ဝမ်းဗိုက်အဆီများကို မြန်မြန်ဆန်ဆန်ကျချင်တယ်ဆိုရင် လေ့ကျင့်ခန်းတစ်ခုတည်း ပြုလုပ်ရုံနဲ့ မရပါဘူး။ အဆီ၊ အဆိမ့်များ လျော့စားပြီး လေ့ကျင့်ခန်း များများ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ သွားရေစာများကို လုံးဝ မစားဘဲ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ Diet Plan ကို ပြုလုပ်မှသာလျှင် ဗိုက်အဆီများ မြန်မြန်ကျမှာ ဖြစ်ပါတယ်။ အမြောင်းထ နေတဲ့ 6 Packs များကို အချိန်တိုအတွင်း ပိုင်ဆိုင်ချင်တဲ့ ကွီးတို့အတွက် ဒီလေ့ကျင့်ခန်းများက ထိရောက်မှု အရှိဆုံးပါပဲ။

လေ့ကျင့်ခန်း (၁)

လေ့ကျင့်ခန်း (၁)

အဆင့် (၁) အရင်ဦးဆုံး ခန္ဓာကိုယ်ကို ဗွီပုံသဏ္ဍာန် ပြုလုပ်ပေးလိုက်ပါ။

အဆင့် (၂) ခြေထောက်ကို ရင်ဘတ်ဆီသို့ ဆွဲယူလိုက်ပါ။ ဗွီပုံသဏ္ဍာန်အတိုင်း ပြန်နေပါ။

၁၂ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၂)

လေ့ကျင့်ခန်း (၂)

အဆင့် (၁) ခန္ဓာကိုယ်ကို ဘေးတစောင်းထားကာ လှဲလျောင်းနေပါ။

အဆင့် (၂) ထို့နောက် ညာခြေကို အပေါ်သို့ မြှောက်လိုက်ပါ။ တစ်ချိန်တည်းမှာပဲ ဝမ်းဗိုက်ကြွက်သားများကို ညှစ်ကာ ခန္ဓာကိုယ်အပေါ်ပိုင်းကိုပါ ကြွလိုက်ပါ။ ထို့နောက် ခြေထောက်ပြန်ချပါ။

စုစုပေါင်း ၁၅ ကြိမ် ပြုလုပ်ပါ။

တစ်ဖန် ခန္ဓာကိုယ်ကို ဘက်ပြောင်းကာ လှဲလျောင်းပေးလိုက်ပြီး ဘယ်ခြေကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပေးရပါမယ်။ စုစုပေါင်း ၁၅ ကြိမ် ပြုလုပ်ပါ။ ဒီအဆင့်အထိပြီးသွားပါက တစ်ကျော့ ပြည့်သွားပါက နောက်ထပ် နှစ်ကျော့ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၃)

အမြောင်းထ 6 Packs

ဒီလေ့ကျင့်ခန်းကိုတော့ Rocking Plank လို့ခေါ်ပါတယ်။ တံတောင်ဖြင့် အားပြုကာ ထောက်ထားရမှာဖြစ်ပြီး ခြေသလုံးကနေ ပုခုံးအထိသည် ပျဉ်ပြားကဲ့သို့ တဖြောင့်တည်းဖြစ်နေရမှာ ဖြစ်ပါတယ်။ စစချင်းပြုလုပ်သူများအနေနဲ့ စက္ကန့် ၃၀ ခန့် စတင်ပြုလုပ်ရမှာဖြစ်ပြီး ရက်တဖြည်းဖြည်းကြာလာတဲ့အချိန်မှာတော့ အချိန်တွေကို တိုးပြီး ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

အမြောင်းထ 6 Packs

အဆင့် (၁) ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် တော့ အရင်ဆုံး ဖျာပေါ် လှဲအိပ်ပါ။ လက်ဖဝါးများကို မှောက်လှက် တင်ပါးအောက်တွင် ထားပါ။

အဆင့် (၂) ထိုလှဲလျက်သားအနေအထားမှ ခြေထောက်များကို ကြမ်းပြင်ပေါ်မှ ကြွပါ။ ဒီအနေအထားက စတင်တဲ့အနေအထားပါ။

အဆင့် (၃) ထို့နောက် ကြမ်းပြင်ကိုမထိပဲ ဘယ်ခြေထောက်နှိမ့်ထားပါ ပြီးနောက် ညာခြေထောက်ကို မြှောက်ပါ။ ကြမ်းပြင်ကိုမထိခင်မှာ ဘယ်ခြေထောက်ကို မြှောက်ပြီး ညာဘက်ခြေထောက်ကို လျှော့ပါ။

အဆင့် (၄) ထိုသို့ ၁၂ ခါလုပ်လျှင် ၁ကြိမ်အဖြစ်သတ်မှတ်ပါ။ ၃ ကြိမ်ပြုလုပ်ပေးပြီး၊ နောက်လေ့ကျင့်ခန်း မစခင် စက္ကန့် ၂၀ ခန့်အနားယူပါ။

သတိထားရမယ့် အချက်တစ်ခုကတော့ ဒီလေ့ကျင့်ခန်းကို မြန်မြန်မလုပ်ပါနဲ့၊ လုပ်နေရင်း အသက်ရှူအောင့် ထားတာမျိုးမလုပ်ရပါဘူး။

လေ့ကျင့်ခန်း (၅)

အမြောင်းထ 6 Packs

အဆင့် (၁) ဒီလေ့ကျင့်ခန်း ပြုလုပ်ဖို့အတွက် အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေပါ။

အဆင့် (၂) ဝမ်းဗိုက်ကြွက်သားများကို အသုံးပြုကာ ခန္ဓာကိုယ် အပေါ်ပိုင်းကို ကြွပေးရမှာပဲဖြစ်ပါတယ်။

စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။

အခု ဖော်ပြသွားတဲ့ လေ့ကျင့်ခန်းများကို ပုံမှန်သာ ပြုလုပ်ပေးသွားမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ဝမ်းဗိုက်ကြွက်သားများက အမြောင်းထ နေတဲ့ 6 Packs များနဲ့ ပြည့်နှက်နေမှာ အမှန်ပါပဲ။

Source: Menshealth

Featured Photo : Myfitfoods