ကွီးတို့ ယောကျာ်းသား အများစုကတော့ ကိုယ့်ချစ်သူနဲ့ ချစ်ရည်လူး ပျော်မြူးပြီဆိုရင် သူရောကိုယ်ပါ စိတ်ကျေနပ်ပြီးမြောက်ဖို့ ဆန္ဒရှိကြတာပါပဲ။ ဒါပေမယ့်လည်း လိင်မှုကိစ္စစွမ်းဆောင်ရည်အပေါ် အာရုံထားလွန်းရင်လည်း စိတ်ကသိကအောက်ဖြစ်ရသလို စိတ်ရှုပ်ထွေးပြီး အလိုမပြည့်သလိုပါ ခံစားရနိုင်ပါတယ်။ လိင်မှုစွမ်းရည် တက်ချင်တယ်ဆိုရင် အခုပြောမယ့်နည်းလေးတွေနဲ့ အစားထိုးကြည့်တာ ပိုအလုပ်ဖြစ်နိုင်ပါတယ်။

(၁) Foreplay ဘက် သွားပါ

Couple In Love

Photo: Pexels

ချက်ချင်းကြီး စခန်းသွားတာမျိုး ရှောင်ပါ။ အရင်ဆုံး စိတ်ဆန္ဒပြင်းပြလှိုက်မောလာအောင် နှုးနပ်ဖို့ အချိန်ပေးပါ။ Foreplay ဆိုရာမှာ အိပ်ရာပေါ် လိင်ကိစ္စ တန်းမစ,ခင် ပွတ်သပ် ထိတွေ့နေတာ ၊ အနမ်းတွေ ချွေပြီး Oral ပေးတာတွေအကုန်ပါပါတယ်။ ဒါက စိတ်လည်း ပိုထက်သန်လာစေသလို နှစ်ဦးနှစ်ဖက် ကျေနပ်မှုလည်း အပြည့်အဝ ရစေနိုင်ပါတယ်။

(၂) Start-Stop နည်းလေး စမ်းကြည့်ပါ

Sex

Photo: Pexels

ကြာကြာကြီး နှပ်ပြီး ပျော်ပျော်ကြီး ခရီးဆက်ချင်ရင် ဆက်တိုက် လိင်ကိစ္စ လုပ်တာမျိုးထက် စလိုက်- နားလိုက် Start-Stop Technique က အကောင်းဆုံးပါပဲ။ ဒီနည်းလမ်းကို သုံးဖို့ စိတ်ထဲမှာ ပြီးချင်လာတိုင်း လိင်ဆက်ဆံတာ ရပ်ထားပြီး အသက်ပြင်းပြင်းရှု ၊ ဖြေးဖြေးချင်း ပြန်စပြီး အချိန်ဆွဲပြီး ကိစ္စဆောင်ရွက်ရပါတယ်။ သုတ်လွှတ်ချင်စိတ် ထိန်းနိုင်ပြီး ကြာချင်တဲ့မောင်တွေအတွက် အတော်လေး အဆင်ပြေမယ့်နည်းလမ်းပါ။

(၃) အသစ်လေးတွေ လုပ်ကြည့်ပါ

Camp

Photo: Pexels

ရိုးရိုးကြီး နည်းက ကြာလာရင် ငြီးငွေ့စရာ ဖြစ်လာနိုင်ပါတယ်။ နှစ်ဦးနှစ်ဖက် စိတ်ကျေနပ်ဖို့ဆို အပြောင်းအလဲ အသစ်အဆန်းလေးတွေ လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ နေရာပြောင်းပြီး လိင်ဆက်ဆံတာ ၊ ပုံစံသစ်နဲ့ လိင်ဆက်ဆံတာ စသည်ဖြင့် အသစ်တစ်ခုခု စမ်းလုပ်ကြည့်ဖို့ ဖြစ်ပါတယ်။

(၄) ကျန်းမာရေး ဂရုစိုက်ပါ

Gym

Photo: Pexels

လိင်ဆက်ဆံမှုမှာ ဆရာကျကျနဲ့ ပညာပြချင်ရင် သောကနဲ့ စိတ်ဖိစီးမှု လျှော့ပါ။ အားကစားလေး လေ့ကျင့်ခန်းလေး လုပ်ပြီး အိပ်ရေးဝအောင် အိပ်ပါ။ တရားလေး ဘာလေးထိုင်ပြီး စိတ်အေးချမ်းအောင် လုပ်ပါ။ ဆေးလိပ်ဖြတ်ပါ။ သန်စွမ်းကျန်းမာနေတဲ့ ကိုယ်ခန္ဓာက လိင်ကိစ္စအတွက်လည်း အားကောင်းမောင်းသန် စွမ်းနိုင်အောင် ကူညီပေးပါလိမ့်မယ်။

Featured Photo: Heathline