အပြိုင်အဆိုင် တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ အရဲစွန့် ရမှာကို ကြောက်နေရင်တော့ ကွီးတို့က နောက်ကောက်ကျ ကျန် ခဲ့မယ်ဆိုတာကို ဗေဒင်ဆရာ သွားမေးစရာတောင် မလိုပါဘူး။ အဖြေက ရှင်းနေတာပါပဲ။

အရဲစွန့်တယ်ဆိုတာ ပုံစံ အမျိုးမျိုးနဲ့ ရှိနေနိုင်ပါတယ်။ ကွီးတို့ မရောက်ဖူးတဲ့ နေရာကို ခရီးထွက်သွားတာကလည်း အရဲစွန့်ခြင်း တစ်မျိုးပဲဖြစ်ပါတယ်။ ဒါမှမဟုတ် ကိုယ့်ကို အမြဲတမ်း ဖိနှိပ်နေ ဖိအားပေးနေတဲ့ အထက်လူကြီးကို ကိုယ် မှန်ကန်ကြောင်း ပြန်ပြောခြင်းကလည်း အရဲစွန့်ခြင်းပါပဲ။ အရဲစွန့်ခြင်း ဆိုတာကတော့ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ကွီးတို့ရဲ့ အကြောက်တရားကို စိန်ခေါ်ကာ အနိုင်ပိုင်းပစ်ခြင်းပဲဖြစ်ပါတယ်။ ဒီလိုမျိုး အရဲစွန့် ပြီး အကြောက်တရားကို အနိုင်ပိုင်းပစ်မယ် ဆိုရင်တော့ အောင်မြင်မှုက ကွီးတို့ အတွက်ပါပဲ။ ဒီလိုမှ မဟုတ်ဘဲနဲ့ အရဲစွန့် ရမှာကို ချီတုံ ချတုံဖြစ်နေရင် ကွီးတို့ပဲ နောက်ကောက်ကျ ကျန် ခဲ့မှာပဲ ဖြစ်ပါတယ်။

ကွီးတို့သာ တကယ်လို့ အရဲစွန့် ပြီး လုပ်ရဲ ကိုင်ရဲတဲ့ သတ္တိတစ်ခုကို မွေးမြူလိုက်မယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အကျိုးကျေးဇူးများကို ရရှိပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

(၁) အခွင့်အရေးကောင်းများကို ရရှိပိုင်ဆိုင်နိုင်မယ်

အခွင့်အရေးကောင်းများကို ရရှိပိုင်ဆိုင်နိုင်မယ်

အခွင့်အရေးတွေဆိုတာကတော့ ကြိုးစားသူတွေအတွက်ပဲ ဖြစ်ပါတယ်။ သက်သောင့်သက်သာဖြစ်တဲ့ နေရာမှာပဲ ပျော်မွေ့ပြီး အရဲစွန့်ရမှာ ကြောက်တယ်ဆိုရင်တော့ အခွင့်အရေးကောင်းတွေကို လက်လွှတ်ဆုံးရှုံးရမှာပဲ ဖြစ်ပါတယ်။

(၂) မိမိကိုယ်ကိုယ် ယုံကြည်ချက်တွေ တိုးမြှင့်လာမယ်

မိမိကိုယ်ကိုယ် ယုံကြည်ချက်တွေ တိုးမြှင့်လာမယ်

တစ်စုံတစ်ခုကို အရဲစွန့်ပြီး လုပ်ကိုင်လိုက်တဲ့အတွက်ကြောင့် အောင်မြင်စွာ လုပ်ဆောင်ပြီးတဲ့နောက်မှာ “ငါ လုပ်နိုင်လိုက်ပါလား” ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်တွေ တိုးမြှင့်လာပါလိမ့်မယ်။ ကွီးတို့လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်တွေ တိုးမြှင့်ဖို့အတွက် ကွီးတို့ ကြောက်တဲ့ အရာတစ်ခုခုကို အရဲစွန့်ကာ စိန်ခေါ်ကြည့်ပြီး အနိုင်ယူပစ်လိုက်ပါ။

(၃) အသစ်သော အရာတွေကို လေ့လာသင်ယူနိုင်လာမယ်

အရဲစွန့် ကျန်

ကွီးတို့ သက်သောင့်သက်သာဖြစ်တဲ့ ဇုန်ထဲကနေ ထွက်ခြင်းသည် အရဲစွန့်ခြင်းလို့ ခေါ်ပါတယ်။ ဒီလိုမျိုး ဘော်ကြော့နေလို့ ရတဲ့ ဘဝကနေ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ကြည့်ဖို့ဆိုရင်တော့ ကွီးတို့ မသိတဲ့ အသစ်သော အရာတွေကို လေ့လာသင်ယူဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။ ဒီလို အသစ်သော အရာတွေကို လေ့လာလိုက်ခြင်းအားဖြင့် ကွီးတို့ရဲ့ တိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေမှာပဲ ဖြစ်ပါတယ်။

(၄) အောင်မြင်မှုကို ကွီးတို့ကို စောင့်ကြိုနေလိမ့်မယ်

အရဲစွန့် ကျန်

အခြားသူတွေက တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် အရဲစွန့်ကာ ဆုံးဖြတ်ချက်တွေ ချနေချိန်မှာ ကွီးတို့က ချီတုံချတုံ ဖြစ်နေမယ်ဆိုရင်တော့ အောင်မြင်မှုက တဖြည်းဖြည်း ဝေးကွာသွားပါလိမ့်မယ်။ ဘယ်လို အတားအဆီးတွေ၊ အခက်အခဲတွေ ကြုံတွေ့နေရပါစေ လုပ်မယ်ကွာ ဆိုတဲ့ စိတ်ထားမျိုး မွေးနိုင်တဲ့ တစ်နေ့ အောင်မြင်မှုက ကွီးတို့အတွက်ပါပဲ။

(၅) တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံများကို ရရှိပိုင်ဆိုင်နိုင်လာမယ်

အရဲစွန့် ကျန်

ကွီးတို့ရဲ့ ခရီးလမ်းတစ်လျှောက်မှာ ချိုမြိန်တဲ့ အတွေ့အကြုံတွေကိုလည်း ခံစားရမှာဖြစ်သလို၊ ခါးသီးတဲ့ အတွေ့အကြုံတွေကိုလည်း ခံစားရမှာပဲ ဖြစ်ပါတယ်။ ဒီအတွေ့အကြုံတွေက ကွီးတို့ကို ရင့်ကျက်လာအောင် လုပ်ရဲကိုင်ရဲလာအောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။ ဒီလို တန်ဖိုး မဖြတ်နိုင်တဲ့ အတွေ့အကြုံတွေဆိုတာ ကွီးတို့ အရဲစွန့် ပြီး ကြိုးစားမှ သာလျှင် ရရှိ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ကွီးတို့ရော အရဲစွန့်မှာလား နောက်ကောက်ကျ ကျန်ခဲ့မှာလားဆိုတာ အချိန်ယူကာ စဥ်းစားကြည့်လိုက်ပါ။

Source: Entrepreneur

Featured Image: Medium