ကွီးတို့ရေ ကမ္ဘာတစ်ဝှမ်း လူကြိုက်အများဆုံး ကော့လ်တေး တစ်ခုကတော့ အရောင်အဆင်း တကယ်လှပတဲ့ Tequila Sunrise ပဲ ဖြစ်ပါတယ်။ Tequila Sunrise ဆိုတဲ့နာမည်အတိုင်း အဝါရောင်နဲ့ အနီရောင် ရောစပ်ထားပြီး တကယ်ကိုတောက်ပပြီး ချိုမြိန်တဲ့ အရသာ ရှိပါတယ်။ Tequila Sunrise ကော့လ်တေးက နွေရာသီနဲ့ အလိုက်ဖက်ဆုံးလို့ဆိုပေမယ့် ဘယ်ရာသီမှာ သုံးဆောင်ပါစေ တကယ်ကို ချိုမြိန်ကောင်းမွန်ပါတယ်။ တကယ်ကို လှပချိုမြိန်သလောက် ဖျော်စပ်နည်းကတော့ ပါဝင်ပစ္စည်း အနည်းငယ်နဲ့ အလွယ်ကူဆုံးလို့ ပြောလို့ရပါတယ်။ ဒါကြောင့်ကွီးတို့ အလွယ်တကူ ဖျော်စပ်နိုင်အောင် တက်သစ်စနေရောင်လို လှပတဲ့ အရောင်အဆင်းရှိတဲ့ Tequila Sunrise ဖျော်စပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။

tequila-sunrise

Photo : The Tortilla Channel

တက်သစ်စနေရောင်လို လှပတဲ့ အရောင်အဆင်းရှိတဲ့ Tequila Sunriseတစ်ခွက် ဖျော်စပ်ဖို့ ပါဝင်ပစ္စည်းတွေကတော့………
(၁) Tequila
(၂) လိမ္မော်ရည် သို့မဟုတ် သစ်သီးဖျော်ရည်
(၃) Grenadine ရည်
(၄) ရေခဲတုံးများ
(၅) လိမ္မော်သီးနှင့် သံပုရာသီးတစ်ခြမ်း စသည်တို့လိုပါတယ်။

Cocktail

Photo : The Tortilla Channel

ဒါတွေအားလုံး ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ တက်သစ်စ နေရောင်လိုလှပတဲ့ အရောင်အဆင်းရှိတဲ့ Tequila Sunrise ဖျော်စပ်ဖို့အသင့်ပါပဲ။
ဖျော်စပ်ပုံကတော့………

(၁) ပထမဦးစွာ Tequila Sunrise ကို အလွယ်ကူဆုံးဖျော်စပ်ဖို့ အတွက် ရေခဲတုံးများဖြင့် စတင်လိုက်ပါ။ ရေခဲတုံးကြီး ၆ တုံးမှ ၈ တုံးခန့်ကို ဖန်ခွက်ထဲသို ထည့်ပါ။
(၂) ထို့နောက် လိမ္မော်ရည်ကို ဖန်ခွက်ထဲသို့ ထည့်ပြီး Tequila ကို လောင်းပါ။ ပြီးနောက် ဇွန်းဖြင့် သမအောင် ကောင်းစွာ ရောမွှေပေးပါ။
(၃) Grenadine ရည်ကို ဇွန်းအား ဖန်ခွက်ပေါ်မှ မှောက်ယက် အနေအထားဖြင့် ဖြည်းညှင်းစွာ လိမ္မော်ရည်ထဲသို့ လောင်းချလိုက်ပါ။
(၄) ပြီးရင် စက္ကန့်အနည်းငယ်လောက် စောင့်နေလိုက်ပါ။ Grenadine ရည်က ဖန်ခွက် အောက်ခြေသို့ ဖြေးညင်းစွာ ဆင်းသွားသည် ကိုတွေ့ရပါလိမ့်မယ်။
(၅) ဖန်ခွက် အောက်ခြေက အနီရောင် Grenadine ရည်နဲ့ အဝါရောင်တောက်နေတဲ့ လိမ္မော်ရည် ကိုတွေ့ရဖို့ ကွီးတို့ အနည်းငယ်တော့ စိတ်ရှည်ရပါမယ်။
(၆) နောက်ဆုံးအနေနဲ့ လိမ္မော်သီး တစ်စိပ်နဲ့ သံပရာသီး တစ်စိပ်တို့ဖြင့်  အလှဆင်လိုက်ပါ။
ကဲ ဒါဆိုရင်တော့ နေရောင်လို လှပတဲ့ အရောင်အဆင်းရှိတဲ့ Tequila Sunrise ကော့လ်တေး ဖျော်စပ် ပြီးပါပြီ။

Cocktail

Photo : Wine Dhram

ကွီးတို့ရေ အရသာရှိပြီး ချိုမြိန်တဲ့အပြင် တက်သစ်စ နေရောင်လို လှပတဲ့ အရောင်အဆင်းရှိတဲ့ Tequila Sunrise ကော့လ်တေး ကို လွယ်လွယ်ကူကူ ဖျော်စပ်ပြီး ချစ်ရသူတွေ၊ ခင်ရသူတွေနဲ့ အတူသုံးဆောင်လို့ရပါပြီ။

Source : The Tortilla Channel

Featured Photo : Noseychef