ကွီးတို့ရေ အရက် သို့မဟုတ် အယ်လ်ကိုဟော ပါဝင်သော အဖျော်ယမကာများကို သင့်တင့်မျှတစွာ သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်ရနိုင်သော အကျိုးကျေးဇူးများ ရှိတယ်ဆိုတာ ကွီးတို့သိပါသလား။ ဘယ်လိုအကျိုး‌ကျေးဇူးတွေ ရလဲဆိုတာ ပြောပြပေးချင်ပါတယ်။

သင့်တင့်မျှတသော အရက်ပမာဏက ဘယ်လောက်လဲ

အရက်အမျိုးမျိုးပါ်မူတည်ပြီး အယ်လ်ကိုဟော ပမာဏမတူကြပါဘူး။ ဒါကြောင့် ဘီယာ (၁) ပုလင်း ( ၁၂ အောင်စ) သို့မဟုတ် ဝိုင်တစ်ခွက် (၅) အောင်စ သို့မဟုတ် ဂျင်၊ ရမ်၊ ဗော်ကာ တစ်ခွက် (၁.၅)အောင်စဟာ  မျှတသော ပမာဏဖြစ်ပါတယ်။

အယ်လ်ကိုဟော ကို သင့်တင့်မျှတစွာ သောက်ခြင်းရဲ့ အကျိုးကျေးဇူးများ က ဘာတွေလဲ

အရက်ဟာ ကွီးရဲ့ကျန်းမာရေးကို အနည်းနဲ့ အများ ကောင်းစေတယ်ဆိုတာ အံ့အားသင့်ဖွယ် တွေ့ရှိရပါတယ်။ ဒါပေမဲ့ သင့်တင့်မျှတတဲ့ ပမာဏကိုကျော်သွားရင်တော့ ဆိုးကျိုးတွေ ရှိလာမှာ ဖြစ်ပါတယ်။

(၁) ကွီးရဲ့ နှလုံးကျန်းမာရေးကို ကူညီပေးပါတယ်

အယ်လ်ကိုဟော အကျိုးကျေးဇူးများ

Photo : Times of India

ကွီးအနေနဲ့ ပုံမှန်နှလုံးကျန်းမာသူတစ်ဦးဆိုလျှင်  အယ်လ်ကိုဟော ကို သင့်တင့်မျှတစွာ သောက်သုံးပါက ရုတ်တရက် နှလုံးဖောက်ခြင်း (Heart Attack) ၊ လေဖြတ်ခြင်း သို့မဟုတ် သွေးလွှတ်ကြောများ မာကျောခြင်းဖြစ်နိုင်ခြေကို  ၂၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ လျော့နည်းစေခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိစေပါတယ်။ အရက်အနည်းငယ်သောက်သုံးခြင်းက ကိုယ်တွင်း HDL (ကောင်းသော ကိုလက်စထရော) အဆင့်ကို မြင့်တက်စေတဲ့အကြောင်း တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ပါတယ်။ အခြားတစ်ဖက်မှာတော့  အရက်အလွန်အကျွံသောက်ခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေတယ် ဆိုတာကို အထူးသတိပြုပါ။

(၂) ကျောက်ကပ် ကျောက်တည်ခြင်းကို ကာကွယ်ပေးပါတယ်

အယ်လ်ကိုဟော အကျိုးကျေးဇူးများ

Photo : Kauvery Hospital

ပုံမှန် သင့်တင့်မျှတစွာ သောက်သူများသည် ကျောက်ကပ်ကျောက်တည်နိုင်ခြေ နည်းပါးပြီး ဘီယာသောက်သူများတွင် ၄၁ ရာခိုင်နှုန်း၊ ဝိုင်သောက်သူများ ၃၃ ရာခိုင်နှုန်း လျော့နည်းစေပါတယ်။ အကြောင်းရင်းတစ်စိတ်တစ်ပိုင်းကတော့ ကော်ဖီနဲ့ လက်ဖက်ရည်မှာပါတဲ့ ကဖိန်းဓာတ်လိုမျိုး အရက်က မကြာခဏ ဆီးသွားတတ်တာကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒါက ကျောက်တုံးလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ပုံဆောင်ခဲလေးတွေကို ရှင်းထုတ်ဖို့ ကူညီပေးတယ်။ အလွန်အကျွံသောက်ပါက ရေဓာတ်ခန်းခြောက်နိုင်ပြီး အခြားကျန်းမာရေးပြဿနာများနှင့်အတူ ကျောက်ကပ်ကျောက် တည်နိုင်ခြေကို မြင့်တက်စေပါတယ်။

(၃) ကွီးတို့ကို ပိုပြီး လူမှုရေး ဝင်ဆန့်စေပါတယ်

အယ်လ်ကိုဟော အကျိုးကျေးဇူးများ

Photo : Daily Mail

ကွီးတို့အနေနဲ့ သင့်တင့်မျှတစွာ သောက်တတ်တဲ့ သူငယ်ချင်းကောင်းတွေရှိရင် ပိုကောင်းပါတယ်။ ကွီးတို့ကို စိတ်ရောကိုယ်ပါတတ်ကြွစေပြီး စကားပြောချိန်ပိုရနိုင်ခြေရှိပါတယ်။ ဒါ့အပြင် အပြုံးများ မျှဝေကာ စကားဝိုင်းတွင် ပါဝင်သူတိုင်းကို သွက်သွက်လက်လက်နဲ့ ပျော်ရွှင်စွာ ထိန်းသိမ်းထားနိုင်ခြေ ပိုများပါတယ်။ အလွန်အကျွံသောက်ပြီး သူတစ်ပါးကို အနှောင့်အယှက်ဖြစ်စေရင်တော့ ကွီးတို့နဲ့အတူ နောက်တစ်ခါ အရက်သောက်ဖို့ ဝန်လေးကြမှာပါ။

(၄) ကွီးရဲ့ လိင်မှုဘဝကို မြှင့်တင်ပေးတယ်

အယ်လ်ကိုဟော အကျိုးကျေးဇူးများ

Photo : Insider

အယ်လ်ကိုဟော ကို သင့်တင့်မျှတစွာ သောက်သုံးပါက ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ ထဲက နောက်တစ်ခုကတော့ ကွီးတို့အား စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းရန် ကူညီပေးခြင်းပဲဖြစ်ပါတယ်။ လေ့လာမှုတစ်ခုတွင် တစ်နေ့လျှင် ဝိုင်နီတစ်ဖန်ခွက် သို့မဟုတ် နှစ်ခွက်သောက်သော အမျိုးသမီးများသည် မသောက်သူများထက် စိတ်ဆန္ဒ၊ နိုးကြားမှုနှင့် လိင်စိတ်ကျေနပ်မှု ပိုများသည်ဟု ဆိုပါတယ်။ ပိုသောက်တဲ့သူတွေကတော့ အပြောင်းအလဲမရှိဘူးလို့ ဆိုပါတယ်။ အရက်သောက်ခြင်းက အမျိုးသားတစ်ဦး၏ Testosterone ပမာဏကို မြှင့်တင်ပေးနိုင်ပြီး အမျိုးသားရော အမျိုးသမီးပါ စိတ်တတ်ကြွစေပါတယ်။ ဒါပေမယ့် အလွန်အကျွံသောက်တဲ့ အမျိုးသားတွေဟာ လိင်ဆက်ဆံလိုစိတ်နဲ့ လိင်ဆက်ဆံနိုင်စွမ်းကို ဆုံးရှုံးနိုင်ပါတယ်။

(၅) ကွီးရဲ့ ဦးနှောက်ကိုကူညီပေးပါတယ်

alcohol

Photo : Best Life Online

တစ်ပတ်လျှင် အကြိမ်အနည်းငယ် သို့မဟုတ် နှစ်ကြိမ်သောက်ပါက အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေ နည်းပါးစေပါတယ် တကယ်တော့၊ ရောဂါဖြစ်နိုင်ခြေကို လျှော့ချဖို့ အထူးထုတ်လုပ်ထားတဲ့ MIND အစားအသောက်အစီအစဉ်ထဲမှာ ဦးနှောက်ကျန်းမာစေတဲ့ အစားအစာအုပ်စု ၁၀ ခုထဲက တစ်ခုအဖြစ် ဝိုင် ကို ထည့်ထားပါတယ်။ ၎င်းသည် လေဖြတ်ခြင်းနှင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးသည့်အပြင် အယ်လ်ဇိုင်းမား၏ ဆိုးကျိုးများကို ထိန်းနိုင်ပါတယ်။

(၆) သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်

blood sugar test

Photot : Eat this, Not That

ညစာနှင့်အတူ ပျော်ရွှင်ဖွယ် ကော့လ်တေး သို့မဟုတ် ဝိုင်တစ်ခွက်က ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို နည်းပါးစေပါတယ်။ သိပ္ပံပညာရှင်များက ဘာကြောင့်ဆိုသည်ကို အတိအကျ မသိရ သော်လည်း သောက်စရာတစ်ခု သို့မဟုတ် နှစ်လုံးက ခန္ဓာကိုယ်တွင်း မြင့်မားသော သွေးသကြားဓာတ် အဆင့်ကို ကျန်းမာသောနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းပေးဖို့  အထောက်အကူဖြစ်စေပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ အယ်လ်ကိုဟော ကို သင့်တင့်မျှတစွာ သောက်သုံးပါက ခန္ဓာကိုယ်အတွက်ရနိုင်သော အကျိုးကျေးဇူးများ ပဲဖြစ်ပါတယ်။ မြန်မာစကားပုံအရ “တန်ဆေး လွန်ဘေး”တဲ့။ အရက် လျှော့သောက်ခြင်းဟာ  ပိုသောက်ခြင်းထက် ကျန်းမာရေးကို ပိုကောင်းစေတယ်ဆိုတာ သတိပြုပါ။  အရက်ပြင်းပြင်းကို နေ့စဉ် အကြိမ်များများနဲ့ အလွန်အကျွံသောက်နေမယ်ဆိုရင် သေချာတာက  ကျန်းမာရေးကို ထိခိုက်ပါပြီ။ ဒီလို အရက်သောက်ခြင်းမျိုးကို ချက်ချင်းရပ်တန့်လိုက်ပါလို့ အထူး အကြုံပြုပါရစေ။

Source : WebMD

Featured Photo : Eatthis