ကွီးတို့ရေ တစ်ခါတစ်လေ ညဘက်မှာဖြစ်စေ ကွီးတို့ အိမ်မှာ အလုပ်လုပ်တဲ့ အချိန်အသုံးပြုဖို့ အိမ်တွင်း အလုပ်စားပွဲလေး ကိုယ်တိုင်ဖန်တီး ပြုလုပ်ချင်ပါသလား။ ဒါပေမဲ့ ဘယ်လို ဒီဇိုင်းနဲ့ ဘယ်လို အိုင်ဒီယာမျိုးလုပ်မလဲ ဆိုတာ စဉ်းစားရခက်နေ ပါသလား။ ဒီနေ့မှာတော့ ကွီးတို့အတွက် ကွီးတို့ရဲ့ အိမ်တွင်း အလုပ်စားပွဲကို ပိုမိုအသက်ဝင်အောင် ပြောင်းလဲပေးနိုင်တဲ့ DIY အိုင်ဒီယာများ ကိုဖော်ပြပေးချင်ပါတယ်။

အိုင်ဒီယာ (၁)

အလုပ်စားပွဲကို DIY

Photo : IKEA Hackers

ကွီးတို့ကိုယ်တိုင် အိမ်တွင်း အလုပ်စားပွဲကို ဖန်တီးပြုလုပ်နိုင်မဲ့ ဒီ DIY အိုင်ဒီယာ လေးက လေးထောင့်ပုံစံ စားပွဲနှစ်ခု နဲ့ သစ်သား ဗီဒို တစ်စုံလိုပါတယ်။ ပုံပါပြထားသကဲ့သို့ အဝိုက်ပုံစံ မရှိလျှင်လည်း သစ်သား စားပွဲ ၂ လုံးကို ထောင့်မှာ ဆက်ပြီး နေရာချထားလိုက်ပါ။

အလုပ်စားပွဲကို DIY
Photo : Pinterest

ထို့နောက် သစ်သားစားပွဲနဲ့ ဗီဒိုကို ကွီးတို့ ကြိုက်နှစ်သက်တဲ့ အရောင်ကို သုံးလို့ရပါတယ်။ အလုပ်စားပွဲအတွက် လင်းတဲ့ အရောင်ဖြစ်ချင်ရင်တော့ အဖြူရောင်က အကောင်းဆုံးပါပဲ။

အလုပ်စားပွဲကို DIY

Photo : Pinterest

ပြီးလျှင် ဗီဒိုများကို စားပွဲအောက်တွင် သေချာစွာနေရာချပါ။ ဒီနေရာမှာ ကွီးတို့အနေနဲ့ ကိုယ်လိုချင်တဲ့ အနေအထားအတိုင်း စိတ်ကူးရှိသလို ဖန်တီးလို့ရပါတယ်။ နောက်ဆုံးအနေနဲ့ ကွီးတို့ အသုံးပြုမဲ့ ကွန်ပျူတာ နှင့် အခြားသော ပစ္စည်းများကို နေရာချပါ။ ဒါဆိုရင်တော့ ကွီးတို့ အတွက် အသစ်စက်စက် အိမ်တွင်း အလုပ်စားပွဲလေး ရပါပြီ။

အိုင်ဒီယာ (၂)

desk

Photo : Homedit

ကွီးတို့ ကိုယ်တိုင် ဆောက်လုပ်ရေးပညာကို အနည်းငယ် သိတယ်ဆိုရင် အခုဖော်ပြပေးမှာကတော့ ကွီးတို့ကိုယ်တိုင် အစအဆုံး ပြုလုပ်လို့ရတဲ့ အိမ်တွင်း အလုပ်စားပွဲ DIY အိုင်ဒီယာလေးပါ။ ကွီးတို့ အနေနဲ့ ဒီရိုရှင်းတဲ့ အလုပ်စားပွဲ လေးပြုလုပ်ဖို့ အတွက် ကွီးတို့အနေနဲ့ အသုံးမပြုတော့တဲ့ တံခါး အဟောင်းကို အသုံးပြုပါ။

desk

Photo : Homedit

စားပွဲမှာ တပ်ဆင်မဲ့ ခြေထောက်များကို ကွီးတို့ လိုချင်တဲ့ အရှည်အတိုင်း အတုင်းအတာ အတိအကျနဲ့ ဖြတ်တောက်ပါ။ ထို့နောက် စားပွဲအတွက်၊ တံခါးကို အရွယ်အစား၂၈ လက်မ x ၆၂ လက်မ အထိ ဖြတ်တောက်ပါ။ ထို့နောက် စားပွဲကို အဆင်သင့် ဖြတ်တောက်ထားသော ခြေထောက်များနဲ့ ခိုင်ခံ့စေရန် သေချာစွာတပ်ဆင်ပါ။ ဒါဆိုရင်တော့ ကွီးတို့ ကိုယ်တိုင် အလွယ်တတကူ ပြုလုပ်လို့ရတဲ့ စားပွဲလေးရပါပြီ။ နောက်ဆုံးအနေနဲ့ ကတော့ ဆေးသုတ်ဖို့ပဲ လိုပါတယ်။ ကွီးတို့ အခန်းနဲ့ လိုက်ဖက်မဲ့ အရောင်ကို သုတ်လို့ရသလို တည်ငြိမ်ပြီး Classic Look ကို ရချင်ရင်တော့ အမဲရောင် ကို ရွေးချယ်လို့ရပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ကိုယ်တိုင် ဖန်တီးပြုလုပ်လို့ရတဲ့ အိမ်တွင်း အလုပ်စားပွဲ DIY အိုင်ဒီယာများပဲ ဖြစ်ပါတယ်။ ကွီးတို့ စိတ်ကြိုက် ဆန်းသစ်တဲ့ အိုင်ဒီယာတွေ ထပ်ပေါင်းထည့်ပြီး အမိုက်စား အလုပ်စားပွဲလေးတွေ ဖန်တီးလို့ရပါတယ်။

Source : Homedit

Featured Photo : Homebnc