ယောကျာ်းတစ်ယောက်အတွက် မုတ်ဆိတ်မွေး နှုတ်ခမ်းမွေး ထားတာဟာ ယောကျာ်းပီသမှုနဲ့ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှု ပြသတဲ့ အမှတ်လက္ခဏာပါပဲ။ ဒါကြောင့် အမျိုးသမီး ၃ ပုံ ၁ ပုံခန့်က Facial Hair ရှိတဲ့ အမျိုးသားတွေကို ဆွဲဆောင်မှုရှိတယ်လို့ ယူဆကြတာ ဖြစ်ပါတယ်။ မုတ်ဆိတ် အမျိုးအစားတွေ အများကြီး ရှိတဲ့အထဲမှာ ယောကျာ်းတစ်ယောက်အတွက် ဘယ်လို မုတ်ဆိတ် စတိုင် တွေက အကောင်းဆုံးလဲဆိုတာကို အောက်မှာ မျှဝေပေးလိုက်ပါတယ်။

(၁) Short Stubble

Short Stubble

Photo : RealMenRealStyle

မုတ်ဆိတ်မွေးတိုနံ့နံ့ Short Stubble က ဘာနဲ့ တူသလဲဆိုရင် ရိတ်ပြီး ၂ ရက် ၃ ရက်မှာ တွေ့ရတတ်တဲ့ မုတ်ဆိတ်စတိုင်မျိုးပါ။ ရိုးရိုးလေး ဖြစ်ပါတယ်။ ထိန်းသိမ်းရလည်း လွယ်ပါတယ်။ Trimmer တစ်ခုသုံးပြီး တိ/ညှိ လုပ်နိုင်ပါတယ်။

(၂) Medium Stubble

Medium Stubble

Photo : RealMenRealStyle

Short Stubble ထက် ရှည်ပြီး မုတ်ဆိတ်မွေး နှုတ်ခမ်းမွေး ခပ်ရေးရေးနဲ့ တစ်မျိုးဆွဲဆောင်မှု ရှိချင်ရင် Medium Stubble ထားပေးနိုင်ပါတယ်။ Medium Stubble မှာ မုတ်ဆိတ်မွေးအရှည်က ၃ မီလီကနေ ၅ မီလီအတွင်း ရှည်ပါတယ်။ လွတ်လွတ်လပ်လပ် မပြုပြင်ဘဲ ထားတဲ့ ပုံစံမျိုးပါ။ ပါးသိုင်းမွေးရှိသူတွေနဲ့လည်း လိုက်ဖက်ပါတယ်။

(၃) Long Stubble

Long Stubble

Photo : RealMenRealStyle

Long Stubble က အပေါ်က နှစ်မျိုးထက် အုံပိုထူပါတယ်။ Medium Stubble ထက်လည်း နည်းနည်း ပိုရှည်ပြီး ၆ မီလီမီတာလောက်အရှည်ထားကြပါတယ်။ ဒီမုတ်ဆိတ်မျိုးထားချင်ရင် Beard Trimmer တစ်ခုလောက် ဝယ်ထားဖို့ လိုပါတယ်။

(၄) Full Beard

Full Beard

Photo : RealMenRealStyle

အနောက်တိုင်းသားတွေထဲမှာ Gents တွေ အထားများတဲ့ စတိုင်ဖြစ်ပါတယ်။ မျိုးရိုးအရ မုတ်ဆိတ်ပါးသိုင်းမွေး ထူထဲသူတွေမှာပဲ ထားနိုင်မယ့် Beard Style ဖြစ်ပါတယ်။ နောက်တစ်ခုက Full Beard စတိုင် ထားမယ်ဆိုရင် ပရော်ဖက်ရှင်နယ် Stylist ဆီက အကူအညီနဲ့ အကြံဉာဏ်လိုနိုင်ပါတယ်။

Featured Photo : letseatcake