ခရစ္စတီယာနို ရော်နယ်လ်ဒို ၊ ဆာဒီမာနေးတို့လို ထိပ်တန်း ကစားသမားကြီးတွေ ဦးဆောင် ပါဝင်နေတဲ့ အယ်လ် နာဆာ အသင်းနဲ့ ကူလီဘလီ ၊ မီလင်ကိုဗစ် ဆာဗစ် ၊ ရူဘင် နေးဗက်စ် နဲ့ မယ်လ်ကွန်တို့ကို ပိုင်ဆိုင်ထားတဲ့ အယ်လ် ဟီလာ အသင်းတို့ဟာ အာရပ် ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ဗ်ိုလ်လုပွဲစဉ်မှာ ထိပ်တိုက် တွေ့ဆုံနေပြီပဲ ဖြစ်ပါတယ်။
Photo Credit : Mindset – Viva
အယ်လ် နာဆာအသင်းက မနေ့က ယှဉ်ပြိုင်ခဲ့ရတဲ့ အာရပ် ကလပ် ချန်ပီယံရှစ် ဆီမီးဖိုင်နယ် ပွဲစဉ်မှာ အီရတ်ကလပ် အယ်လ် ရှောတာအသင်းနဲ့ တွေ့ဆုံနေခဲ့ပြီး ပထမပိုင်း ပွဲချိန်အတွင်းမှာပဲ ရော်နယ်လ်ဒိုက ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့် လူကျွံဘောအဖြစ်သာ သတ်မှတ်ခံရလို့ နစ်နာခဲ့ရပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းအတွင်း မာနေးရဲ့ ထိုးဖောက်မှုတွေ ကောင်းမွန်လာရင်း မာနေးကြောင့် ပင်နယ်တီ ကန်သွင်းခွင့် ရရှိလာရာ ဒီပင်နယ်တီကို ရော်နယ်လ်ဒိုက အမှားအယွင်း မရှိ ကန်သွင်းယူရင်း အဲ့ဒီဂိုးနဲ့ပဲ ဖိုင်နယ်အဆင့်ဆီ ပထမဆုံးအကြိမ်အဖြစ် တက်လှမ်းသွားခဲ့ရပါတယ်။
Photo Credit : Detik Sport
တစ်ဖက်မှာတော့ အယ်လ် ဟီလာအသင်းက ဆော်ဒီကလပ် အယ်လ် ရှာဘတ်အသင်းနဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံနေရင်း မယ်လ်ကွန်ရဲ့ ဂိုးတစ်ဂိုး အပါအဝင် (3-1) နဲ့ အနိုင်ယူရင်း ဖိုင်နယ်ကို တက်လှမ်းသွားခဲ့ရပါတယ်။ အယ်လ် ဟီလာ အသင်းကတော့ ဒီပြိုင်ပွဲမှာ ဖိုင်နယ်အဆင့်ကို (၄)ကြိမ်အထိ တက်လှမ်းထားခဲ့ဖူးပြီး ၁၉၉၄ နဲ့ ၁၉၉၅တွေမှာ (၂)နှစ်ဆက်တိုက် ချန်ပီယံ ဖြစ်ထားခဲ့ပြီး ၁၉၈၉ နဲ့ ၂၀၁၉တို့မှာ ဒုတိယနေရာနဲ့ပဲ ကျေနပ်ထားခဲ့ရပါတယ်။
Photo Credit : Italy 24 Press News
ဒီဗိုလ်လုပွဲကြီးကိုတော့ လာမယ့် (၁၂)ရက်နေ့ည (၁၃)ရက်နေ့ မနက်အစောပိုင်း (၁၂)နာရီခွဲအချိန် ဆော်ဒီနိုင်ငံက King Fahd ကွင်းကြီးအတွင်း ယှဉ်ပြိုင်သွားစေမှာဖြစ်ပြီး ဆော်ဒီလိဂ်ဆီ အရင်ဆုံး ရောက်ရှိနေတဲ့ GOAT ကြီး ရော်နယ်လ်ဒို ဆော်ဒီမြေမှာ ပထမဆုံးသော ဆုဖလားတစ်လုံးကို စတင် ရယူသွားနိုင်မလား ဒါမှမဟုတ် ဒီရာသီမှ အယ်လ် ဟီလာ အသင်းဆီ ရောက်ရှိလာတဲ့ ကစားသမားကောင်းတွေက သူတို့အသင်းအတွက် စောစောစီးစီးပဲ ဆုဖလား ရယူပေးသွားနိုင်မလား ဆိုတာကတော့…