ကွီးတို့ရေ လူတိုင်းဟာ ဘဝတစ်လျှာက်လုံး အောင်မြင်မှု ကို လိုချင်တဲ့အတွက် ငယ်စဉ်ဘဝမှာ ပညာရေး ကြီးလာတဲ့အခါ စီးပွားရေးကို ကြိုးစားရှာဖွေ ကြပါတယ်။ အောင်မြင်သူတွေရှိသလို အောင်မြင်မှု မရသူတွေလည်း ရှိကြပါတယ်။ ‌အောင်မြင်မှု အိမ်မက်ကိုရယူဖို့အတွက်  လုပ်ဆောင်ရမဲ့ တာဝန်တွေကို စနစ်တကျ စီမံပြီး တဆင့်စီ တက်လှမ်းမှသာ အောင်မြင်မှုရဖို့ သေချာမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာ ပိုမို အောင်မြင်လာဖို့ ကူညီပေးမယ့် အလေ့အကျင့်ကောင်း တစ်နည်းပြောရရင် လုပ်ရမဲ့ တာဝန်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဘဝမှာ အလေ့အကျင့်ကောင်းတွေကို လိုက်နာကျင့်သုံးပါက ပိုမို အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်လာဖို့ အထောက်အကူပြုမှာ အသေအချာပါပဲ။

အောင်မြင်မှုကို မြင်ယောင်ကြည့်ပါ

အောင်မြင်တဲ့ လူတစ်ယောက်

Photo : Nuttaputch.com

ကွီးလိုချင်တဲ့ အနာဂတ်ကို တွေးပြီး မြင်ယောင်ကြည့်ပါ။ အောင်မြင်မှုရချင်သူတွေဟာ အောင်မြင်မှုအပေါ် အာရုံစူးစိုက်ပြီး အဆက်မပြတ် ရည်မှန်းပြီး မြင်အောင်ကြည့်နေဖို့ တွေးမြင်နေဖို့ လိုပါတယ်။ မအောင်မြင်တဲ့သူတွေက သူတို့မှာ မတတ်နိုင်ဘူး ၊ မရနိုင်ဘူး ၊ မအောင်မြင်နိုင်ဘူးဆိုတာကို တွေးတတ်ကြပါတယ်။ အကောင်းမြင်ပါ။ အာရုံစိုက်ထားပါ။ ကွီးကိုယ်တိုင် အောင်မြင်မှုရဲ့ သခင် ဖြစ်ပါစေ။

Comfort Zone ကနေ ရုန်းထွက်လိုက်ပါ

အောင်မြင်တဲ့ လူတစ်ယောက်

Photo : AI-Rasub

လူတော်တော်များများက အပြောင်းအလဲလုပ်ရမှာကို ကြောက်ကြပါတယ်။ အပြောင်းအလဲကြောင့် လက်ရှိအခြေအနေကနေ ဆုံးရှုံးသွားမှာ ကြောက်ကြတယ်။ အဲဒါက သူတို့ကို မသေချာသလို မလုံခြုံသလို ခံစားရစေပါတယ်။ အများပြောနေကြတဲ့ “သေချင်တဲ့ကျား တောပြောင်း” ဆိုတဲ့ စကားပုံက Comfort Zone မှာ တွယ်ကပ်နေသူတွရဲ့ လက်သုံးစကားပါ။ အလွန်အောင်မြင်သူတွေကို ကြည့်ရင် အပြောင်းအလဲကာလတွေမှာ ရှင်သန်ကြပါတယ်။ အခြားလူများ မလိုလားတဲ့ စွန့်စားမှုကို ကိုယ်တိုင် စိန်ခေါ်ကြည့်လိုက်ပါ။ ဒါက အစပိုင်းမှာ အဆင်မပြေမှု ရှိကောင်းရှိ နိုင်ပါတယ်။ အမြဲတမ်းတော့ မဟုတ်ပါ။ ကွီးတို့အနေနဲ့  ကျရှုံးမှုတွေကြောင့် မကြောက်ပါနဲ့။ အဲဒါတွေကို သင်ခန်းစာရယူပြီး ပြန်စလိုက်ပါ။ Comfort Zone ကနေ ရုန်းထွက်ခြင်းက ကွီးတို့ ပိုမို အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်စေဖို့ လမ်းကြောင်းမှန်ပေါ်  တွန်းပို့ပေးပါလိမ့်မယ်။

အမြဲတမ်း သင်ယူလိုစိတ် ပြင်းထန်ပါစေ

အောင်မြင်တဲ့ လူတစ်ယောက်

Photo :  Forbes

အောင်မြင်မှု ရလိုသူတွေက ခိုင်းတာကို စောင့်မနေပါဘူး။ သူများခိုင်းမှ ထလုပ်တာမျိုးမဟုတ်ဘဲ အလုပ်ကိုရှာဖွေပြီး အကောင်းဆုံးဖြစ်အောင် လုပ်တတ်ကြပါတယ်။ အလုပ်တိုင်းက အောင်မြင်ချင်မှ အောင်မြင်မှာပါ။ ဘယ်လိုကောင်းအောင် လုပ်မလဲဆိုတာကို သင်ယူဖို့ လိုပါတယ်။ ပုံသေတစ်ခုတည်းကိုဘဲ လုပ်မနေဘဲ မတူညီတဲ့ အလုပ်တွေကိုလည်း ဦးစားပေးလေ့လာသင်ယူဖို့ လိုသလို ကိုယ်တိုင်လုပ်ဖို့ မလိုတဲ့အလုပ်တွေကို အခြားသူတွေကိုလည်း ခွဲဝေပေးဖို့လိုပါတယ်။ အတွေ့အကြုံ များများရှိခြင်းက ကွီးအတွက် အောင်မြင်မှုကို ပိုရစေပါတယ်။

စိတ်အားထက်သန်မှု ဇွဲရှိဖို့လိုပါတယ်

အောင်မြင်တဲ့ လူတစ်ယောက်

Photo : BeInspiredChannel.com

ဘယ်အလုပ်မဆို စိတ်ထက်သန်မှု ဇွဲမရှိဘူးဆိုရင် အောင်မြင်မှု မရနိုင်ပါဘူး။ သင်လုပ်နေတာတွေကို အဝေးကနေ စိတ်အားထက်သန်မှုမရှိရင် ရှေ့ဆက်ပြီး အောင်မြင်ဖို့က ခက်ခဲပါတယ်။ ဇွဲနဲ့ စိတ်ထက် သန်မှု မရှိရင် အလုပ်အပေါ် ပျင်းရိငြီးငွေ့မှု ဖြစ်လာနိုင်ပါတယ်။ ဘယ်အလုပ်မဆို အကြာကြီး သံယောဇဉ်ဖြစ်နေဖို့ မလိုပေမဲ့ လုပ်ပြီဆိုရင် စိတ်ပါဖို့တော့ လိုပါတယ်။ မဟုတ်ရင် အချိန်ကုန်ပြီး အကျိုးမရှိ ဖြစ်တတ်ပါတယ်။ စိတ်ပါလက်ပါလုပ်ရင် ခဏလေးနဲ့ ပြီးစီးနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ဝါသနာပါတဲ့အလုပ်ကို ရွေးချယ်လိုက်ပါ။

အာရုံစူးစိုက်ပါ

success

Photo : Entrepreneur

ကွီးတို့ရေ ဘဝမှာ မြင့်တုံ နိမ့်တုံ အတက်အကျဆိုတာ သဘာဝပါဘဲ။ ကွီးတို့ရဲ့ ဇွဲလုံ့လကို စမ်းသပ်မှု တစ်ခုအနေနဲ့ ရှိနေမှာပါ။ လက်မလျှော့ပါနှင့်။ စိန်ခေါ်မှုများကို လေ့လာသင်ယူပါ။ တိုးတက်ပြောင်းလဲ နိုင်တဲ့  အခွင့်အလမ်းတစ်ခုအဖြစ် ရှုမြင်ပါ။ ပြောင်းလွယ်ပြင်လွယ် ရှိနေပါစေ။ အာရုံစိုက်ပါ။ သုံးသပ်ပါ။ ဘာလုပ်သင့်တယ်ဆိုတာ ဆက်လက်ဆုံးဖြတ်ပါ။ အောင်မြင်မှု ကျရှုံးမှုကို အသိအမှတ်ပြုလိုက်ပါ။ ဘာဆင်ခြေမှ မပေးပါနဲ့။

မိမိကိုယ်ကို ဂရုစိုက်မှုကို ဦးစားပေးပါ

success

Photo : Curies America

ကွီးအနေနဲ့ စိတ်ရောကိုယ်ပါ ကျန်းမာခြင်းမရှိရင် ဘယ်အလုပ်ကိုမဆို အာရုံစိုက်လုပ်နိုင်မှာ မဟုတ်ပါဘူး။ မကျန်းမာဘူးဆိုရင် ကွီးရဲ့ပန်းတိုင်များနှင့် မျှော်မှန်းချက်တွေက ပိုပြီး ဝေးသွား နိုင်ပါတယ်။ ဒါကြောင့်နေ့စဉ် လေ့ကျင့်ခန်းလုပ်ပါ။ အာဟာရမျှတအောင် စားသောက်ပါ။ နေ့စဉ် ငြိမ်းချမ်းအောင် နေထိုင်ပါ။ ကွီးတို့ ကျန်းမာမှသာ ကိုယ်တိုင် ပိုမို အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်အောင် ကြိုးစားအားထုတ်နိုင်မှာပါ။

အောင်မြင်မှုအတွက် အထောက်အကူမဖြစ်တာတွေကို ဖယ်ထုတ်လိုက်ပါ

success

Photo : Everfinite

ဘယ်သူမဆို ကိုယ့်ပတ်ဝန်းကျင်မှာ စရိုက်မျိုးစုံရှိတဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရလေ့ ရှိပါတယ်။ ကိုယ့်ကို ဆုံးရှုံးပျက်စီးအောင် လုပ်နေသူတွေ ၊ စိတ်ပိုင်းထိခိုက်နစ်နာစေလိုသူတွေ ၊ ကိုယ့်အပေါ် အဆိုး မြင်သူတွေ ၊ ကိုယ့်ရဲ့ အိမ်မက်ကို ဖျက်စီးမဲ့သူတွေ စသည်ဖြင့် လူမျိုးစုံနဲ့ ထိတွေ့ဆက်ဆံနေရမှာပါ။ ဒီလူတွေက ကိုယ့်ကို မနာလိုဝန်တိုပြီး ပျော်ရွှင်မှု မရှိတဲ့သူတွေ ဖြစ်ပါတယ်။ ဒီလိုလူတွေ ကွီးအနားမှာ ရှိနေပြီဆိုရင် သူတို့ကို ဖယ်ထုတ်လိုက်ပါ။ ကိုယ့်လို ရည်မှန်းချက်ရှိသူတွေ ၊ အထောက်အကူဖြစ်မဲ့သူတွေ ၊ နည်းပေးလမ်းပြနိုင်မဲ့သူတွေနဲ့ ပေါင်းသင်းဖို့ လက်တွဲဖို့ လိုပါတယ်။

ကွီးတို့ရေ အခုဖော်ပြတဲ့အချက်တွေက ပိုမို အောင်မြင်လာတဲ့ လူတစ်ယောက် ဖြစ်လာဖို့ ကူညီပေးမဲ့ အလေ့အကျင့်ကောင်းတွေ ဖြစ်ပါတယ်။ သာမန်အားဖြင့် သတိမထားမိတဲ့ အချက်တွေ ဖြစ်ပေမဲ့ တိတိကျကျ လိုက်နာမယ်ဆိုရင် ကွီးအတွက် ဘဝမှာ အောင်မြင်မှုကို ရရှိစေမဲ့ အလေ့အကျင့်တွေ ဖြစ်ပါတယ်။

Source : Coburg Banks

Featured Photo : Successful