အရပ်ရှည်ချင်တယ်ဆိုရင် ကွီးတို့ ဒီဆောင်းပါးလေးကို အဆုံးထိ ဖတ်ကြည့်သင့်ပါတယ်။ လူတစ်ယောက်မှာ ဆယ်ကျော်သက်အရွယ်ကစလို့ အသက် ၁၈ / ၂၀ နှစ် ဝန်းကျင်အထိ အရပ်ထွက်တယ်လို့ ယေဘုယျအားဖြင့် ပြောလို့ ရပါတယ်။ အဓိကကတော့ စားသောက်နေထိုင်မှုပုံစံ ၊ မျိုးရိုးဗီဇနဲ့ လေ့ကျင့်ခန်း အလေ့အထတွေဟာလည်း အရပ်ရှည်လာစေဖို့ကို များစွာ သက်ရောက်မှု ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အသက် ၁၈ နှစ်နောက်ပိုင်း အရပ်ပိုရှည် လာစေဖို့ ပြုလုပ်နိုင်တဲ့ အထိရောက်ဆုံး လေ့ကျင့်ခန်း နည်းတွေကို မျှဝေပေးချင်ပါတယ်။
(၁) Rope Skipping
Photo : Eat This Not That
အရပ်ပိုရှည် လာဖို့အတွက် အကောင်းဆုံး လေ့ကျင့်ခန်းတွေထဲက တစ်ခုကတော့ ကြိုးခုန်တာပါ။ ကြိုးခုန်လေ့ကျင့်ခန်းက ကြွက်သားတွေကို ပိုမို ဆန့်ထွက်စေပြီး အရပ်ကို နဂိုမူလထက် ပိုမို ရှည်လာစေဖို့ အထောက်အကူ ပြုပါတယ်။
(၂) Single Leg Hopping
Photo : Rvce.edu.in
Single Leg Hopping ကတော့ ပျော်စရာကောင်းသလို ပေါ့ပေါ့ပါးပါးနဲ့ ကစားနိုင်မယ့် အရပ်ပိုရှည် စေမယ့် လေ့ကျင့်ခန်း တစ်ခုပါပဲ။ ခြေထောက်တစ်ဖက်တည်း ထောက်ထားပြီး ခုန်ရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ခန္ဓာကိုယ်အောက်ပိုင်း ကြွက်သားအစိတ်အပိုင်းတွေအပေါ် သက်ရောက်မှု ရှိသလို ဝမ်းဗိုက်ကြွက်သားတွေကိုလည်း ကျစ်လစ်သန်မာလာစေဖို့ အထောက်အကူ ပြုပါတယ်။
(၃) Puppy Pose
Photo : Rooftop.co.jp
လှုပ်လှုပ်ရှားရှား သိပ်မလုပ်ရတဲ့ ယောဂနည်းနဲ့ အရပ်ပိုရှည် အောင်လုပ်ချင်ရင်တော့ Puppy Pose ကို အထိရောက်ဆုံးပါ။ ဒီလေ့ကျင့်ခန်းနည်းက ကျောရိုးနဲ့ ခြေထောက် ကြွက်သားတွေကို ဆန့်ထွက်စေတဲ့အတွက် အရပ်ကို ပိုရှည်စေပါတယ်။
(၄) စက်ဘီးနင်း
Photo : DECATHLON® MY
စက်ဘီးနင်းခြင်းကို အရပ်ပိုရှည်စေဖို့အတွက် အထောက်အကူပြုတဲ့ အကောင်းဆုံး လေ့ကျင့်ခန်း တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ စက်ဘီးနင်းတဲ့အခါ ခန္ဓာကိုယ်ရဲ့ အောက်ပိုင်း ကြွက်သားအစိတ်အပိုင်းတွေကို ဆန့်ထုတ်ခြင်း/ကျုံဝင်ခြင်းစတဲ့ လုပ်ငန်းစဉ်တွေ ပါဝင်တာကြောင့် ခြေထောက်မှာရှိတဲ့ အရိုးတွေနဲ့ ကြွက်သားတွေကို ပိုမိုသန်မာဆန့်ထွက်လာစေပြီး အရပ်ပိုရှည်လာစေမှာပဲ ဖြစ်ပါတယ်။
(၅) Cobra Stretch
Photo : Men’s Health
Cobra Stretch ကတော့ ကျောရိုးပင်မကို ဆန့်ထွက်စေမယ့် အကောင်းဆုံး အကြောလျော့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက အဓိကအားဖြင့် ကျောရိုးကို သန်မာစေပြီး ပခုံး ၊ ရင်ဘတ်နဲ့ ဝမ်းဗိုက် ကြွက်သားတွေကို ဆန့်ထုတ်ပေးတာကြောင့် အရပ်ပိုရှည်လာဖို့အတွက် အထောက်အကူ ဖြစ်စေတာပဲ ဖြစ်ပါတယ်။
Source : magicpin
Featured Photo : Medibank