ရိုးရှင်းတဲ့ အသက်ရှု လေ့ကျင့်ခန်းဟာ ကွီးတို့ ဝမ်းဗိုက်က အဆီပိုတွေကို လျှော့ချပေးနိုင်တယ်ဆိုတာ သိပါသလား ? မှန်ပါတယ် အသက်ကို ခပ်ပြင်းပြင်း စည်းချက်ကျကျ ရှုသွင်းရှုထုတ် လေ့ကျင့်ခန်း ပြုလုပ်ရုံနဲ့ ကွီးတို့ ခါးဆိုဒ်ကို လျော့သွားအောင် ကူညီပေးနိုင်ပါတယ်။

Breathing Exercise

Photo : Mountainside Treatment Center

တကယ်တော့ အသက်ရှု လေ့ကျင့်ခန်းက ဝမ်းဗိုက်အဆီပိုတွေကို တိုက်ရိုက်လောင်ကျွမ်းစေတာတော့ မဟုတ်ပါဘူး။ အသက်ကို ခပ်ပြင်းပြင်း ရှုသွင်းရှုထုတ်လုပ်တဲ့အခါ ဗိုက်အဆီပိုတွေကို တိုးစေတဲ့ စိတ်ဖိစီးမှုဟော်မုန်း Cortisol ကို သိသိသာသာ ကျဆင်းစေတာပါ။

ခန္ဓာကိုယ်မှာ Cortisol ဟော်မုန်း ထုတ်လုပ်မှု နည်းလေလေ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်ပျက်မှုကို ပိုမို ကောင်းမွန်စေလေ ဖြစ်ပြီး စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကြောင့် အစာစားချင်စိတ် ဖြစ်ပေါ်ခြင်းကို လျှော့ချပေးမှာ ဖြစ်ပါတယ်။

ခန္ဓာကိုယ် ဇီဝဖြစ်ပျက်မှု ပိုမိုကောင်းမွန်ပြီး စိတ်ဖိစီးမှုတွေ သက်သာစေမယ့် ၁၀ စက္ကန့်အသက်ရှု လေ့ကျင့်ခန်း ပြုလုပ်နည်းအဆင့်ဆင့်ကို အောက်မှာ ဆက်ပြီး လေ့လာကြည့်ရအောင်ပါ………

Breathing Exercise

Photo : Yogateket

  • ၄ စက္ကန့်ခန့် အသက်ကို ခပ်ပြင်းပြင်း ရှုသွင်းပေးပါ။
  • ထို့နောက် ၂ စက္ကန့်လောက် အသက်ကို အောင့်ထားပါ။
  • နောက်ဆုံးအဆင့်ကတော့ ရှုသွင်းထားတဲ့ လေတွေကို ဖြည်းဖြည်းချင်း ၄ စက္ကန့်ခန့် အချိန်ယူပြီး ပြန်လည်ရှုထုတ်ပေးပါ။

၁၀ စက္ကန့် အသက်ရှု လေ့ကျင့်ခန်းနည်းကတော့ ဒီလောက်ပါပဲ။ အရမ်းကို လွယ်ကူရိုးရှင်းပြီး ကွီးတို့ အချိန်နေရာမရွေး ပြုလုပ်နိုင်ပါတယ်။ တစ်နေ့လျှင် ၃ ကြိမ်မှ ၅ ကြိမ်အထိ ပြုလုပ်နိုင်ပြီး နေ့စဉ်ဘဝထဲက စိတ်ဖိစီးမှုနဲ့ ဖိအားတွေကို လျော့ပါးသက်သာစေမှာ ဖြစ်သလို စိတ်ဖိစီးမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ Cortisol ဟော်မုန်း ထုတ်လုပ်မှုကနေတဆင့် ဗိုက်အဆီပိုတွေ ဖြစ်ပေါ်ခြင်းမှလည်း ကာကွယ်လျှော့ချ ပေးနိုင်ပါတယ်။

Source : Eat This Not That

Featured Photo : Men’s Journal