အလုပ် ကိစ္စ နဲ့ ခရီးသွား ရခြင်းသည် သာမန်အပျော်ခရီးသွားရတာနဲ့ မတူပါဘူး။ စိတ်ဖိစီးမှုများနှင့် ပြည့်နှက်နေတတ်ပါတယ်။ အထူးသဖြင့် ပြည်ပသို့ တစ်ခါမှမသွားဖူးတဲ့သူတွေအနေနဲ့ အလုပ် ကိစ္စနဲ့ နိုင်ငံခြားသို့ ခရီးသွား ဖို့ အကြောင်းဖန်လာတဲ့အခါ အလုပ် စိတ်ဖိစီးစရာကတစ်ဖက်၊ ပြည်ပခရီးသွားရမယ့် စိတ်ဖိစီးစရာက တစ်ဖက်နှင့် ဗျာများနေတတ်ပါတယ်။

ထိုကဲ့သို့ ဗျာများနေရတဲ့ ကွီးတို့အတွက် အလုပ် ကိစ္စ နဲ့ ပြည်ပသို့ ခရီးသွား ရတဲ့အခါ အခက်အခဲမရှိရလေအောင် သိထားသင့်တဲ့အချက်များကို ဝေမျှပေးချင်ပါတယ်။

တူညီတဲ့ လေကြာင်းလိုင်းဖြင့် ပျံသန်းပါ

အလုပ် ခရီးသွား

လေကြောင်းလိုင်းတစ်ခုတည်းကနေ အသွား အပြန်လက်မှတ်ကို တစ်ခါတည်းချိတ်ကာ ဝယ်ထားလိုက်ပါ။ ဒါဆိုရင် သင့်ကို လာကြိုရမယ့်သူတွေရော Check In နှင့် Check Out လုပ်ရတာလည်း ပိုမိုလွယ်ကူသွားပါလိမ့်မယ်။ Terminal တစ်ခုတည်းကနေ အသွားအပြန် လုပ်ရတာဆိုတော့ မျက်စိမှားစရာအကြောင်းလည်း ရှိမှာမဟုတ်တော့ပါဘူး။

နေ့စဥ်သုံးပစ္စည်းများကိုလည်း ထုပ်ပိုးသွားဖို့ မမေ့ပါနဲ့

toothbrush

သွားတိုက်ဆေး၊ သွားတိုက်တံ၊ မျက်နှာသစ်ဆေး၊ မိမိသုံးနေကျ ရေချိုးဆပ်ပြာများကို ဆိုဒ်အကြီးကြီးမဟုတ်ဘဲ Travel Size များဖြင့် ဆောင်ထားလိုက်ပါ။ ဒါဆိုရင်တော့ အိမ်မှာ မေ့ကျန်ခဲ့တဲ့ အဖြစ်မျိုး ကြုံတွေ့ရတော့မှာ မဟုတ်ပါဘူး။

တားမြစ်ထားတဲ့ ပစ္စည်းများကို မယူသွားပါနဲ့

အလုပ် ခရီးသွား

အန္တရာယ်ရှိတဲ့ ပစ္စည်းများကိုတော့ မယူသွားတာအကောင်းဆုံးပါပဲ။ ဥပမာ ဓား၊ ကတ်ကြေးများ၊ လောင်ကျွမ်းလွယ်သော အရည်များ၊ အစွန်းချွတ်ဆေး၊ ဘလိတ်ဓား အစရှိတဲ့ ပစ္စည်းများကို သယ်ဆောင်သွားခွင့် မပြုတဲ့အတွက်ကြောင့် ထည့်မသွားပါနဲ့။

ဖုန်းနှင့် လက်ပ်တော့များကို အားကြိုသွင်းထားပါ

အလုပ် ခရီးသွား

ဖုန်းနှင့် လက်ပ်တော့များကို မိမိအိမ်က မထွက်ခင်ကတည်းက ကြိုတင်ကာ အားသွင်းထားဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှသာ အရေးရယ် အကြောင်းရယ်ဆို အားကုန်နေလို့ ဘာလုပ်လို့လုပ်ရမယ်မှန်းမသိတဲ့ အခြေအနေကနေ ကျောလွှားနိုင်မှာဖြစ်ပါတယ်။

လဲဝတ်ရမယ့် အဝတ်အစားတစ်စုံကို ကျောပိုးအိတ်ထဲမှာ ထည့်ထားပါ

man travelling

လေယာဥ်ကနေ ဆင်းပြီး တည်းခိုအနားယူရမယ့်နေရသို့ ရောက်တဲ့အခါ အထုပ်အပိုးများကို စနစ်တကျ စီစီရီရီထားဖို့လိုအပ်ပါတယ်။ တကယ်လို့ ပစ္စည်းတွေ နေရာချဖို့လည်း အချိန်မရှိဘူး။ ရောက်တာနဲ့ အစည်းအဝေး တန်းတက်ရမယ့်သူများကတော့ မိမိလဲဝတ်ရမယ့်အဝတ်အစားများကို ကျောပိုးအိတ်ထဲမှာ အလွယ်တကူ ထုတ်ဝတ်လို့ရအောင် ထည့်ထားသင့်ပါတယ်။

စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းရတဲ့ ကြာချိန်ကို လျော့ချဖို့ရန်အတွက် လိုက်လျောညီထွေတဲ့ အဝတ်အစားများကိုသာ ဝတ်ဆင်ပါ

man travelling

လုံခြုံရေးအစောင့်များက သတ္တုနှင့် ပြုလုပ်ထားတဲ့အရာများ၊ ဥပမာ-ခါးပတ်များ၊ ဖိနပ်များကို လိုအပ်လာပါက သင့်ကို ချွတ်ခိုင်းမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သတ္တုအသုံးအဆောင်ပစ္စည်းများကို မဝတ်ဆင်မိဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ရှူးဖိနပ်များထက် ခြေညှပ်ဖိနပ်များကို ဝတ်ဆင်မယ်ဆိုရင် စစ်ဆေးရေးဂိတ်ကို မြန်မြန်ဆန်ဆန်ဖြတ်သန်းနိုင်မှာပဲ ဖြစ်ပါတယ်။

ဖုန်းနှင့် လက်ပ်တော့ အားသွင်းကြိုးများကိုလည်း မမေ့ပါနှင့်

man with laptop

အလုပ် ကိစ္စနှင့် ခရီးသွား ရတာဖြစ်တဲ့အတွက်ကြောင့် လက်ပ်တော့များ၊ ဖုန်းများသည် အင်မတန်အရေးကြီးပါတယ်။ နိုင်ငံတကာအစည်းအဝေးဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ဘက်က တစ်ခုခု ချွတ်ချော်သွားတာနဲ့ ကိုယ့်ရဲ့ဂုတ်သိက္ခာရော၊ ကိုယ့် အဖွဲ့အစည်းရဲ့ ပုံရိပ်ပါ ကျဆင်းသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အစည်းအဝေးအတွက် လိုအပ်တဲ့ စာရွက်စာတမ်းများကို Hardcopy ရော Softcopy ပါ ကူးထားလိုက်ပါ။ ဖုန်းနှင့် လက်ပ်တော့များ၊ အားသွင်းကြိုးများကိုလည်း မမေ့မလျော့ ယူဆောင်သွားသင့်ပါတယ်။

ဒီအချက်များကို သိထားမယ်ဆိုရင်တော့ ကွီးတို့လည်း အလုပ်ကိစ္စနဲ့ ပြည်ပခရီးသွားလာရတဲ့အခါ စိတ်ဖိစီးမှုအနည်းငယ်ကို လျော့ချနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Kellyservices

Featured Image: Expatfinancial