အမျှင်ဓာတ် စားသုံးခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ။ အမျှင်ဓာတ်က အစာချေဖျက်မှုနဲ့ အူလမ်းကြောင်း ကျန်းမာရေးအတွက် အထောက်အကူ ပြုပါတယ်။ မကြာခဏ ဝမ်းချုပ်တက်သူတွေအနေနဲ့ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ စားပေးတာက ဝမ်းပျော့ပြီး ပုံမှန်ဝမ်းသွားစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေက နှလုံးသွေးကြောဆိုင်ရာ ရောဂါများဖြစ်ပွားနိုင်ခြေကို လျှော့ချပေးခြင်း ၊ ကိုယ်အလေးချိန် ထိန်းညှိပေးခြင်း ၊ သွေးတွင်းသကြားဓာတ် ပမဏလျော့ချပေးခြင်း ၊ အစာအိမ်အူလမ်းကြောင်းစနစ်ကို ကောင်းမွန်စေခြင်းအပြင် ဆီးချိုရောဂါကိုလည်း ကာကွယ်ပေးတဲ့ ကောင်းကျိုးတွေ ရစေပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အမျှင်ဓာတ် ကြွယ်ဝတဲ့ အကောင်းဆုံး အစားအစာ ၅ မျိုးကို ပြောပြပေးချင်ပါတယ်။
(၁) သစ်တော်သီး
Photo : Rebecca Gawthorne
သစ်တော်သီးတွေမှာ Soluble Fiber နဲ့ Insoluble Fiber ဓာတ် ၂ မျိုးစလုံး ကြွယ်ဝစွာ ပါဝင်ပါတယ်။ သစ်တော်သီး အလတ်စားတစ်လုံးမှာ အမျှင်ဓာတ် ၆ ဂရမ် ပါဝင်ပြီး အလတ်စား သစ်တော်သီးတစ်လုံး စားပေးတာက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမျှင်ဓာတ် ၂၂ ရာခိုင်နှုန်း ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။
(၂) စတော်ဘယ်ရီ

Photo : Awesome Fresh
စတော်ဘယ်ရီသီး ၁ ခွက်မှာ အမျှင်ဓာတ် ၃ ဂရမ်နီးပါး ပါဝင်ပြီး ခန္ဓာကိုယ်ရဲ့ နေ့စဉ် အမျှင်ဓာတ်လိုအပ်ချက် ၁၁ ရာခိုင်နှုန်းခန့်ကို ဖြည့်တင်းပေးနိုင်ပါတယ်။ ဒါ့အပြင် စတော်ဘယ်ရီသီးတွေမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ Prebiotic အာနိသင်ရှိတာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းတစ်ခုလုံးရဲ့ ကျန်းမာရေးကို အထောက်အပံ့ ဖြစ်စေပါတယ်။
(၃) ထောပတ်သီး

Photo : Delish
ထောပတ်သီးတစ်လုံးမှာ နှလုံးကျန်းမာစေတဲ့ အဆီတွေအပြင် အမျှင်ဓာတ် ၇ ဂရမ်ခန့် ပါဝင်ပါတယ်။ ထောပတ်သီးမှာ Soluble Fiber ဓာတ် ၃၀ ရာခိုင်နှုန်းနဲ့ Insoluble Fiber ဓာတ် ၇၀ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် အူမကြီးကျန်းမာရေးအတွက် စားသင့်တဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်။
(၄) ငှက်ပျောသီး

Photo : Ekonomista
ငှက်ပျောသီးတစ်လုံးမှာ အမျှင်ဓာတ် ၂ ဂရမ် ပါဝင်ပါတယ်။ အလတ်စား ငှက်ပျောသီးတစ်လုံးမှာ ကစီဓာတ် (၁၁)မျိုး ပါဝင်တာကြောင့် Soluble Fiber ဓာတ်ကဲ့သို့ အကျိုးပြုနိုင်ပြီး သွေးတွင်းသကြားဓာတ် မြင့်တက်မှုကို လျှော့ချပေးနိုင်ပါတယ်။
(၅) ပန်းပွင့်စိမ်း

Photo : Gardening Know How
ပန်းပွင့်စိမ်းမှာ အမျှင်ဓာတ် ၂.၄ ဂရမ် ပါဝင်ပြီး ၎င်းအမျှင်ဓာတ်က သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။
Featured Photo : Times of India

