ကွီးတို့ရဲ့ ဘဝမှာ အောင်မြြင်ချင်တယ်ဆိုရင် အလေ့အကျင့်ကောင်းများကို များများ မွေးမြူဖို့ လိုအပ်ပါတယ်။ အလေ့အကျင့်ကောင်းများကို မွေးမြူခြင်းအားဖြင့် ကွီးတို့ရဲ့ လုပ်ငန်းကိုင်ငန်းများလည်း အဆင်ပြေ အောင်မြင်လာမှာဖြစ်ပြီး ဘဝ ကြီးကလည်း တိုးတက်လှပလာမှာပဲ ဖြစ်ပါတယ်။ အလေ့အကျင့် ကောင်းများ မွေးမြူခြင်းအားဖြင့် ကွီးတို့မှာ အခုဖော်ပြပေးမယ့် စွမ်းအား များလည်း ပိုင်ဆိုင်လာနိုင်မှာပဲ ဖြစ်ပါတယ်။

(၁) ကွီးတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ အရည်အချင်းများကို တိုးမြှင့်ပေးခြင်း

လုပ်ဆောင်နိုင်စွမ်း

ကောင်းမွန်တဲ့ အလေ့အကျင့်ကောင်းများသည် ကွီးတို့ရဲ့ အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်အောင် ကူညီပေးပြီး အရေးကြီးတဲ့ လုပ်ငန်းဆောင်တာများကို သတ်မှတ်ချိန်အတွင်း ပြီးမြောက်အောင် ကူညီပေးနိုင်ပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် ကွီးတို့က တစ်နေ့တာ ပြုလုပ်ရမယ့် လုပ်ငန်းဆောင်တာများကို အစဥ်လိုက် စာရင်း ပြုစုထားမယ်၊ အရေးကြီးတဲ့ အရာများကို အရင်ဆုံး ဦးစားပေးကာ လုပ်ဆောင်ခြင်းအားဖြင့် ကွီးတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းသည်လည်း တဖြည်းဖြည်း တိုးတက်လာမှာဖြစ်ပြီး အရည်အချင်းများလည်း တိုးတက်လာမှာပဲ ဖြစ်ပါတယ်။

(၂) စိတ်ကျန်းမာရေး ကောင်းမွန်စေပြီး မိမိကိုယ်ကိုယ်လည်း ယုံကြည်မှု တိုးစေခြင်း

စိတ်ကျန်းမာရေး

လုပ်စရာ အလုပ်များကို အချိန်မဆွဲဘဲ ချက်ချင်း ထလုပ်တာသည်လည်း အလေ့အကျင့်ကောင်းတစ်ခုပါပဲ။ လေ့ကျင့်ခန်းများကို နေ့စဥ် မှန်မှန် ပြုလုပ်ခြင်းသည်လည်း အလေ့အကျင့်ကောင်း တစ်ခုပါပဲ။ ကျန်းမာရေးနဲ့ ညီညွှတ်သော အစားအစာများကို မှန်မှန် စားသုံးခြင်းသည်လည်း အလေ့အကျင့်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ထိုအလေ့အကျင့်ကောင်းများကို မှန်မှန် ပြုလုပ်ခြင်းအားဖြင့် ကွီးတို့သည် ကိုယ့်ကိုယ်ကိုယ် အားမလို အားမရ ဖြစ်နေတဲ့ ခံစားချက်ကြီးသည် ပျောက်ကွယ်သွားမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်ချက် ရှိလာမှာပဲ ဖြစ်ပါတယ်။

(၃) မှန်ကန်တဲ့ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခြင်း

အလေ့အကျင့် စွမ်းအား

အလေ့အကျင့် ကောင်းများ ပြုလုပ်ခြင်းရဲ့ စွမ်းအား ကတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်တဲ့အထိ အစွမ်းထက်ပါတယ်။ ဥပမာဆိုရသော် ဆုံးဖြတ်ချက် တစ်ခု မချခင်မှာ ဒီဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းကြောင့် ဘယ်လိုမျိုး နောက်ဆက်တွဲတွေ ဖြစ်ပေါ်လာမလဲဆိုတာကို ဦးနှောက်ထဲမှာ ကြိုတင်စဥ်းစားထားနေပြီး ဒါသည် မှန်ကန်တဲ့ ဆုံးဖြတ်ချက်လား မှားယွင်းတဲ့ ဆုံးဖြတ်ချက်လားဆိုတာကို သိမြင်စေနိုင်ပါတယ်။

(၄) ကွီးတို့ရဲ့ နာမည် ဂုဏ်သတင်း မွှေးပျံ့စေခြင်း

အလေ့အကျင့် စွမ်းအား

အချိန် လေးစားခြင်း၊ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိခြင်း၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး လူအများနဲ့ ဆက်ဆံရာမှာလည်း ရှေ့တစ်မျိုး၊ ကွယ်ရာ တစ်မျိုး အတင်းချလေ့မရှိဘဲ ရိုးဖြောင့်တဲ့ စိတ်နဲ့ တစ်သမတ်တည်း ပေါင်းသင်းဆက်ဆံတတ်ခြင်း အစရှိတဲ့ အလေ့အကျင့်ကောင်းများကြောင့် ကွီးတို့ရဲ့ နာမည် ဂုဏ်သတင်းကလည်း မွှေးပျံ့နေမှာပဲ ဖြစ်ပါတယ်။ ထိုအလေ့အကျင့်ကောင်းများကို မှန်မှန်သာ မွေးမြူထားမယ်ဆိုရင်ဖြင့် ကွီးတို့ရဲ့ သူဌေး၊ လုပ်ဖော်ကိုင်ဖက်၊ အထက်လူကြီး၊ ကာစတန်မာများထံမှ ယုံကြည် လေးစားမှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီလို အလေ့အကျင့်ကောင်းများကြောင့် ကွီးတို့ရဲ့ အနာဂတ်သည်လည်း ပိုမို လှပလာမှာပဲ ဖြစ်ပါတယ်။

(၅) ရေရှည်အောင်မြင်မှုကို ပိုင်ဆိုင်နိုင်ခြင်း

အလေ့အကျင့် စွမ်းအား

အောင်မြင်မှုများထဲမှာ ရေတို အောင်မြင်မှုနဲ့ ရေရှည် အောင်မြင်မှုဆိုပြီး နှစ်မျိုး ခွဲထားနိုင်ပါတယ်။ သဘောမဖြောင့်တဲ့ လူတွေ၊ ကိုယ့်ရဲ့ အောင်မြင်မှုအတွက် အခြားသူကို ပုတ်ခတ်စော်ကားပြီးမှ ရလာတဲ့ အောင်မြင်မှုများက အောင်မြင်တယ်ဆိုရင်တောင် ခဏတဖြုတ်ပဲ ဖြစ်ပါတယ်။ သူတစ်ပါးကို ထိခိုက်ပြီးမှ ရရှိလာတဲ့ အောင်မြင်မှုများသည်လည်း ဂုဏ်ယူစရာ တစ်ကွက်မှ မရှိပါဘူး။ ဒါပေမဲ့ ရိုးဖြောင့် တည်ကြည်ပြီး ကိုယ့်ရဲ့ စစ်မှန်တဲ့ ကြိုးစား အားထုတ်မှုနဲ့ ရရှိလာတဲ့ အောင်မြင်မှုကတော့ ကွီးတို့အတွက် ရေရှည်တည်တံ့ခိုင်မြဲနေမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ဆီမှာရော ဘယ်လိုမျိုး အလေ့အကျင့်ကောင်းများ ပိုင်ဆိုင်ထားပါသလဲ။

Source : Linkedin

Featured Photo : Psychologs