Apple ကတော့ iPhone စီးရီး တွေကို တစ်နှစ်တစ်မျိုး မရိုးရအောင် မော်ဒယ်အသစ်တွေ ထုတ်လုပ်နေတာပဲ ဖြစ်ပါတယ်။ မနှစ်က စက်တင်ဘာမှာ iPhone 14 စီးရီးများကို ချပြခဲ့ပြီးနောက် ဒီနှစ်မှာတော့ iPhone 15 စီးရီးတွေကို ချပြသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း iPhone 15 စီးရီး နဲ့ ပတ်သက်တဲ့ ကောလဟလတွေလည်း တစ်စွန်းတစ်စ စတင်ကြားနေရပြီပဲ ဖြစ်ပါတယ်။

ကွီးတို့လည်း iPhone 15 စီးရီးတွေကို စောင့်မျှော်နေတယ်ဆိုရင်တော့ ဒီလိုသတင်းလေးတွေကို နားစွင့်သင့်ပါတယ်။

ဒီဇိုင်းပိုင်း

ဒီဇိုင်းပိုင်း

Photo: Macrumors

ဒီဇိုင်းပိုင်းမှာတော့ iPhone 15 မော်ဒယ်တွေသည် 14 မော်ဒယ်တွေနဲ့ ဆင်တူလိမ့်မယ်လို့ ကောလဟလများအရ သိရပါတယ်။ နောက်ထပ် ထူးခြားချက်ကတော့ 15 မော်ဒယ်တွေသည် Notch မပါဘဲ 14 Pro မော်ဒယ်တွေမှာ မိတ်ဆက်ထားတဲ့ Dynamic Island ကို အဆင့်မြင့်ကာ ဆက်လက်အသုံးပြုမှာပဲ ဖြစ်ပါတယ်။

အရောင်ပိုင်းမှာရော ဘယ်လိုအရောင်တွေ ထွက်လာမလဲ

အရောင်

Photo: Macrumors

Apple ကတော့ နှစ်တိုင်းဆိုသလို အရောင်တောက်တောက်တွေကို အမြဲတမ်း မိတ်ဆက်ပေးလေ့ရှိပါတယ်။ ဒီနှစ်မှာလည်း ထိုနည်းအတိုင်းပဲဖြစ်ပါတယ်။ Pro မော်ဒယ်တွေက အနီရင့်ရောင်ကို အသုံးပြုသွားမှာဖြစ်ပြီး 15 နဲ့ 15 Plus ကတော့ ပန်းရင့်ရောင်နဲ့ အပြာဖျော့ကို အသုံးပြုသွားမှာပဲ ဖြစ်ပါတယ်။

အသုံးပြုမယ့် Chip ကရော

iPhone စီးရီး

Photo: Notebookcheck

ဒီနှစ်ထွက်မယ့်အထဲမှာ ရိုးရိုးနဲ့ Pro စီးရီးက အကွာခြားကြီး ကွာခြားသွားလိမ့်မယ်လို့ ဆိုပါတယ်။ ရိုးရိုး စီးရိုးကိုတော့ A16 Chip ကို အသုံးပြုပြီး Pro မော်ဒယ်တွေကိုတော့ A17 Chip အသုံးပြုသွားမယ်လို့ ကြားရပါတယ်။

အသုံးပြုမယ့် RAM ကို ယှဥ်ကြည့်မယ်ဆိုရင်

iPhone စီးရီး

Photo: Phonearena

ရိုးရိုးမော်ဒယ်နဲ့ Pro မော်ဒယ်သည် ဈေးပေးရတာလည်း ကွာသွားမှာဖြစ်သလို RAM ပိုင်းကိုလည်း ဟထားပေးမှာဖြစ်ပါတယ်။ ရိုးရိုးမော်ဒယ်တွေမှာတော့ 6GB အသုံးပြုထားမှာဖြစ်ပြီး Pro မော်ဒယ်တွေမှာတော့ 8 GB အသုံးပြုထားမှာ ဖြစ်ပါတယ်။

15 ၊ 15 Plus နှင့် Pro မော်ဒယ်ကြား ဘာတွေထပ် ခြားနားမှု ရှိသေးလဲ

iPhone စီးရီး

Photo: Macwelt

15 နှင့် 15 Plus သည် ၆.၁ လက်မနှင့် ၆.၇ လက်မဆိုပြီး အသီးသီးရှိကြပြီး Pro မော်ဒယ် နှစ်မျိုးလည်း ထိုနည်းအတိုင်းပဲဖြစ်ပါတယ်။ ရိုးရိုးစီးရီးနှစ်မျိုးကတော့ USB-C ကို Lightning Speeds သုံးထားပြီး Pro စီးရီးတွေကတော့ USB-C ကို Thunderbolt 3 အသုံးပြုထားပါတယ်။ ရိုးရိုး မော်ဒယ်နှစ်ခုကတော့ 48 MP ကင်မရာကို အသုံးပြုထားမှာဖြစ်ပြီး Pro Max မှာတော့ Periscope Lens (၆ ဆကနေ ၁၀ ဆအထိ တိုးချဲ့နိုင်သော Optical Zoom)  ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ပရိုမော်ဒယ်နှစ်မျိုးကတော့ ခလုတ်လေးတွေသည် ပိုမိုပါးလျသွားမှာဖြစ်ပြီး တိုက်တေနီယမ် ဖရိန်ကိုလည်း အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရိုမော်ဒယ်မှာ WiFi 6E အသုံးပြုပြီး 120Hz ProMotion ကို အသုံးပြုသွားမှာဖြစ်ပါတယ်။ Solid-State Buttons တွေကိုလည်း အသုံးပြုသွားမှာဖြစ်ပါတယ်။ Pro ဆိုမှတော့ Features တွေကလည်း ပိုမိုစုံလင်တာ ဆန်းတော့ မဆန်းပါဘူး။

ကွီးတို့ရော ဒီတစ်ခါ 15 စီးရီးတွေ ထွက်လာရင် ဘယ်မော်ဒယ်ကို ကိုင်ဖြစ်မလဲ။

Source: Macrumors

Featured Image: Yankodesign