ကိုယ့်ရဲ့ အလုပ်ခွင် ပတ်ဝန်းကျင် သည် မျက်စိရှင်းရှင်းလေးနဲ့ Luxury ဆန်တဲ့ အသွင်ဖြစ်နေတဲ့အခါ အလုပ်လုပ်ရတာလည်း စိတ်ကြည်ကြည်လင်လင်နဲ့ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ကွီး တို့အနေနဲ့ ကိုယ့်ရဲ့ ရုံးခန်းကိုပဲဖြစ်ဖြစ် ကိုယ့်အိမ်ရဲ့ ကိုယ်ပိုင်အလုပ်ခန်းလေးကိုပဲဖြစ်ဖြစ် ဘယ်လို အလုပ်ခွင် ပတ်ဝန်းကျင် ကိုမဆို Luxury ဆန်တဲ့အသွင်ဖြစ်အောင် ပြုလုပ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းလေးတွေက အသုံးတည့်မှာဖြစ်ပါတယ်။

သက်သောင့်သက်သာရှိတဲ့ထိုင်ခုံ

Photo: Interior Design Ideas

ကိုယ့်ရဲ့ပလပ်စတစ်ထိုင်ခုံ၊ သစ်သားထိုင်ခုံလေးကို အခုလိုမျိုး ဒီဇိုင်းလှလှလေးနဲ့ ထုတ်လုပ်ထားတဲ့ ထိုင်ခုံမျိုးနဲ့ အစားထိုးလိုက်ပါ။ ဒီလိုထိုင်ခုံမျိုးနဲ့ ကိုယ့်ရဲ့အိမ်ရှိ အလုပ်ခန်းလေးကို အလှဆင်တဲ့အခါ ထိုင်ရတဲ့အခါမှာလည်း သက်သောင့်သက်သာရှိပြီး ခါးနာတော့မှာမဟုတ်ပါဘူး။

ကိုယ့်ရဲ့ ရုံးခန်းနဲ့ အစည်းအဝေးခန်းမတွေမှာလည်း ဒီလိုထိုင်ခုံမျိုးနဲ့ အလှဆင်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့ အလုပ်ခွင် ပတ်ဝန်းကျင် က Luxury ဆန်တဲ့ ပုံစံမျိုးဖြစ်သွားမှာပါ။

မီးဖိုခန်းလေး

အလုပ်ခွင် ပတ်ဝန်းကျင် Luxury 

တချို့ရုံးခန်းတွေမှာတော့ ဝန်ထမ်းတွေအတွက် ထမင်းစားခန်း သပ်သပ်ဖန်တီးပေးထားပါတယ်။ ဒီလိုမျိုး ထမင်းစားခန်းသပ်သပ်ရှိတဲ့ ရုံးခန်းတွေအနေနဲ့ ကိုယ့်ရဲ့ဝန်ထမ်းတွေအတွက် ကော်ဖီဖျော်စက်လေးတစ်လုံးထားထားပေးနိုင်ပါတယ်။ ဒီလိုမျိုး ထားထားပေးတဲ့အခါ ဝန်ထမ်းတွေလည်း တကူးတကကြီး ကော်ဖီထွက်သောက်စရာမလိုတော့ဘူးပေါ့။

အရောင်အပြင်အဆင်သည်လည်း အရေးပါပါတယ်

အလုပ်ခွင် ပတ်ဝန်းကျင် Luxury 

အရောင်ရွေးချယ်တဲ့အခါမှာ လိုက်ဖက်တဲ့အရောင်နှစ်ရောင်ကို သေချောရွေးချယ်နိုင်မှသာလျှင် ကိုယ့်ရဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်သည် Luxury ဆန်တဲ့ အသွင်အပြင်မျိုးဖြစ်သွားမှာပါ။ ဒီလိုအခန်းအပြင်အဆင်မျိုးသည် အလုပ်လုပ်ရတဲ့သူတွေအတွက်လည်း အဆင့်မြင့်မြင့်နဲ့ အလုပ်လုပ်ရတဲ့ ခံစားချက်မျိုးရရှိသွားအောင် ကူညီပေးနိုင်ပါတယ်။

သီးသန့်နားနေခန်းလေး ဖန်တီးပါ

luxury workplace for kwee

တရစပ်အလုပ်လုပ်ခြင်းထက် မိနစ် ၉၀ ခန့် အလုပ်လုပ်ပြီးနောက် ၁၀ မိနစ်ခန့် အနားယူခြင်းသည် အလုပ်စွမ်းဆောင်ရည်ကို ပိုမိုတိုးမြှင့်ပေးနိုင်တယ်ဆိုတာကို ကျွမ်းကျင်ပညာရှင်များရဲ့လေ့လာချက်အရ သိရှိရပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ရုံးခန်းလေးမှာ အခုလိုမျိုး သီးသန့်နားနေခန်းလေး ဖန်တီးပေးလိုက်မယ်ဆိုရင် စမတ်ကျကျနဲ့ အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။

ရုံးခန်းအဝင်ဝနှင့် Receptions သည်လည်း အရေးပါပါတယ်

luxury workplace for kwee

ရုံးခန်းအဝင်ဝနှင့် Receptions သည် ကိုယ့်ရုံးကိုလာမယ့်ဧည့်သည်တွေကို ဆွဲဆောင်နေရမယ့်အရာတစ်ခုပါ။ ဒါ့ကြောင့် Receptions အဝင်ဝနားမှာ ပစ္စည်းပစ္စယတွေနဲ့ ရှုပ်ယှက်ခတ်နေတာမျိုးမဖြစ်ရဘဲ မြင်ကွင်းရှင်းရှင်းနဲ့ Luxury ဆန်တဲ့အပြင်အဆင်မျိုး ဖန်တီးရပါမယ်။

ဒီလိုဖန်တီးဖို့ဆိုရင် ကိုယ့်ရုံးခန်းရဲ့ အကျယ်အဝန်းပေါ် မူတည်ပြီး စားပွဲခုံတစ်ခု၊ ဆက်တီခုံ ၃ ခု (သို့) ၄ ခု၊ နံရံကပ်ပန်းချီကားတစ်ချပ် (သို့) မိမိကြိုက်နှစ်သက်ရာ အပြင်အဆင်တစ်ခုခန့် ထပ်တိုးပြင်ဆင်နိုင်ပါတယ်။

Source: Haiken.com

Featured Image: Indesignlive