Gym သွားဖို့လည်း အချိန်မပေးနိုင်ဘူး ၊ အိမ်မှာလည်း အလေးတုံးတွေ ၊ ဝိတ်တုံးဝိတ်ပြားတွေ မရှိလို့ လေ့ကျင့်ခန်းလုပ်ဖို့ မဖြစ်နိုင်ဘူး ထင်ရင်တော့ ကွီးတို့ မှားသွားပါပြီ။ အလေးတုံးတွေ ၊ ဝိတ်ပြားတွေနဲ့ ကစားသလို ထိရောက်မှုရှိရှိ လေ့ကျင့်ခန်းလုပ်နိုင်ဖို့ Resistance Band ကြိုးတစ်ချောင်း ရှိရုံနဲ့ အဆင်ပြေပါပြီ။ ဒီတစ်ခေါက်တော့ အခြားဟဲဗီးဖြစ်တဲ့ လေ့ကျင့်ခန်း အကူကိရိယာတွေ မလိုပဲ Resistance Band တစ်ခုတည်းနဲ့ အချိန်နေရာမရွေး ကစား လို့ရမယ့် လေ့ကျင့်ခန်းနည်းတချို့ကို ပြောပြပေးချင်ပါတယ်။

(၁) Resistance Band Squat

Source : Live Lean TV Daily Exercises

Resistance Band Squat လေ့ကျင့်ခန်းကတော့ ခန္ဓာကိုယ် အောက်ပိုင်းကြွက်သားတွေကို အဓိက ပစ်မှတ်ထားပါတယ်။ Glutes ၊ Quadriceps (ပေါင် အရှေ့ဘက် ကြွက်သားတွေ) နဲ့ တင်ပါးဆုံကြွက်သားတွေကို ကျစ်လစ်သန်မာလာစေမယ့် အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုပါ။ ခန္ဓာကိုယ်ရဲ့ ဟန်ချက်ညီမှုနဲ့ တည်ငြိမ်မှုကို ပံ့ပိုးထောက်ပံ့ပေးနေတဲ့ နောက်ကျောနဲ့ ဝမ်းဗိုက်ကြွက်သားတွေကိုလည်း ထိရောက်မှု ရှိစေပါတယ်။ ၂၅ ကြိမ် , ၄ ကျော့ ကစား ပေးပါ။

(၂) Resistance Band Lateral Raise

Source : Men’s Health

Lateral Raise လေ့ကျင့်ခန်းကို များသောအားဖြင့် Dumbbell တွေနဲ့ ကစားရတယ်လို့ သိထားကြပါတယ်။ တကယ်တော့ Resistance Band နဲ့လည်း ကစားနိုင်ပါတယ်။ အကျိုးသက်ရောက်မှုက အတူတူပါပဲ။ Resistance Band Lateral Raise လေ့ကျင့်ခန်းက ပခုံးနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို ကျစ်လစ်သန်မာလာစေမယ့် အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုပါ။ ဘယ်/ညာ တစ်ဖက်စီကို ၁၅ ကြိမ် , ၄ ကျော့ ကစား ပေးပါ။

(၃) Resistance Band Bent Over Reverse Fly

Source : Muscle Bands

Resistance Band Bent Over Reverse Fly လေ့ကျင့်ခန်းက Posterior Deltoids (ပခုံးနောက်ကြွက်သားတွေ) ကို အဓိက ပစ်မှတ်ထား ပါတယ်။ ဒီလေ့ကျင့်ခန်းက ပခုံးကြွက်သားတွေနဲ့အတူ နောက်ကျောအပေါ်ပိုင်း ကြွက်သားတွေကိုလည်း တစ်ပြိုင်နက်တည်း ထိရောက်မှု ရှိစေပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းကို တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ ပိုကျစ်လစ်သန်မာလာစေဖို့ ကူညီပေးနိုင်တဲ့ အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုပါ။ ၁၅ ကြိမ် , ၄ ကျော့ ကစား ပေးပါ။

(၄) Resistance Band Overhead Press

Source : Fitness My Life

Resistance Band Overhead Press လေ့ကျင့်ခန်းကတော့ ခန္ဓာကိုယ်အပေါ်ပိုင်းမှာရှိတဲ့ ကြွက်သားတော်တော်များများကို အားကောင်းစေတဲ့ အထိရောက်ဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ Deltoids ၊ Trapezius ၊ Triceps နဲ့ Upper Back ကြွက်သားအစိတ်အပိုင်းတွေကို ကျစ်လစ်သန်မာလာစေဖို့ ကူညီပေးပါတယ်။ ၁၂ ကြိမ် , ၄ ကျော့ ကစား ပေးပါ။

(၅) Resistance Band Bent-Over Row

Source : Yury Matrukhovich

Resistance Band Bent-Over Row လေ့ကျင့်ခန်းက ကြွက်သားအဖုအထစ်တွေနဲ့ အမိုက်စား ကျောပြင်ကြီး ရရှိစေဖို့ ကူညီပေးမယ့် အကောင်းဆုံး လေ့ကျင့်ခန်း တစ်ခုပါပဲ။  Latissimus Dorsi ကြွက်သားတွေအပြင် အလယ်နဲ့အောက် Trapezius ကြွက်သားတွေ ၊ Rhomboids ကြွက်သားတွေ နဲ့ Posterior Deltoids ကြွက်သားတွေ အားလုံးကို ထိရောက်မှု ရှိစေပါတယ်။ ၁၂ ကြိမ် , ၄ ကျော့ ကစား ပေးပါ။

(၆) Resistance Band Overhead Triceps Extension

Source : Functional Bodybuilding

Resistance Band Overhead Triceps Extension လေ့ကျင့်ခန်းကတော့ Triceps ကြွက်သားတွေကို ရှယ်မိုက်လာစေဖို့ ကူညီပေးမယ့် အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် တံတောင်ဆစ်တွေကို ဆန့်ထုတ်ပြီး ကစားပေးရတာ ဖြစ်တာကြောင့် ပခုံးကြွက်သားတွေပါ သန်မာစေတဲ့အပြင် တစ်ချိန်တည်းမှာပဲ နောက်ကျော အပေါ်ပိုင်း ကြွက်သားတွေကိုလည်း ထိရောက်မှု ရှိစေပါတယ်။ ၁၈ ကြိမ် , ၄ ကျော့ ကစား ပေးပါ။

အခုပြောပြခဲ့တဲ့ လေ့ကျင့်ခန်းတွေကို Resistance Band ကြိုးတစ်ချောင်း ရှိရုံနဲ့ ကွီးတို့ အချိန်နေရာမရွေး ကစားလို့ ရပါတယ်။

Featured Photo : Steel Supplements