မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပက်ပ် ဂွာဒီယိုလာဟာ ခါးပြသာနာကြောင့် ဘာစီလိုနာမြို့မှာ ခွဲစိတ် ကုသမှု ခံယူနေရပြီး အနားယူနေရတာကြောင့် ဒီတစ်ပတ် ရှက်ဖီး ယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ကြီးကြပ် ကိုင်တွယ်ခွင့် မရှိပဲ သူရဲ့ လက်ထောက်နည်းပြကသာ ကိုင်တွယ်ခွင့်ရင်း မန်စီးတီးကလည်း နောက်ကျဂိုးနဲ့ နိုင်ပွဲဆက်ခဲ့ရပါတယ်။
Photo Credit : Twitter
ဂွာဒီယိုလာ မကိုင်တွယ်နိုင်ခဲ့တဲ့ ရှက်ဖီးနဲ့ပွဲစဉ်မှာ မန်စီးတီးအသင်းက ပထမပိုင်းချိန်အတွင်း ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး အကီရဲ့ ဂိုးက VAR နဲ့ စစ်ဆေးရာမှာ လူကျွံနေလို့ disallowed ဖြစ်ရချိန် ပင်နယ်တီ ကန်သွင်းခွင့် ရရှိလာလို့ ဒီပင်နယ်တီကို စီးတီး ဂိုးသွင်းစက် ဟာလန်းက ကန်သွင်းခဲ့ရာမှာလည်း ဂိုးမဝင်ခဲ့တာကြောင့် ပထမပိုင်းကိုတော့ ဂိုးမရှိသရေနဲ့ပဲ အဆုံးသတ်လိုက်ရပါတယ်။
Photo Credit : ESPN UK
ဒုတိယပိုင်းမှာတော့ ပင်နယ်တီ မဝင်ထားတဲ့ ဟာလန်းက ဂရီးလစ်ရှ်ရဲ့ ဖန်တီးမှုကနေ အနီးကပ် ခေါင်းတိုက်ပြီး ဦးဆောင်ဂိုး သွင်းခဲ့ပေမယ့် ပွဲပြီးခါနီး (၈၅)မိနစ်မှာပဲ ဝေါ့လ်ကာရဲ့ ပေါ့လျော့မှုကနေ အိမ်ရှင်အသင်းကို ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။ ဒါပေမယ့် ရှက်ဖီးရဲ့ ချေပမှုဟာလည်း (၃)မိနစ်မှာပဲ ကြာမြင့်ခဲ့ပြီး ရိုဒရီက သူရဲ့ ကန်သွင်းနေကြ ပုံစံအတိုင်း အနိုင်ဂိုးကို ကန်သွင်းယူရင်း မန်စီးတီးတို့ (၃)ပွဲဆက်တိုက်လုံး အနိုင်ရသွားခဲ့ပါတယ်။
Photo Credit : Twitter
ဒီနိုင်ပွဲကြောင့် ဒီပွဲကို ကြီးကြပ် ကိုင်တွယ်ခွင့် မရခဲ့တဲ့ နည်းပြ ဂွာဒီယိုလာက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲ အရေအတွက်ပေါင်း (၂၀၀)ကို အမြန်ဆုံး ရယူနိုင်ခဲ့တဲ့ နည်းပြတစ်ဦးအဖြစ် စံချိန်တင်သွားခဲ့ရပါတယ်။ ဂွာဒီယိုလာဟာ မန်စီးတီးနည်းပြအဖြစ် ပရီးမီးယားလိဂ်မှာ ပွဲပေါင်း (၂၆၉)ပွဲအထိ ကိုင်တွယ်ခဲ့ပြီးနောက် အခုလို ပွဲပေါင်း (၂၀၀)ကို ရရှိခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ အထင်ကရ ဂန္တဝင် နည်းပြဟောင်းကြီး ဖြစ်သူ ဆာ အဲလက်စ် ဖာဂူဆန်ထက် (၅၃)ပွဲ စောပြီး နိုင်ပွဲပေါင်း (၂၀၀)ကို ရယူနိုင်ခဲ့ပါတယ်။
Featured Photo : The Sun