ကွီးတို့ရေ နှစ်တစ်နှစ် ကုန်ဆုံးသွားပြီး အခုဆိုရင် နှစ်သစ်မှာ ပထမဆုံးလရဲ့ လဝက်တောင် ရရှိလာပါပြီ။ ကွီးတို့ရော စိတ်သစ်လူသစ်နဲ့ နှစ်သစ်ကို ပိုမိုကောင်းမွန် တိုးတတ်အောင် စတင်နေပါပြီလား။ ဘဝမှာ တိုးတက်အောင်မြင်ဖို့အတွက် ကြိုးစားဖို့ လိုသလို အလေ့အကျင့်ကောင်းတွေကလည်း လိုအပ်ပါတယ်။ အလေ့အကျင့်တွေဟာ အချိန် ကြာလာတာနဲ့အမျှ သိသာထင်ရှားတဲ့ ရလဒ်အဖြစ် ပေါင်းထည့်ပေးပါလိမ့်မယ်။ ဒါကြောင့် အလေ့အကျင့်ကောင်းတွေနဲ့ ပြုမူနေထိုင်မှုတွေက ကွီးတို့အတွက် အောင်မြင်မှုနဲ့ ဘဝ ပန်းတိုင်ဆီသို့ အရောက်ပို့ပေးပါမယ်လို့ ဆိုလိုချင်ပါတယ်။ ဆက်လက်ပြီးတော့ ဘယ်လို အလေ့အကျင့်ကောင်း တွေက ကွီးတို့ဘဝ တိုးတက် အောင်မြင်ဖို့ လှေကားထစ်တွေ ဖြစ်စေနိုင်မလဲဆိုတာ ကြည့်လိုက်အောင်။

(၁) မနက်ပိုင်းကို အလေးထားတဲ့ အကျင့်ကို မွေးမြူပါ

အလေ့အကျင့်ကောင်း အောင်မြင်ဖို့

Photo : Waterloo

ကွီးတို့အတွက် အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံး အလေ့အကျင့်ကောင်းကို ပြောပါဆိုလျှင် မနက်စောစော ထပြီး မနက်ပိုင်းလုပ်ဆောင်စရာများကို အလေးထားတာပါပဲ။ မနက်ခင်းကို သင့်လျော်သော အချိန်နိုးထပါ။ ကောင်းစွာ စတင်သော နံနက်ခင်းက ကွီးတို့ရဲ့ စိတ်ခံစားချက်၊ ထုတ်လုပ်မှုနဲ့ တီထွင်ဖန်တီးနိုင်မှု စွမ်းအား ကို မြှင့်တင် ပေးမယ့် ခံစားချက်ကို သတ်မှတ်ပေးနိုင်ပါတယ်။ အောင်မြင်သူတော်တော်များများက မနက်ပိုင်းကို စောစောထလေ့ရှိပြီး မနက်ပိုင်း အလေ့အထများကို အလေးထား လုပ်ဆောင်ကြပါတယ်။ မနက်ပိုင်း စောစောထခြင်းက ကွီးတို့ရဲ့ ကျန်းမာရေးဆိုင်ရာကိုလည်း အထောက်အကူပြုစေပါတယ်။

(၂) နေ့တိုင်း ၁၅ မိနစ်ခန့် လေ့လာပါ

အလေ့အကျင့်ကောင်း အောင်မြင်ဖို့

Photo : The Richview Voice

လူတစ်ယောက်ဟာ သူ့ဘဝ တိုးတက်ဖို့အတွက် အမြဲလေ့လာနေသင့်ပါတယ်။ တက္ကသိုလ်ဘွဲ့ရပြီးကတည်းက အလုပ်တွေနဲ့ ရှုပ်နေပြီး စာအုပ်တောင် မဖွင့်မိတာမျိုး မဖြစ်ပါစေနဲ့။ ဘယ်အရာကိုပဲ ဖြစ်ဖြစ် ကန့်သတ်ချက်မရှိဘဲ အမြဲလေ့လာနေတဲ့ အလေ့အကျင့်ကောင်းက အမှန်တကယ်လိုအပ်ပါတယ်။ ဥပမာအားဖြင့် ဘာသာစကားတစ်ခုကို သင်ယူချင်တယ် ဒါမှမဟုတ် အောင်မြင်တဲ့ Youtube ချန်နယ်တစ်ခုကို ဘယ်လိုဖန်တီးရမလဲ ဒါမှမဟုတ် နောက်ဆုံးမှာ နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းကြောင်းကို နားလည်ချင်တာပဲဖြစ်ဖြစ်၊ ကွီးတို့ရဲ့ တစ်နေ့တာရဲ့အချိန်တွေကို သင်ယူဖို့ အချိန်တစ်ခုလောက် မြှုပ်နှံထားသင့်ပါတယ်။ ဒီလို အလေ့အကျင့်ကောင်း ကို မွေးမြူခြင်းက တိုးတက် အောင်မြင်ဖို့ လှေကားထစ် တစ်ခုပါပဲ။

(၃) အချိန်ကိုလေးစားပါ

အလေ့အကျင့်ကောင်း အောင်မြင်ဖို့

Photo :Vista Create

အချိန်ကိုလေးစားပြီး အကျိုးရှိစွာ အသုံးချတတ်တဲ့ အလေ့အကျင့်ကောင်း က တိုးတက် အောင်မြင်ဖို့ ကြိုးစားနေသူတိုင်း အတွက် အရေးအကြီးဆုံး အကျင့်တစ်ခုပါပဲ။ ဒီကမ္ဘာပေါ်မှာ အောင်မြင်မှုရရှိခဲ့တဲ့ လူတော်တော်များများဟာ အချိန်နဲ့ ပတ်သတ်ပြီး တင်းကျပ်တဲ့ စည်းကမ်းတွေကို ကိုယ်တိုင်ချမှတ်ပြီး တန်ဖိုးထားလိုက်နာကြပါတယ်။ လုပ်ငန်းခွင်မှာလည်း ထိုအတူပါပဲ။ အချိန်မဆွဲဘဲ ကိုယ်ရဲ့လုပ်ငန်းဆောင်တာများကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းဖြင့် သေးငယ်သော အောင်မြင်မှုများမှသည် ကွီးတို့ ဘဝရဲ့ ရည်မှန်းချက်ပန်းတိုင်ဆီ အရောက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

(၄) မဆုတ်မနစ် ကြိုးစားပါ

Success

Photo : Small Business Trend

ကွီးတို့ရေ ဒီကမ္ဘာပေါ်မှာ မဆုတ်မနစ် ကြိုးစားသူတိုင်းအတွက် အမြဲတမ်း ထိုက်တန်တဲ့ အောင်မြင်မှုနဲ့ နေရာတစ်ခု အမြဲတမ်း ရှိပါတယ်။ ဒါကြောင့် ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခု ဒါမှမဟုတ် ကိုယ်ရယူပိုင်ဆိုင်ချင်တဲ့ အရာကို ရဖို့ အကောင်းဆုံး ကြိုးစားလိုက်ပါ။ ကြိုးစားလိုက်တာနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်ကို ခြေချပြီးသား ဖြစ်ပါပြီ။ စိတ်အား၊ လူအား၊ ဉာဏ်အားတို့ ပူးပေါင်းပြီး ကြိုးကြိုးစားစား လုပ်လိုက်တဲ့ အလုပ်တစ်ခု ကောင်းမွန်စွာ ပြီးမြောက်သွားတဲ့အခါ ကိုယ်တိုင် ကျေနပ်အားရ တက်ကြွလာပါတယ်။ ထိုမှတစ်ဆင့် ကွီးတို့ရဲ့ ဘယ်အရာကိုမဆို ကြိုးစားလုပ်ကိုင်တတ်တဲ့ အလေ့အကျင့်ကို ပျိုးထောင်ပါ။

(၅) ကျရှုံးမှုတွေကနေ သင်ခန်းစာယူတတ်ပါစေ

Success

Photo : Inc, Magazine

ရှင်သန်ရာ ဘဝတစ်လျှောက်လုံးမှာ အမြဲအဆင်ပြေ၊ ချောမွေ့အောင်မြင်နေဖို့ ဆိုတာတော့ ခက်ခဲပါတယ်။ ကွီးတို့ အမြင့်ကို တတ်လှမ်းလေလေ၊ အခက်အခဲတွေ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်တွေ့နိုင်ပါတယ်။ ထိုသို့ ကြုံတွေ့ရတိုင်း အရှုံးတွေ၊ မအောင်မြင်တဲ့အတိတ်တွေ ကြားမှာ နစ်မွန်းမနေဘဲ ထိုအမှားတွေကနေ သင်ခန်းစာ ယူတတ်တဲ့ အကျင့်ကို ပျိုးထောင်ပြီး ဆက်လက်ကြိုစားပါ။ ဒါဆိုရင်တော့ မဝေးတော့တဲ့ အနာဂတ်မှာ ကွီးတို့ လိုချင်တဲ့ ပန်းတိုင်ကို ရရှိနိုင်မှာပါ။

(၆) ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ပါ

Success

Photo : Forbes

ကွီးတို့ရေ ဘဝ မှာ အောင်မြင်မှု ရချင်ရင် ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ဖို့လည်း အရေးကြီးပါတယ်။ ကိုယ်လျှောက်နေတဲ့ လမ်းဟာမှန်ရဲ့လား။ ကိုယ်ရဲ့ လိုအပ်ချက်တွေက ဘာပါလဲ။ ဘယ်လိုနည်းလမ်းက ကွီးတို့အတွက် ပိုပြီး အကျိုးရှိစေမလဲ စသည်ဖြင့် အမြဲသုံးသပ်ဖို့လိုပါတယ်။ လိုအပ်သေးလျှင် ထပ်ကြိုးစားပါ။ မှားနေလျှင် အချိန်မှီပြုပြင်ပါ။ မိမိကိုယ်တိုင်ထက် ဘယ်သူမှ ကျွန်တော်တို့ ပိုမသိနိုင်ပါဘူး။

အခုဖော်ပြပေးလိုက်တဲ့ အလေ့အကျင့်ကောင်း တွေက အောင်မြင်ဖို့ ကြိုးစားနေတဲ့ လူတိုင်းရှိသင့်တဲ့ အလေ့အကျင့်တွေပါ။ ကွီးတို့မှာရော ဒီအလေ့အကျင့်တွေထဲက ဘယ်နှစ်ခုကို လက်တွေ့ကျင့်သုံးနေပါပြီလဲ…….

Featured Photo : Vista Create