ကွီးတို့အားလုံးကို ကိုယ်ချစ်ခင်တဲ့သူနဲ့ သက်ဆုံးတိုင် အသက်ရှည် ရှည် ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်အောင် ကူညီပေးမယ့် အလေ့အကျင့် ကောင်းတစ်ခုရှိပါတယ်။

ထိုအလေ့အကျင့်ကောင်းကတော့ ခန္ဓာကိုယ်က လုံလောက်တဲ့ ရေဓာတ်ရရှိအောင် နေထိုင်ကာ ရေများများ သောက်သုံးခြင်းပဲ ဖြစ်ပါတယ်။

ခန္ဓာကိုယ်တွင်းရှိ အင်္ဂါအစိတ်အပိုင်းများ ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ရန်အတွက် ရေဓာတ်လိုအပ်ပါတယ်။ ခန္ဓာကိုယ်က ရေဓာတ် ခမ်းခြောက်တဲ့အခါ အခြေအနေပေါ်လိုက်ပြီးလည်း ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ဥပမာ ရေဓာတ် အနည်းငယ် ဆုံးရှုံးပါက ကျန်းမာရေး ပြဿနာအသေးစားများကို ခံစားရပြီး ရေဓာတ် ဆုံးရှုံးမှု များပြားပါက ကြီးမားတဲ့ ပြဿနာများ ဥပမာ ကျောက်ကပ်ပျက်စီးခြင်း၊ အာရုံကြောစနစ် ထိခိုက်ခြင်း အစရှိသည်တို့ကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့အပြင် မကြာခဏ ခေါင်းကိုက်ခြင်း ဝေဒနာကိုလည်း ခံစားရနိုင်ပါတယ်။

ဒါ့ကြောင့် အသက်ရှည် ရှည် နဲ့ ကျန်းကျန်းမာမာ နေထိုင်နိုင်ဖို့ရန်အတွက် ကူညီပေးမယ့် အလေ့အကျင့် ကောင်းတစ်ခု ဖြစ်တဲ့ ရေသောက်ခြင်းကို လျစ်လျူရှုမထားသင့်ပါဘူး။

တစ်နေ့လျှင် ရေ ပမာဏ ဘယ်လောက်များများ သောက်သုံးရမလဲ

အသက်ရှည် အလေ့အကျင့်

အရွယ်ရောက်ပြီးသူ တစ်ယောက်အနေနဲ့ တစ်နေ့လျှင် ရေ ၁ လီတာခွဲ၊ ၂ လီတာခန့် သောက်သုံးသင့်ပါတယ်။ တကယ်လို့ ရာသီဥတုက အလွန်အမင်း ပူအိုက်တဲ့အခါများ၊ လေ့ကျင့်ခန်း ပြုလုပ်တဲ့အချိန်မျိုးမှာ ချွေးထွက်များတာကြောင့် ခန္ဓာကိုယ်က ရေဓာတ် ဆုံးရှုံးသွားတာကြောင့် ရေများများ ပိုသောက်ပေးဖို့လိုအပ်ပါတယ်။

ကွီးတို့ကို အသက်ရှည် ကျန်းမာစွာ နေထိုင်ဖို့အတွက် ကူညီပေးတဲ့ ရေသောက်ခြင်း အလေ့အကျင့် ကောင်းကို ပုံမှန်ပြုလုပ်နိုင်အောင် ကူညီပေးမယ့် နည်းလမ်းကောင်းလေးတွေလည်း ရှိပါသေးတယ်။

ထိုနည်းလမ်းကောင်းများကတော့ …

အရည်ရွှမ်းတဲ့ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ အစားထိုးစားသုံးခြင်း

အသက်ရှည် အလေ့အကျင့်

ရေချည်းပဲ သောက်နေရတာ ငြီးငွေ့လာပြီဆိုတဲ့ ကွီးတို့အတွက် အသုံးတည့်မယ့် နည်းလမ်းကောင်းတစ်ခုပါ။ သစ်သီးများသည် အရသာရှိပြီး ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့အတွက် များများစားသုံးပေးဖို့ လိုအပ်ပါတယ်။

ရေဓာတ်ကြွယ်ဝတဲ့ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကတော့ ဖရဲသီး၊ စတော်ဘယ်ရီသီး၊ သခွားမွှေး၊ နာနတ်သီး၊ သခွားသီး၊ မုန်လာဥများ၊ ခရမ်းချဉ်သီး အစရှိတဲ့ အစားအစာများပဲဖြစ်ပါတယ်။

ရေထဲသို့ အရသာထည့်ကာ သောက်သုံးခြင်း

အသက်ရှည် အလေ့အကျင့်

ရေထဲသို့ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အချိုမှုန့်တွေ ထည့်ခိုင်းတာကို ဆိုလိုတာမဟုတ်ပါဘူး။ သံပုရာသီးဖျော်ရည်များ၊ Detox Water ဖျော်ရည်များ ပြုလုပ်ကာ ကျန်းမာရေးနှင့် ညီညွှတ်တဲ့ ဖျော်ရည်များ ဖန်တီးခိုင်းတာဖြစ်ပါတယ်။ မိမိသောက်တဲ့ရေက အရသာတမျိုးလေး ဖြစ်နေအောင် သောက်ရတဲ့အခါမှာလည်း ငြီးငွေ့နေမှာ မဟုတ်တော့ပါဘူး။ ဒါ့အပြင် ကြက်စွပ်ပြုတ်၊ အမဲစွပ်ပြုတ် အစရှိတဲ့ အရည်များကိုလည်း သောက်သုံးပေးနိုင်ပါတယ်။

ရေငတ်တဲ့အချိန်အထိ မစောင့်ဆိုင်းဘဲ ရေကို နည်းနည်းချင်းစီ သောက်သုံးခြင်း

ရေငတ်တဲ့အချိန်အထိ မစောင့်ဆိုင်းဘဲ ရေကို နည်းနည်းချင်းစီ သောက်သုံးခြင်း

သင်သည် ရေငတ်နေပြီလို့ ခံစားလိုက်ရတဲ့အချိန်သည် သင့်ခန္ဓာကိုယ်ထဲမှာ ရေဓာတ်အများအပြား ခမ်းခြောက်သွားနေပြီပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်နေ့တာလုံးမှာ ရေငတ်သွားတဲ့အချိန်ထိ မစောင့်ဘဲ ရေကို နည်းနည်းချင်းစီ သောက်သုံးပေးဖို့လိုအပ်ပါတယ်။ အပြင်သွားတဲ့အခါမှာလည်း အိတ်ဆောင် ရေဘူးငယ်လေး သယ်သွားကာ ရေ ပုံမှန်သောက်သုံးပေးဖို့ လိုအပ်ပါတယ်။

ရေသောက်တဲ့အချိန်မှာလည်း မှန်မှန်သောက်သုံးသလို အပေါ့အလေး သွားရမယ့်အချိန်မှာလည်း ချုပ်တည်းမထားဘဲ မှန်မှန်သွားဖို့လိုအပ်ပါတယ်။ ဒါမှသာ ကျောက်ကပ်ကျန်းမာရေးကို သွားပြီးဒုက္ခမဖြစ်စေမှာပါ။

Source: Scripps

Featured Image: Manofmany