လုပ်ငန်းခွင် ဝင်ရောက်နေတဲ့အမျိုးသား တစ်ယောက်အတွက် ဝတ်စားဆင်ယင်မှုဟာ သာမာန်ထက် အရေးပါလှပါတယ်။ ဝတ်စားဆင်ယင်မှုဟာ ကိုယ့်ရဲ့အသွင်အပြင် နဲ့ Impression ကိုပြသတဲ့ နေရာမှာ ပထမဆုံးအရေးပါတဲ့နေရာက ပါဝင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လုပ်ငန်းခွင်တိုင်း Suit ကို မဖြစ်မနေ ဝတ်ဆင်ရန်မလိုသော်လည်းပဲ ကွီးတို့အနေနဲ့ နိုင်ငံခြားသားများပါဝင်တဲ့ အစည်းအဝေးတွေ ၊ နိုင်ငံခြားခရီးစဉ်တွေ ရှိလာတဲ့အခါ Business Suit ဝတ်ဆင်ဖို့ လိုအပ်လာနိုင်ပါတယ်။ ဒါကြောင့် Business Suit ရွေးချယ်ရာမှာ ကွီးတို့ သိထားသင့်တဲ့ အချက်များ ကိုဝေမျှပေးချင်ပါတယ်။

(၁) ကိုယ့်ခန္ဓာကိုယ် အရွယ်အစားကို သေချာသိရှိပါစေ

Business Suit ရွေးချယ်ရာမှာ

Photo : Jimmy’s Cleaners

ကွီးတို့ အနေနဲ့ Business Suit ဝယ်ယူဖို့ ရွေးချယ်ရာမှာ ပထမဆုံးနဲ့ အရေးကြီးဆုံးကတော့ ကွီးတို့ရဲ့ ခန္ဓာကိုယ် အရွယ်အစားကို သေချာသိရှိဖို့ပါပဲ။ သာမာန်အဝတ်အစား ဝယ်ယူခြင်းနဲ့ မတူဘဲ Business Suit ဝယ်ယူခြင်းက တိကျမှန်ကန်တဲ့ အတိုင်းအတာတွေ လိုအပ်ပါတယ်။ ပွလွန်းတာမျိုး၊ ချောင်လွန်းတာမျိုး ဖြစ်နေရင် ကွီးတို့ကို ကြည့်မကောင်းဖြစ်စေရုံသာမက သက်တောင့်သက်သာလည်း မဖြစ်စေပါဘူး။ ပခုံးအကျယ်၊ ရင်ဘတ်အကျယ်၊ ဘောင်းဘီအရှည်အတိုင်းအတာ စသည်တို့ကို သတိပြုပါ။ ဘောင်းဘီရဲ့ အရှည်ကိုလည်း ဂရုပြုပါ။ ထို့အပြင် ကွီးတို့ရဲ့ ကိုယ်ပိုင်စတိုင်နှင့် သင်သက်တောင့်သက်သာရှိမှုပေါ် မူတည်၍ ခန္ဓာကိုယ်အမျိုးအစားနှင့် လိုက်ဖက်ညီ‌တဲ့ Suit ကို ရွေးချယ်ရပါမယ်။

(၂) ပိတ်စအမျိုးအစား

Business Suit ရွေးချယ်ရာမှာ

Photo : Jim’s Formal Blog

Business Suit ရွေးချယ်ရာမှာ ဘယ်လိုပိတ်စမျိုးကို သုံးမှာလဲဆိုတာလည်း သေချာသိဖို့ အရေးကြီးပါတယ်။ ချည်၊ သိုးမွှေး၊ ပိုး၊ နှင့် လီနင်ကဲ့သို့သော အထည်များက အခြားအထည်များထက် ပိုမိုကောင်းမွန်ပါတယ်။ ထို့အပြင် ထိုအထည်များသည် ဆောင်းရာသီတွင် ဝတ်ဆင်သူအား နွေးထွေးစေပြီး နွေရာသီတွင် အေးမြစေရန် ကူညီပေးနိုင်ပါသည်။ စျေးကွက်မှာ အမျိုးအစားမျိုးစုံ၊ စျေးနှုန်းမျိုးစုံ ရှိတဲ့အတွက် ကွီးတို့ စိတ်ကြိုက်ရွေးချယ် နိုင်ပါတယ်။

(၃) အရောင်ရွေးချယ်မှု

Business Suit ရွေးချယ်ရာမှာ

Photo : Edit Suits

စီးပွားရေးနယ်ပယ်မှာ ကျင်လည်နေတဲ့အမျိုးသားများ၊ နယ်ပယ်ပေါင်းစုံက လုပ်ငန်းခွင်ဝင်နေသူများ အများဆုံး ဝတ်ဆင်လေ့ရှိတဲ့အရောင်ဟာ အနက်ရောင်ပါပဲ။ အနက်ရောင်ဟာလည်း ကွီးတို့ကို လေးနက်တဲ့ပုံစံပေါက်စေပြီး ခမ်းနားတည်ငြိမ်ပြတ်သားတဲ့ အသွင်ကိုလည်းဆောင်ပါတယ်။ သို့သော်လည်း စီးပွားရေးနယ်ပယ်မှာ အခြားသော အရောင်များဖြစ်တဲ့ နက်ပြာရောင်၊ မီးခိုးရောင်နဲ့ အပြာရောင်တို့ကိုလည်း ဝတ်ဆင်လို့ရပါတယ်။ ဒီအရောင်တွေကလည်း ကွီးတို့ကို Formal ကျစေတဲ့ အရောင်တွေပဲ ဖြစ်ပါတယ်။

(၄) နက်ကတိုင် ရွေးချယ်မှု

tie

Photo : Vox

ကွီးတို့ရေ နက်ကတိုင်ကလည်း Business Suit ကို လိုက်ဖက်ညီစွာ စနစ်တကျ ဝတ်ဆင်ရာတွင် အရေးကြီးပါတယ်။ ဒါ့ကြောင့် Business Suit ရွေးချယ်ရင်း တွဲဖက်ဝတ်ဆင်နဲ့ နက်ကတိုင်ကိုပါ တစ်ပါတည်း ရွေးချယ်သင့်ပါတယ်။ နက်ကတိုင်ရွေးချယ်ရာမှာ သူ့ရဲ့အနံနဲ့ အရှည်ကို ဂရုစိုက်ရပါမယ်။ နက်ကတိုင်ရဲ့ အရှည်ဟာ ပျှမ်းမျှ ခန္ဓကိုယ်အမျိုးအစားရှိတဲ့ အမျိုးသား တစ်ဦးအတွက် ၃ လက်မ မှ ၃.၇၈ လက်မ (၇.၇၅ မှ ၉.၅ စင်တီမီတာ) ထက်မရှည်သင့်ပါဘူး။ ကွီးတို့ရဲ့ ခါးပတ်ခေါင်းထိပ် အထိ နက်ကတိုင်အရှည်ဟာ အသင့်တော်ဆုံး ဖြစ်ပါတယ်။ နက်ကတိုင် အရောင်များနဲ့ ဒီဇိုင်းများကိုပါ သေချာ ဂရုပြုပြီး ရွေးချယ်ပါ။

အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ သိထားသင့်တဲ့ Business Suit ရွေးချယ်ရာမှာ သိထားသင့်တဲ့ အခြေခံ အချက်လေး တွေပဲဖြစ်ပါတယ်။

Featured Photo : Italian Best