နည်းပညာတွေများစွာ တိုးတတ်လာတဲ့ခေတ်မှာ လူသားတွေအတွက် ဒီဂျစ်တယ် ပစ္စည်းအမျိုးမျိုးကို စွမ်းဆောင်ရည် မြင့်သထက် မြင့်မားအောင် ထုတ်လုပ်လာကြပါတယ်။ ဒီအထဲမှာ Bluetooth Speaker တွေကလည်း အပါအဝင်ပါပဲ။ ပျော်ပွဲစားထွက်ရာတွင်လည်းကောင်း၊ အိမ်တွင်းပါတီလုပ်ရာတွင်လည်းကောင်း သို့မဟုတ် ကိုယ်တိုင်သီချင်းများကို နားဆင်ခံစားချင်လို့ သော်လည်းကောင်း၊ အလွယ်တကူ သယ်ဆောင်သွားရတဲ့ Bluetooth Speakers လေးတွေကို စိတ်ဝင်စားမှု မြင့်တတ်နေပါတယ်။ ဒါကြောင့် ဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကွီးတို့ ရွေးချယ်နိုင်စေဖို့ အလန်းစား Bluetooth Speakers အချို့ကို ဖော်ပြပေးချင်ပါတယ်။

(၁) Sonos Roam

အလန်းစား Bluetooth Speakers

Photo : Engadget

ကွီးတို့အတွက် ပထမဆုံး ဖော်ပြပေးချင်တဲ့ အလန်းစား Bluetooth Speakers များထဲက တစ်ခုကတော့ Sonos Roam ပဲ ဖြစ်ပါတယ်။ လူတော်တော်များများအတွက် ရွေးချယ်လို့ကောင်းတဲ့ Speaker လေးပါ။ Battery သက်တမ်းကတော့ ၁၀ နာရီရှိပြီး အလေးချိန်ကတော့ ၀.၉၅ ပေါင် သာရှိတဲ့အတွက် တကယ်ကို သယ်ဆောင်ရတာ ပေါ့ပါးလွယ်ကူစေပါတယ်။ စွမ်းဆောင်ရည်မြင့်မားတဲ့ အသံပိုင်းဆိုင်ရာနဲ့အတူ သူ့ရဲ့ ဒီဇိုင်းကလည်း တကယ်ကို မိုက်ပါတယ်။ စျေးနှုန်းကတော့ ၁၇၉  ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။

(၂) Tribit Stormbox Micro 2

အလန်းစား Bluetooth Speakers

Photo : Newsweek

ဒီ Bluetooth Speaker လေးကတော့ အလေးချိန် ၀.၆၉ ပေါင်သာ ရှိတာကြောင့် တော်တော်လေးကို ပေါ့တယ်လို့ ပြောရမှာပါ။ သူ့ရဲ့ Battery သက်တမ်း ကလည်း ၁၂ နာရီ ရှိပါတယ်။ အသံပိုင်းဆိုင်ရာလည်း ကောင်းမွန်ပါတယ်။ စျေးနှုန်းကလည်း ဒေါ်လာ ၅၉.၉၉ သာကျသင့်တာကြောင့် ရွေးချယ်စရာ အကောင်းဆုံးထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။

(၃) JBL Flip 6

အလန်းစား Bluetooth Speakers

Photo : SoundGuys

နောက်ထပ် ဖော်ပြပေးချင်တဲ့ Bluetooth Speaker လေးကတော့ JBL Flip 6 ပဲ ဖြစ်ပါတယ်။ သူ့ရဲ့အလေးချိန်ကတော့ ၁.၂ ပေါင်ရှိပြီး Battery သက်တမ်းက ၁၂ နာရီရှိပါတယ်။ အသုံးပြုရတာလည်း လွယ်ကူပါတယ်။ စျေးနှုန်းကတော့ ဒေါ်လာ ၁၂၉.၉၅ ကျသင့်မှာ ဖြစ်ပါတယ်။

(၄) B&O Beosound A1 (2nd gen)

စပီကာ

Photo : T3

အလန်းစား Bluetooth Speakers များထဲက နောက်တစ်ခုတော့ B&O Beosound A1 (2nd gen) ပဲဖြစ်ပါတယ်။  သူ့ရဲ့ အလေးချိန်ကတော့ ၁.၂ ပေါင်ရှိပါတယ်။ Battery သက်တမ်းကတော့ ၂၄ နာရီ ဖြစ်တဲ့အတွက် တကယ်ကို အဆင်ပြေစေပါတယ်။ ဒီဇိုင်းကလည်း ကွီးတို့လူငယ်တွေ အကြိုက်တွေ့စေမဲ့ ဒီဇိုင်းမျိုးပါ။ စျေးနှုန်းကတော့ ဒေါ်လာ ၁၈၉.၉၅ ကျသင့်ပါတယ်။

(၅) JBL Charge 5

စပီကာ

Photo :  9to5toys

နောက်ထပ် ရွေးချယ်စရာ Bluetooth Speaker တစ်ခုကတော့ JBL Charge 5 ပဲ ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၂.၁၁ ပေါင်လေးတဲ့အတွက် အခြား Bluetooth Speaker များနဲ့ ယှဥ်ရင်တော့ မဆိုသလောက် ပိုလေးပါတယ်။ Battery သက်တမ်းကတော့ နာရီ ၂၀ နဲ့အထက် ရှိပါတယ်။ သူ့ရဲ့ ‌ စျေးနှုန်းကတော့ ၁၄၉ ဒေါ်လာ ကျသင့်ပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ရွေးချယ် ဝယ်ယူတဲ့အခါ အဆင်ပြေစေဖို့ ဒီနှစ်အတွက် အလန်းစား Bluetooth Speakers များ ကိုဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။

Source : Techrader

Featured Photo : Lbtech