အယ်လ်ကို‌ဟော ကို သင့်တင့်မျှတစွာ ချင့်ချိန် သောက်မယ်ဆိုရင် အချို့သော ကျန်းမာရေး အကျိုးကျေးဇူးတွေ ရတယ်ဆိုတာ ကွီးတို့ သိပြီးသားဖြစ်မှာပါ။ ဒီတစ်ခါမှာ အယ်လ်ကိုဟောဟာ ကွီး တို့ရဲ့ ပေါင်းသင်းဆက်ဆံရေးတွေ၊ Relationship တွေ အပေါ်မှာဘယ်လိုကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေသလဲ ဆိုတာ လေ့လာမိသလောက် ဝေမျှပေးချင်ပါတယ်။

အိမ်ထောင်ဖက်နဲ့ ကွီးရဲ့ Relationship ကိုအထောက်အကူပြုစေပါတယ်

အယ်လ်ကိုဟောဟာ ကွီး

Photo : Spanish Fly

လေ့လာမှုအရ အယ်လ်ကိုဟောဟာ ကွီး တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဟန့်တားမှုများကို လျှော့ချပေးနိုင်ပြီး တစ်စုံတစ်ဦးအပေါ် လှုပ်ရှားမှုပြုလုပ်ခြင်းနှင့် ဆက်စပ်နေသော စိုးရိမ်ပူပန်မှုနှင့် အာရုံကြောများကို လျော့ကျသွားစေနိုင်တယ် လို့သိရပါတယ်။ ကွီးတို့ အိမ်ထောင်ဖက်နဲ့ ချစ်တင်းနှီးနှောရာတွင် ခန္ဓာကိုယ်ပုံသဏ္ဌာန်ဆိုင်ရာ စိုးရိမ်ပူပန်မှုများ သို့မဟုတ် ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းခြင်း တို့ကို ဝိုင်တစ်ခွက်နဲ့ လျှော့ချနိုင်တယ်လို့ ဟု လိင်ပိုင်းဆိုင်ရာ ကုထုံးပညာရှင် Laurie Watson က Psychology Today မှာ ပြောကြားခဲ့ပါတယ်။ အရက်အနည်းငယ်သည် အမျိုးသားတို့ဖြစ်လေ့ရှိတဲ့ ၎င်းတို့ရဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်မကောင်းမှုကို ကြောက်ရွံ့မှုကို လျှော့ချနိုင်ပြီး လိင်သတ္တိကို တိုးပွားစေတယ်လို့လည်း ဆိုပါတယ်။ ဒီအချက်က အိမ်ထောင်ရေးသုခ အတ္ပက် များစွာအထောက်ပြုပြီး ကွီးတို့ရဲ့ အိမ်ထောင်ဖက်နဲ့ ဆက်ဆံရေးကို ကိုလည်း ပိုမိုကောင်းမွန်လာစေပါတယ်။

အပေါင်းအသင်း မိတ်ဆွေကြားက ခင်မင်ရင်းနှီးမှုကို တိုးစေပါတယ်

အယ်လ်ကိုဟောဟာ ကွီး

Photo : Men’s Health

အယ်ကိုလ်ဟောဟာ ကွီး တို့ရဲ့ ကွီးတို့ရဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ပေါင်းသင်းဆက်ဆံရေး စတဲ့ လူမှုဆက်ဆံရေး အခြေအနေများတွင် ကူညီပေးနိုင်ပါသည်။ ဘော်ဒါတွေနဲ့ အတူတူအရက်သောက်ပြီး ပျော်ပျော်ရွှင်ရွှင် အချိန်ကုန်ဆုံးခြင်းက ကွီးတို့ ဘော်ဒါချင်း ရင်ဘတ်ချင်း ပိုနီးစပ်စေပါတယ်။ တွေ့ဆုံပွဲမှာဖြစ်စေ၊ စားပွဲမှာဖြစ်စေ အရက် သို့မဟုတ် အယ်လ်ကိုဟော အနည်းငယ် သောက်ခြင်းက စိတ်ဖိစီးမှုနဲ့ ကြောက်ရွံ့မှုကို လျှော့ချပေးတာကြောင့် ကွီးတို့ကို ပိုမိုဖော်ရွေပြီး အနည်းငယ် တတ်ကြွစေပါတယ်။ သူငယ်ချင်းအသစ်၊ မိတ်ဆွေအသစ် ဖွဲ့တဲ့အခါ အရေးကြီးတဲ့ လက္ခဏာနှစ်ခုစလုံးပါပဲ။

စီးပွားရေးလုပ်ငန်းပိုင်းဆိုင်ရာ ပြောဆိုဆက်ဆံမှုမှာလည်း အထောက်အကူပြုပါတယ်

Alcohol

Photo : Des Monies Register

စီးပွားရေး လုပ်ငန်းပိုင်းဆိုင်ရာ ညစာစားပွဲတွေ၊ တွေ့ဆုံပွဲတွေ၊ ပါတီတွေမှာ အယ်လ်ကိုဟောနဲ့ အဖျော်ယမကာမျိုးစုံကလည်း မပါမဖြစ်ပဲ ဖြစ်ပါတယ်။ စီးပွားရေးဆိုင်ရာ ညစာစားပွဲတွေမှာ ရှန်ပိန် အနည်းငယ်၊ ဝီစကီတစ်ခွက် သို့မဟုတ် ဝိုင်အနည်းငယ် သောက်ရင်း လုပ်ငန်းပိုင်းဆိုင်ရာသော် ဆွေးနွေးပြောဆိုလေ့ရှိပါတယ်။ အယ်လ်ကိုဟော အနည်းငယ်က ကွီးတို့ရဲ့ စိတ်ကိုတတ်ကြွစေပြီး စကားပြောရတာ အဆင်ပြေစေပါတယ်။ မိမိထက် ရာထူးကြီးသော ပုဂ္ဂိုလ်များနဲ့ ပြောဆိုဆက်ဆံဖို့အတွက်လည်း စိုးရိမ်စိတ်နဲ့ ကြောက်ရွံ့မှုကို လျှော့ချပေးတဲ့အတွက် စကားပြောဆိုဆက်ဆံရာမှာ အဆင်ပြေစေတဲ့အတွက် ဆက်ဆံရေး ပိုမိုကောင်းမွန် လာစေပါတယ်။ သို့သော်လည်း ထိုကဲ့သို့ ပွဲအခမ်းအနားမှာ အလွန်အကျွံမဟုတ်ဘဲ သင့်တင့်မျှတတဲ့ ပမာဏတစ်ခုကိုသာ သောက်သုံးသင့်ပါတယ်။

ကွီးတို့ရေ အယ်လ်ကိုဟောကို သင့်တင့်မျှတစွာ ချင့်ချိန်သောက်သုံးလျှင် ကွီး တို့ရဲ့ Relationship တွေ အပေါ်မှာ အချို့သော ကောင်းကျိုးတွေရှိနိုင်တယ် ဆိုတာ ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။

Source : Insider

Featured Photo : Relationships