် ရောဂါ ဖြစ်ပွားမှု များခြင်း ဖြစ်ပါတယ်။ အရေပြားစိုပြေတောက်ပ ခြင်းက ကွီးတို့အတွက် ရုပ်ပိုင်းရော စိတ်ပိုင်းပါ ကြေနပ်မှု ဖြစ်စေပါတယ်။ ဒါကြောင့် အရေပြားကျန်းမာရေးအတွက် နေလောင်ကာ ခရင်မ်များ အသုံးပြုခြင်း မူမမှန်တာ တွေ့ရှိပါက ချက်ချင်းဆရာဝန်နဲ့‌ ဆွေးနွေးသင့်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ အမျိုးသားတိုင်းအတွက် အရေးကြီးတဲ့ ကျန်းမာရေး အကြံပြုချက်တွေပဲ ဖြစ်ပါတယ်။ ကျန်းမာခြင်းက လာဒ်ကြီးတစ်ပါးလို့ ဆိုနိုင်သလို အမျိုးသားတိုင်း အတွက်သာမက လူတိုင်းပိုင်ဆိုင်နိုင်တဲ့ အကောင်းမွန်ဆုံး အရာ တစ်ခုပါ။ ကွီးတို့ရော ကျန်းမာရေးကို ဂရုတစိုက် အလေးထားပါသလား။

Source : Hamilton Health Center

Featured Photo : Royal Oak