ကျွန်တော်တို့ အမျိုးသားတိုင်းရဲ့ အဝတ်ဗီရိုထဲမှာ သပ်သပ်ရပ်ရပ်နဲ့ သားသားနားနားရှိတဲ့ Suit ကောင်းကောင်းတစ်စုံတော့ အနည်းလေးရှိထားသင့်ပါတယ်။ စီးပွားရေး သို့မဟုတ် လုပ်ငန်းခွင်အတွက် အရေးကြီးတဲ့ အစည်းအဝေးပွဲတွေ ၊ မင်္ဂလာဆောင် ပွဲအခမ်းအနားတွေ တက်ရောက်တဲ့အခါမှာ အသင့်တော်ဆုံး ဖက်ရှင်က Suit တွေပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဘော်ဒီ အချိုးအစားနဲ့ အံဝင်ခွင်ကျ ကွက်တိဖြစ်နေမှလည်း Suit ဝတ်တဲ့အခါ ကြည့်ကောင်းတာပါ။ ဒီလို ပြီးပြည့်စုံတဲ့ Suit တစ်စုံရဖို့ အပ်ချုပ်ဆရာနဲ့ သေချာချုပ်တာထက်ပိုကောင်းတာ မရှိနိုင်ပါဘူး။ ဒါပေမယ့် Tailors နဲ့ ချုပ်တဲ့ အပ်ထည်တွေဟာ အင်မတန်ဈေးကြီးပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ဈေးနှုန်း အသင့်အတင့်နဲ့ ချုပ်ရိုးချုပ်သားကောင်းမွန်ပြီး စမတ်ကျတဲ့ အမျိုးသားဝတ် Suit Brands ၅ ခုကို ပြောပြပေးချင်ပါတယ်။
(၁) REISS

Photo : The Trend Spotter
Suit အကောင်းစားတစ်ထည် ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ REISS က သင့်ဆန္ဒတွေကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။ REISS Suit တွေက Stylish ဖြစ်ပြီး ဘယ်တော့မှ မရိုးတဲ့ Timeless စတိုင်တွေကို ဦးစားပေးထုတ်တဲ့အတွက် မင်္ဂလာပွဲအခမ်းအနားနဲ့ ဂုဏ်သရေရှိ Events ပွဲတွေအတွက် ပြီးပြည့်စုံတဲ့ Suit အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ Luxury ဆန်တဲ့ အထိအတွေ့နဲ့ ခမ်းနားတဲ့ အတွေ့အကြုံကို ပေးစွမ်းမှာဖြစ်တဲ့အတွက် REISS Suit ဝတ်ဆင်ထားချိန်မှာ တကယ်ကိုပဲ ယုံကြည်မှုအပြည့်နဲ့ စမတ်ကျနေစေမှာပဲ ဖြစ်ပါတယ်။
(၂) ASOS

Photo : The Trend Spotter
Budget နည်းနည်းနဲ့ Suit ကောင်းကောင်းတစ်ထည် ဝယ်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ASOS Brand က ရွေးချယ်စရာ အများကြီးထဲက တစ်ခုပါ။ ASOS Suit တွေက စတိုင်ကျမှုပိုင်းမှာတော့ တော်တော်လေး နာမည်ကြီးပါတယ်။ Navy သို့မဟုတ် အနက်ရောင် Classic သုံးလွှာ Suit တွေကနေ အဆင်ခပ်ခပ်ဆန်းနဲ့ အထာကျတဲ့ Suit ဒီဇိုင်းတွေအထိ ရွေးချယ်စရာ များပါတယ်။ Weddings နဲ့ ပွဲတက်အခမ်းအနားတွေမှာ သင့်အား Stylish အဖြစ်ဆုံး အမျိုးသားတစ်ယောက်အဖြစ် ထင်ပေါ်နေစေမယ့် အကောင်းဆုံး ရွေးချယ်စရာ အမျိုးသားဝတ် Suit Brand တစ်ခုပဲ ဖြစ်ပါတယ်။
(၃) boohooMan

Photo : The Trend Spotter
အမျိုးသားဝတ် Suit တွေနဲ့ ပတ်သတ်ရင် British Brand တစ်ခုဖြစ်တဲ့ boohooMan ကလည်း နာမည်ကြီးပါတယ်။ boohooMan ရဲ့ Suit တွေဟာဆိုရင် အကောင်းမွန်ဆုံး ဒီဇိုင်းနဲ့ အရည်အသွေးကောင်းတွေကို ထိန်းသိမ်းထားသလို ဈေးလည်း တော်တော်လေး သင့်တင့်တဲ့အထဲမှာ ပါပါတယ်။ boohooMan ထုတ် Suit တွေ ဝတ်ထားတယ်ဆိုရင် Runway မော်ဒယ်တစ်ယောက်လိုကို စတိုင်ကျစေတယ်လို့ လူပြောများပါတယ်။ အရောင် ၊ ဆိုဒ် နဲ့ သိုးမွှေးကနေ Faux Leather သားအထိ ရွေးချယ်စရာ တော်တော်လေး များပါတယ်။ ဖက်ရှင်ကျတဲ့ အကောင်းဆုံး ဒီဇိုင်းနဲ့ Suit တွေ လိုချင်ရင်တော့ boohooMan ထဲက ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။
(၄) Macy’s
Photo : The Trend Spotter
ဈေးနှုန်းအသင့်အတင့်နဲ့ သဘာဝဆန်တဲ့ အမျိုးသားဝတ် Suit တွေ လိုချင်တယ်ဆိုရင်တော့ Macy’s က စဉ်းစားသင့်တဲ့ Brand တစ်ခုပါပဲ။ Macy’s Suit တွေ တခြား Brand တွေထက်စာရင် နည်းနည်းလေး ရှေးရိုးဆန်တယ် ထင်ရပေမယ့်လည်း Timeless ဒီဇိုင်းတွေကို ဦးစားပေး ထုတ်တဲ့အတွက် ဘယ်လိုပွဲအခမ်းအနားမဆို ဝတ်လို့အဆင်ပြေပါတယ်။ အရောင်ပိုင်းမှာလည်း ရွေးချယ်စရာတော်တော်လေး စုံလင်ပြီး Outdoor နဲ့ နွေရာသီ Summer Events တွေလို ပွဲအခမ်းအနားတွေနဲ့ လိုက်ဖက်တဲ့ အရောင်ခပ်ဖျော့ဖျော့ Suit တွေ ၊ အစင်းနဲ့ အကွက်ဒီဇိုင်း Suit တွေ အစုံရှိပါတယ်။
(၅) Bonobos

Photo : The Trend Spotter
Bonobos ဟာ တခြားသော Menswear Brand တွေနဲ့မတူပဲ တော်တော်လေး သက်တောင့်သက်သာရှိပြီး စမတ်ကျစေတဲ့ Brand တစ်ခုဖြစ်ပါတယ်။ Suit တစ်စုံလုံးတင်မကပဲ Blazers နဲ့ Separates တွေအထိ ဈေးနှုန်းအသင့်အတင့်နဲ့ အရည်အသွေးကောင်းတဲ့ ဖက်ရှင်တွေ ရွေးချယ်စရာ အတော်လေး များများစားစားရှိပါတယ်။ ဘော်ဒီ Types အမျိုးမျိုးအတွက် ဆိုဒ်အစုံရှိတဲ့အပြင် အရောင်တွေအနေနဲ့ကလည်း တော်တော်လေးကို စုံလင်တဲ့ အမျိုးသားဝတ် Brand တစ်ခု ဖြစ်ပါတယ်။ အချိန်ရာသီတိုင်းအတွက် ပြီးပြည့်စုံတဲ့ လီနင် ၊ သိုးမွှေးနဲ့ ချည်ထည်တွေလည်း ရွေးချယ်စရာ အစုံရှိပါတယ်။ အချိန်ကုန် ငွေကုန်ကြေးကျသက်သာပြီး စမတ်ကျစေမယ့် Suit တွေ လိုချင်တယ်ဆိုရင်တော့ Bonobos က အသင့်တော်ဆုံး ဖြစ်စေမှာပါ။
Featured Photo : Luxe Digital

