ယောကျာ်းတစ်ယောက်က ချောဖို့ လှဖို့ထက် ဆွဲဆောင်မှု ရှိရှိနဲ့ ကြည့်ကောင်းနေဖို့ကို ပိုပြီး အာရုံစိုက် သင့်ပါတယ်။ လူတွေရဲ့ အမြင်မှာ ယောကျာ်း ပီပီသသနဲ့ ဆွဲဆောင်မှု ရှိနေစေဖို့ သိပ်မခက်တဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။ အခုပြောပြမယ့် အချက်လေးတွေ လိုက်နာရုံနဲ့ ကွီးတို့ကို ဆွဲဆောင်မှု ရှိတဲ့ ယောကျာ်းတစ်ယောက် အဖြစ်ပြောင်းလဲပေး နိုင်ပါလိမ့်မယ်။

(၁) တစ်ကိုယ်ရည် သန့်ရှင်းမှု ဂရုစိုက်ပါ

Photo : iStock

နာမည်ကြီး ဒီဇိုင်နာ Brand တွေ ဝတ်တာထက် သန့်ရှင်းသပ်ရပ်တဲ့ အသွင်ပြင်ရှိအောင် ဖြီးလိမ်းပြင်ဆင်ခြင်းက ကွီးတို့ကို ပိုပြီး Smart ကျစေမှာပါ။ ဘာကြောင့်လဲဆိုရင် တကိုယ်ရည် သန့်ရှင်းမှုရှိခြင်းက ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ လူတစ်ယောက်အဖြစ် ထုတ်ဖော်ပြသနိုင်လို့ပါပဲ။

(၂) ဖိနပ်တွေ သေချာရွေးချယ်ပါ

Photo : iStock

လူတစ်ဦးနဲ့တစ်ဦး တွေ့ဆုံချိန်မှာ ပထမဆုံး သတိပြုမိစေတဲ့အရာတွေထဲမှာ ဖိနပ်ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ကိုယ်နဲ့ လိုက်ဖက်မှုရှိပြီး အရည်သွေးမြင့်တဲ့ ဖိနပ်အမျိုးစားကို ရွေးချယ်တတ်ခြင်းက ယောကျာ်းတစ်ယောက်ကို ပိုပြီး Gentleman ဆန်ဆန်နဲ့ ဆွဲဆောင်မှုရှိစေမှာ ဖြစ်ပါတယ်။

(၃) နာရီကောင်းကောင်းတစ်လုံး ဝတ်ပါ

Photo : iStock

ကိုယ့်ရဲ့ အဝတ်စားနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်အသုံးအဆောင်တွေ တွဲဖက်ဝတ်ဆင်ခြင်းက ကွီးတို့ကို ဖက်ရှင်အမြင်ရှိ သူတစ်ယောက်အဖြစ် ထင်ဟပ် စေပါတယ်။ အမျိုးသားတစ်ယောက်အတွက် ဖက်ရှင်အသုံးအဆောင် ပစ္စည်းရယ်လို့ အများကြီး မလိုပါဘူး။ အရည်သွေးကောင်းတဲ့ နာရီတစ်လုံး ဝတ်ဆင်ထားရုံနဲ့ လုံလောက်ပါပြီ။

(၄) ရေမွှေး သုံးပါ

Photo : iStock

ရေမွှေးတွေက လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ယောကျာ်းလေးတွေအနေနဲ့ မှန်ကန်တဲ့ ရေမွှေးအမျိုးအစားကို ရွေးချယ်သုံးစွဲတတ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အမျိုးသားတွေအနေနဲ့ ပြင်းပြစူးရှတဲ့ရနံ့မျိုးထက် ခပ်သင်းသင်းရနံ့ရှိတဲ့ ရေမွှေးတွေသုံးတာက ပိုပြီး ဆွဲဆောင်မှုတိုးစေမှာ ဖြစ်ပါတယ်။

(၅) Suit ကောင်းကောင်းတစ်စုံဝယ်ပါ

Photo : iStock

အမျိုးသားတိုင်းအတွက် အနည်းဆုံး Suit ကောင်းကောင်းတစ်စုံတော့  ရှိကိုရှိထားသင့်ပါတယ်။ ကိုယ့်ရဲ့ ပုခုံးအကျယ်နဲ့ ကွက်တိ ဖြစ်စေမယ့်ကုတ်အင်္ကျီ ၊ အရပ်အမောင်းနဲ့ ဘော်ဒီအချိုးအစားနဲ့ ကွက်တိဖြစ်စေမယ့် အောက်ခံအင်္ကျီ လက်ရှည် ၊ ဘောင်းဘီရှည်ကို သေချာ ရွေးချယ်ဝတ်ဆင်တတ်မှသာ စမတ်ကျကျနဲ့ ကြည့်ကောင်းနေမှာ ဖြစ်ပါတယ်။

Featured Photo : GoFeminin