အမျိုးသားတစ်ယောက် အတွက် မိမိကိုယ်တိုင်အတွက်ရော မိမိရဲ့လက်တွဲဖော်အတွက်ပါ စိတ်ကျေနပ်မှု အပြည့်အဝရစေဖို့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်တယ်လို့ ပြောလို့ရပါတယ်။ လေ့ကျင့်ခန်းလုပ်တာဟာ ကွီးတို့ရဲ့ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ထို့အတူ ကွီးတို့အတွက် ပိုမိုကောင်းမွန်တဲ့ လိင်မှုဘဝ ကိုရရှိပိုင်ဆိုင်နိုင်ဖို့ လေ့ကျင့်ခန်းတွေက ကူညီပေးနိုင်ပါတယ်။ “တစ်ပတ်လျှင် သုံးကြိမ်မှ လေးကြိမ်အထိ လေ့ကျင့်ခန်းလုပ်ခြင်းက ပိုမိုကောင်းမွန်သော လိင်ပိုင်းဆိုင်ရာ လိုက်လျောညီထွေမှုကို ဖြစ်စေပြီး ခံနိုင်ရည်ရှိရန် များစွာအထောက်အကူပြုနိုင်တယ်” လို့ ကျွမ်းကျင်သူများက ဆိုထားပါတယ်။ ဒါကြောင့် အမျိုးသားတို့အတွက် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် တိုးတတ်စေဖို့ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းများ ဖော်ပြပေးချင်ပါတယ်။

(၁) Plank

လိင်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ

Photo : Bar Bend

အမျိုးသားတို့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် တိုးတတ်စေဖို့ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းများ ထဲက တစ်ခုကတော့ Plank ထောက်ခြင်းပဲဖြစ်ပါတယ်။ Plank က ကွီးတို့ရဲ့ လက်မောင်း၊ ပေါင် ၊ တင်ပါးတို့နှင့်အတူ ဝမ်းဗိုက်ကြွက်သားများရဲ့ အနက်ရှိုင်းဆုံးအလွှာကို အားကောင်းစေရန် ပြီးပြည့်စုံသော လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။ ၎င်းက ကွီးတို့ရဲ့ လိင်မှုရေးရာမှာများစွာ အထောက်အကူ ပြုပါတယ်။ တစ်နေ့လျှင် တစ်ကြိမ် ကို စက္ကန့် ၆၀ သို့မဟုတ် ပိုကြာအောင်ပြုလုပ်ပါ။ ထို့နောက် တစ်ဖြည်းဖြည်း Plank ထောက်ခြင်းရဲ့ ကြာချိန်နဲ့ အကြိမ်ရေကို တိုးသွားပါ။

(၂) Kegels

Exercise

Photo : Bathmate Blog

အမျိုးသမီးများက Kegels လေ့ကျင့်ခန်းများနဲ့ ပိုမိုရင်းနှီးနိုင်သော်လည်း အမျိုးသားများအတွက်လည်း Kegels လေ့ကျင့်ခန်းများက အချိန်မတန်မီ သုတ်လွှတ်ခြင်းကို ကာကွယ်ရန် ကူညီပေးပါတယ်။ ဒီလေ့ကျင့်ခန်းက ဆီးလမ်းကြောင်းအလယ်ပိုင်းမှ ဆီးစီးဆင်းမှုကို ရပ်တန့်စေသည့် Pubococcygeus (PC) လို့ခေါ်တဲ့ ကြွက်သားများကို သန်မာစေပြီး ခံနိုင်ရည်ရှိမှုနှင့် ထိန်းချုပ်မှုကို ကူညီပေးပါတယ်။ ထို့အပြင် အမျိုးသားများအတွက် သာယာမှုအထွတ်အထိပ် မတိုင်မီတွင် ၎င်းကြွက်သားများကို ကျုံ့စေခြင်းဖြင့် သုတ်လွှတ်ခြင်းကို နှောင့်နှေးစေရန် Kegels လေ့ကျင့်ခန်များကို ပြုလုပ်နိုင်တယ်လို့ဆိုပါတယ်။ ဒီလေ့ကျင့်ခန်းကု ပုံမှန်ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်တင်ပါးဆုံတွင်းကြမ်းပြင်ရှိ ကြွက်သားများကို အားကောင်းစေပြီး လိင်ဆက်ဆံမှုကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကို ကို နည်းစနစ်မှန်မှန် လုပ်နိုင်ဖို့အတွက် ကျွမ်းကျင်သော Trainers များထံမှာ အကူအညီ ရယူပါ။

(၃) ရေကူးခြင်း

လိင်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ

Photo : Wikimedia Commons

ဟားဗတ်တက္ကသိုလ်မှ သုတေသီများက အသက် ၆၀ အရွယ်ရှိ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ရေကူးသူများဟာ အသက် ၂၀ ငယ်ရွယ်သူများနှင့် ဆင်တူသော လိင်ဆက်ဆံမှုစွမ်းရည်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ရေကူးခြင်းက ခံနိုင်ရည်ကိုတည်ဆောက်ပေးတယ်၊ သွေးစီးဆင်းမှုကို မြှင့်တင်ပေးတယ်၊ ပျော့ပျောင်းမှုနဲ့ ကြံ့ခိုင်မှုကို မြှင့်တင်ပေးပြီး စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါတယ်။ ဒါ့အပြင် ကယ်လိုရီအချို့ကိုလည်း လောင်ကျွမ်းစေပါတယ်။ “တစ်ပတ်ကို ၃ ကြိမ် အနည်းဆုံး မိနစ် ၃၀ ခန့် ရေကူးတာက လိင်ပိုင်းဆိုင်ရာခံနိုင်ရည်ကို တိုးစေတယ်”လို့ဆိုထားပါတယ်။ ရေကူခြင်းဟာ ကွီးတို့အတွက် ကျန်းမာရေးကို အထောက်အကူပြုတဲ့ အပြင် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် တိုးတတ်စေဖို့ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းများ ထဲက တစ်ခုလည်းဖြစ်ပါတယ်။

(၄) ယောဂ

Exercise

Photo : Yoga Teacher Training

ကွီးတို့ရဲ့ လိင်မှုဘဝကို ပိုမိုကောင်းမွန်တဲ့ ပုံစံအနေအထားတွေနဲ့ ဖန်တီးချင်ပါသလား။ ယောဂကျင့်ခြင်းက ကွီးတို့ရဲ့ ခန္ဓာကိုယ်ပျော့ပြောင်းမှုကို ကူညီပေးပြီး ပိုမိုကောင်းမွန်သောလိင်ဆက်ဆံမှုကိုပေးစွမ်းနိုင်တယ်လို့ ဆိုပါတယ်။ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အတွက် ကျွမ်းကျင်သူများ အကြုံပြုထားတဲ့ ယောဂကျင့်စဉ်များကတော့ Bow Pose, Peacock Pose နဲ့ Shoulder Stand တို့ပဲ ဖြစ်ပါတယ်။

Source : WebMD

Featured Photo : Everyday Health