ရည်းစား သက်တမ်း၊ အိမ်ထောင် သက်တမ်း ကြာလာသည်နှင့်အမျှ စစ ချင်စ ခင်စ ကြင်နာစတုန်းကလို အချစ်မျိုး ၊ ဂရုစိုက်မှုမျိုးတော့ ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ သို့သော် ဒါသည် သင့်ကို မချစ်တော့တာမျိုးတော့ မဟုတ်ပါဘူး။ တဖြည်းဖြည်း အချိန်ကြာလာသည်နှင့်အမျှ သူ့ရဲ့ ဂရုစိုက်မှုတွေ၊ ကြင်နာမှုတွေကို အသားကျသွားတဲ့အတွက်ကြောင့် ထိုအချစ်တွေကို အထူးတလည် အရေးမလုပ်မိကြတော့တာပါ။ ဒါပေမဲ့လည်း အသက် ထက်ဆုံး ပျော်ရွှင်နေကြတဲ့ စုံတွဲများ၊ အိမ်ထောင်ဖက် များကလည်း မနည်းမနောပဲ မဟုတ်လား။

အိမ်ထောင်သက်တမ်း ကြာမြင့်လာပေမယ့် တစ်ဦးအပေါ် တစ်ဦး ထားရှိတဲ့အချစ်များ၊ သံယောဇဥ်များသည် ပျောက်ပျက်မသွားဘဲ ဘဝရဲ့ တစ်ထောင့် တစ်နေရာတည်းမှာတော့ ကျန်ရှိနေစမြဲပါပဲ။

ကွီးတို့အနေနဲ့ အသက် ထက်ဆုံး ပျော်ရွှင်ရတဲ့ စုံတွဲ၊ အိမ်ထောင်ဖက် တွေ ဖြစ်ဖို့၊ အိမ်ထောင်ရေး ခိုင်မြဲဖို့ဆိုရင် အခုဖော်ပြထားတဲ့ အချက်များကို သိထားဖို့ လိုအပ်ပါလိမ့်မယ်။

၆ စက္ကန့် စည်းမျဥ်းကို အသုံးပြုပါ

6 seconds rule

သင်တို့ နှစ်ဦးသား နမ်းရှုံ့ ပွေ့ဖက်တဲ့ ကြာချိန်ကို အချိန်နဲ့ မှတ်ထားဖူးပါသလား။ Gottman Institute ရဲ့ တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာ John Gottman က စုံတွဲများသည် တစ်ယောက်ကိုတစ်ယောက် အနည်းဆုံး ၆ စက္ကန့်အထိ ကြာမြင့်အောင် နမ်းရှုံ့သင့်ကြောင်း အကြံပြုထားပါတယ်။

ဒီလိုနမ်းရှုံခြင်းက လည်ပင်းနား၊ နဖူးနားလေးပေါမှာ ပြွတ်ခနဲ တစ်ချက်လောက် နမ်းလိုက်တာထက် အချိန်ပိုကြာပြီး နှစ်ဦးသားကြား ဆက်သွယ်မှုကို ပိုမိုခိုင်မြဲစေတယ်လို့ ပြောကြားထားပါတယ်။ တစ်ယောက်ကို တစ်ယောက် ချစ်ခြင်းမေတ္တာများ ပိုမို တိုးပွားလာစေချင်တယ်ဆိုရင်တော့ ၆ စက္ကန့် စည်းမျဥ်းကို အသုံးချသင့်ပါတယ်။

ကိုယ့် လက်တွဲဖော်ရဲ့ ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတကို နားလည်အောင် ပြုလုပ်ပါ

love language

ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတ ဆိုတဲ့အရာကို စတင်ဖန်တီးခဲ့သူကတော့ အကြံပေးဆရာနှင့် တရားဟောဆရာတစ်ယောက်ဖြစ်တဲ့ ဒေါက်တာ Gary Chapman ပဲဖြစ်ပါတယ်။ သူ့ရဲ့ တီထွင်ချက်အရ ချစ်ခြင်းမေတ္တာ သင်္ကေတသည် (၅) မျိုးရှိပါတယ်။ လက်ဆောင်များ ပေးခြင်း၊ ဂရုစိုက်ပေးခြင်း၊ ကိုယ့်ချစ်သူ တစ်ယောက်တည်းကိုသာ နှစ်နှစ်ကာကာ ချစ်ကြောင်း သေချာတဲ့ ခံစားချက်ရရှိစေခြင်း၊ တန်ဖိုးရှိတဲ့ အချိန်ကို အတူတူ ဖြတ်သန်းကုန်ဆုံးခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့များပဲ ဖြစ်ပါတယ်။

သက်ထက် ဆုံး ပျော်ရွှင်ဖွယ်ကောင်းပြီး အပေးအယူမျှတဲ့ အိမ်ထောင်ဖက် တစ်ယောက်ဖြစ်ဖို့ဆိုရင် ထိုချစ်ခြင်း မေတ္တာ သင်္ကေတများနှင့် တစ်ယောက်ကိုတစ်ယောက် ချစ်ပြတတ်ဖို့ လိုပါလိမ့်မယ်။

ကိုယ့်ချစ်သူနဲ့ ကိုယ်သာ သိတဲ့ လျှို့ဝှက်ကုတ်လေး ထားရှိပါ

အသက် အိမ်ထောင်ဖက်

လူကြားထဲ သွားလာတဲ့အခါ တစ်ယောက်ကိုတစ်ယောက် စကားမပြောပြနိုင်တဲ့အချိန်မျိုး ရှိပါလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ သင်တို့ နှစ်ဦးသားပဲ သိတဲ့ အပြုအမူများ၊ Body Language များနှင့် ဆက်သွယ် ပြောဆိုတတ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှသာ ကိုယ့်ချစ်သူက ပျော်ရွှင်နေလား၊ စိတ်ဆိုး စိတ်ကောက်သွားတာလား၊ ဝမ်းနည်းသွားတာလား အစရှိသည်တို့ကို သိရှိပြီး သူ့ရဲ့ ခံစားချက်ပေါ်လိုက်ပြီး ချက်ချင်း ပြုမူဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

I Love You ဆိုတဲ့ စကားထက် ပိုမို အစွမ်းထက်တဲ့ စကား သုံးခွန်း

အသက် အိမ်ထောင်ဖက်

ကိုယ် မင်းကို ချစ်တယ် “I Love You” ဆိုတဲ့ စကားထက် ပိုမို လေးနက်ပြီး အစွမ်းထက်တဲ့ စကားတစ်ခွန်းရှိပါတယ်။ ထိုစကားကတော့ “Can I Help?” ကိုယ် ဘာကူလုပ်ပေးရမလဲ ဆိုတဲ့ စကားပဲဖြစ်ပါတယ်။ နှစ်ဦးသား လက်ထပ်ပြီးတဲ့အခါ အိမ်ထောင်မှုကိစ္စတွေသည် သင့် လက်တွဲဖော်တစ်ယောက်တည်းရဲ့ တာဝန်မဟုတ်ပါဘူး။ သင်တို့ နှစ်ယောက်စလုံးမှာ တာဝန်ရှိပါတယ်။ ကိုယ့်အနေနဲ့ ရုံးဆင်းချိန်၊ ရုံးပိတ်ရက်တွေမှာ သူ(မ)ကို အိမ်မှုကိစ္စများ ကူလုပ်ပေးခြင်းသည်လည်း သက်ထက် ဆုံးတိုင် ပျော်ရွှင်တဲ့ အိမ်ထောင်ရေးဖြစ်အောင်၊ လူကြီးလူကောင်းပီသတဲ့ အိမ်ထောင်ဖက် တစ်ယောက်ဖြစ်အောင် ကူညီပေးပါတယ်။

အော်ဟစ် ဆူပူခြင်းကိုလည်း ရှောင်ကြဥ်ပါ

အသက် အိမ်ထောင်ဖက်

ကိုယ့်အတွက် သူ လုပ်ပေးတဲ့အရာတွေက မလုံလောက်တော့တဲ့အခါ၊ ကိုယ့်ရဲ့ မျှော်လင့်ချက်အတိုင်း သူ့ဘက်က မဖြည့်ဆည်း ပေးနိုင်တော့တဲ့အခါ သင့်ဘက်က တဖြည်းဖြည်းနဲ့ ငြိုငြင်လာမှာပဲဖြစ်ပါတယ်။ သူ(မ)ဘက်ကပဲဖြစ်စေ၊ သင့်ဘက်ကပဲဖြစ်စေ ဒီလို ငြိုငြင်လာပြီဆိုရင်တော့ အော်ဟစ် ပေါက်ကွဲပစ်တာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ အိမ်ထောင်ရေးကို သူများ အိမ်ထောင်ရေးနဲ့ လိုက်ခိုင်းနှိုင်းကာ ပြောဆိုခြင်းမျိုးတွေလည်း ရှိလာနိုင်ပါတယ်။ ဒါက တကယ်တော့ မှန်ကန်တဲ့ ဖြေရှင်းနည်း မဟုတ်ပါဘူး။

သူ့ဘက်က မဖြည်းဆည်းပေးဘူးဆိုတဲ့ အမြင်ကိုပဲ မြင်နေမယ့်အစား ကိုယ့်ဘက်ကရော သူ့အတွက် ဘာတွေ လုပ်ပေးပြီးပြီလဲဆိုတဲ့ အမြင်မျိုး ရှုထောင့် ပြောင်းကာ မြင်ကြည့်လိုက်ပါ။ ကိုယ့်ကို ဒီအရာတွေ၊ ဒီလိုတွေ လုပ်ပေးရမယ်လို့ မျှော်လင့်ချက်မထားဘဲ သူ့ဘက်က မလုပ်ပေးနိုင်ရင်တောင်မှ ကိုယ့်ဘက်က အကောင်းဆုံး ပြင်ဆင်ပေးလိုက်ပါ။ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို အော်ဟစ် ကျိန်းမောင်းနေခြင်းသည် သင်တို့ရဲ့ အိမ်ထောင်ရေးကို အပူတွေသာ သယ်ဆောင်လာမှာဖြစ်ပြီး အခြားသော သူများနှင့် ကိုယ့်ရဲ့ အိမ်ထောင်ရေးကို လိုက်လံခိုင်းနှိုင်းခြင်းသည်လည်း ကိုယ့်ရဲ့ မနာလို ဝန်တိုစိတ်ကြောင့် ကိုယ်ကိုယ်တိုင်ပဲ ပူလောင်ရမှာဖြစ်ပါတယ်။

Source: Brightside.me

Featured Image: Freepik