ခရီးသွားလို့ ရမယ့် အကျိုးကျေးဇူးတွေက အများကြီးပါပဲ။ ခရီးသွားလာခြင်းကြောင့် ဒေသန္တရ ဗဟုသုတရစေသလို စိတ်လက်အပန်းပြေပြီး ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းစေပါတယ်။ သဘာဝကြီးနဲ့ ထိတွေ့ရလို့ စိတ်သစ်ကိုယ်သစ်နဲ့ ဘဝအမောတွေကနေလည်း သက်သာရာ ရနိုင်ပါတယ်။ ဒါပေမယ့်လည်း ခရီးသွားတော့မယ်ဆိုရင် အရေးပေါ် သယ်သွားသင့်တဲ့ ပစ္စည်း လေးတွေတော့ မပါလို့ မဖြစ်ပါဘူး။
(၁) Multipurpose Tool

Photo : rdasia
ခရီးသွားရာမှာ ဘက်စုံသုံး အိတ်ဆောင်ဓါး ၊ ပုလင်းဖောက်တံ ၊ သော့ ၊ ကတ်ကြေး ၊ ဝက်အူလှည့်ကိရိယာ နဲ့ ပလယ်ယာ အစုံပါတဲ့ Multipurpose Tools လေးတွေကို ဆောင်သွားသင့်ပါတယ်။ အရေးတကြီး လိုတဲ့အခါ ဒီပစ္စည်းလေးတွေ အစုံပါတဲ့ Took Kits က အသုံးတည့်ပြီး သင့်အသက်ကိုပါ ကယ်တင်နိုင်မှာပါ။
(၂) အားသွင်းသုံးနိုင်တဲ့ ဓါတ်မီး

Photo : rdasia
လျှပ်စစ်မီးမရတဲ့ နေရာလည်း ခရီးသွားနိုင်တာပါပဲ။ ဒီလို အခြေအနေမျိုးတွေမှာဆို ဓါတ်မီးတစ်လက်ကတော့ မပါမဖြစ်ပါဘဲ။ ဓါတ်မီးကိုလည်း Solar Panel နဲ့ အားသွင်းပေါက် Charging Port ပါတဲ့ ဓါတ်မီးမျိုး ဝယ်ထားသင့်ပါတယ်။
(၃) အသက်ကယ်စောင်
Photo : rdasia
ရှေးဦးသူနာပြုစောင် First Aid Blanket အဖြစ် သုံးတဲ့ အရေးပေါ်အသက်ကယ်စောင်ဟာ မီးလောင်တဲ့ နေရာမျိုးမှာ အရေးပေါ် အပူကာစောင်အဖြစ် သုံးလေ့ရှိပါတယ်။ Space Blanket လို့လည်း ခေါ်တဲ့ ဒီအသက်ကယ်စောင်ကို ခရီးသွားတုန်း သယ်တာဟာ နည်းနည်းတော့ ကြောင်ပေမယ့် အလွန်ပြင်းထန်တဲ့ ရာသီဥတုအခြေအနေမျိုးမှာတောင် ကိုယ်တွင်းအပူရဲ့ ၉၀% ကို ထိန်းထားနိုင်လို့ လိုလိုမယ်မယ် သယ်သွားတာ ကောင်းပါတယ်။
(၄) Power Bank

Photo : rdasia
သွားလေရာမှာ သင့်ဖုန်း ဘက်ထရီအားမပြတ်အောင် Portable Power Bank လေး ဆောင်ထားသင့်ပါတယ်။ ဖုန်းဘက်ထရီဆိုတာ စိတ်မချရပါဘူး။ နောက်ပြီး ကိုယ်သွားမယ့်နေရာမှာလည်း လျှပ်စစ်မီးရမယ် မရဘူးဆိုတာ မသေချာပါဘူး။
(၅) လက်
Photo : rdasia
COVID-19 နဲ့အတူ လက်ကို အမြဲ သန့်ရှင်းအောင် ထားဖို့ ဆိုတဲ့ အသိလည်း လူတိုင်းက လက်ခံလာကြပြီ ဖြစ်ပါတယ်။ တံခါးလက်ကိုင်တွေ ၊ တန်းတွေနဲ့ ကားခုံနေရာတွေမှာ ရောဂါပိုးမွှားတွေ ဘယ်လောက်တောင် ပေါက်ပွားနေကြမလဲဆိုတာ ခန့်မှန်းကြည့်လို့ကို ရမှာ မဟုတ်ပါဘူး။ အကောင်းဆုံးက Hand Sanitiser ဘူးလေး ဆောင်ထားတာက ရောဂါပိုးတွေကို ကာကွယ်ပြီး ဖြစ်စေမှာပါ။
Featured Photo : barcelo

