အသက် ၃၀ ဆိုတဲ့ အသက်အရွယ် အပိုင်းအခြားတစ်ခုဟာ ဘဝအတွက် အရေးကြီးတဲ့ မှတ်တိုင်တစ်ခုဖြစ်သလို အသားအရေ အတွက်လည်း အလွန်အရေးကြီးပါတယ်။ သက်လတ်ပိုင်းကို စတင်ဝင်ရောက်လာတဲ့အရွယ်မှာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေဟာ စတင်နှေးကွေးလာပြီး အိုမင်းရင့်ရော်ခြင်း တံခါးကို စခေါက်လာပြီပဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ မိမိရဲ့ အသားအရေထိန်းသိမ်းမှုဆိုင်ရာ အလေ့အထတွေအပေါ် ကောင်း ကောင်းအာရုံစိုက်မှုမရှိရင် နှစ်အနည်းငယ်အတွင်းမှာတင် အရွယ်တင်နုပျိုခြင်းတွေ သိသိသာသာ ကျဆင်းလာမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အသက် ၃၀ ကျော် အမျိုးသား တိုင်း လိုက်နာသင့်တဲ့ အလှအပရေးရာ Beauty Tips လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ရေဓာတ်ထိန်းသိမ်းပါ

Photo : Freepik

ရေများများသောက်တာက ခန္ဓာကိုယ်ကျန်းမာရေးကိုသာမက အသားအရေ ကိုပါ ကျန်းမာစေပါတယ်။ တစ်နေ့တာအတွင်းမှာ ရေဓာတ်ပြည့်ဝအောင် သောက်သုံးပေးမယ်ဆိုရင် အသားအရေခြောက်သွေ့ခြင်း ၊ မွဲခြောက်ခြင်းနဲ့ ကွဲအက်ခြင်းတွေကို ကာကွယ်ပေးပြီး စိုပြေချောမွေ့တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

(၂) မှန်ကန်တဲ့ ဖြည့်စွက်စာတွေကို မှီဝဲပါ

Photo : Men’s Health Magazine Australia

အသက် ၃၀ နောက်ပိုင်းမှာ ခန္ဓာကိုယ်ဟာ ပြုပြင်ထိန်းသိမ်းမှုအဆင့်ကို ရောက်ရှိလာပြီး လုံလောက်မှန်ကန်တဲ့ အာဟာရဓာတ် ဖြည့်တင်းမှု ပံ့ပိုးထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။ အသားအရေအတွက်လည်း အလားတူပါပဲ။ အသားအရေ ကျန်းမာရေးကို မြှင့်တင်ဖို့နဲ့ Elasticity တိုးလာစေဖို့ဆိုရင် ဗီတာမင်နဲ့ ကော်လာဂျင် ဖြည့်စွက်စာတွေကို သောက်သုံးမှီဝဲပေးရမှာ ဖြစ်ပါတယ်။ ဖြည့်စွက်စာတွေ မှီဝဲတဲ့အခါ ကိုယ်နဲ့ ကိုက်ညီမှုရှိမရှိသိရဖို့ အာဟာရဗေဒကျွမ်းကျင် ပညာရှင်တွေနဲ့ တိုင်ပင်တာ အကောင်းဆုံး ဖြစ်ပါတယ်။

(၃) အခြေခံ အသားအရေ ထိန်းသိမ်းမှု အဆင့်တွေကို လိုက်နာပါ

Photo : Man of Many

အခြေခံကျတဲ့ အသားအ‌ရေ ထိန်းသိမ်းမှုလုပ်ရိုးလုပ်စဉ်တွေဟာ အသက် ၃၀ နောက်ပိုင်းမှာ နေ့စဉ်ပုံမှန် မဖြစ်မနေ ပြုလုပ်ပေးဖို့ လိုလာပါပြီ။ CTM လို့ခေါ်တဲ့ Cleansing – Toning -Moisturizing စတဲ့ အဆင့် ၃ ဆင့်ကိုတော့ သေချာပေါက် လုပ်ဆောင်ပေးဖို့ လို့ပါတယ်။ အသားအရေ ဆေးကြောသန့်စင်ခြင်း ၊ Toner အသုံးပြုခြင်း ၊ အစိုဓာတ်ထိန်းခရမ်င်လိမ်းခြင်း စတဲ့ အချက်လေးတွေ ပုံမှန်လုပ်ပေးမယ်ဆိုရင် အသားအရေကို သူ့အလိုလို ပြန်လည်ပြုပြင်စေပြီး အစိုဓာတ်ပြည့်ဝကာ နူးညံ့ချောမွေ့နေစေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။

(၄) တစ်ပတ်တစ်ကြိမ် Exfoliate လုပ်ပါ

Photo : CNBC

နေ့တိုင်း မျက်နှာသစ်ဆေးနဲ့ သန့်စင်ဆေးကြောတာက မျက်နှာပြင်အပေါ်ယံလွှာပေါ်က ဖုန်နဲ့အညစ်အကြေးတွေကိုပဲ သန့်စင်ဖယ်ရှားပေးနိုင်တာပါ။ အရေပြားအတွင်းပိုင်းမှာ စုပုံနေတဲ့ ဆဲလ်သေတွေနဲ့ အဆီတွေကို သန့်စင်ပေးဖို့ဆိုရင်တော့ Exfoliate လို့ခေါ်တဲ့ ဂျေးချွတ်သန့်စင်ခြင်း လုပ်ငန်းစဉ်ကို လုပ်ဆောင်ပေးဖို့ လိုပါတယ်။ မဟုတ်ရင် ကွီးတို့ရဲ့ အသားအရေဟာမွဲခြောက်ခြောက် ၊ ညိုညစ်ညစ်နဲ့ ကြမ်းတမ်းပျက်စီးသွားစေနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်ကို တစ်ကြိမ်လောက် Exfoliate လုပ်ပေးပါ။

(၅) Eye ခရမ်င်လိမ်းပေးပါ

Photo : Healthfully

အသက် ၃၀ ကျော်လာတာနဲ့ အိုမင်းရင့်ရော်ခြင်းရဲ့ အသွင်အပြင်ကို ပေါ်လွင်စေတဲ့ မျက်လုံးတဝိုက်ခြောက်သွေ့ခြင်း ၊ အရေးအကြောင်းတွေ ဖြစ်ပေါ်ခြင်းနဲ့ မျက်ကွင်းညိုခြင်း စတာတွေ ဖြစ်တက်ပါတယ်။ မျက်လုံးအောက်ရှိ အရေပြားဟာ မျက်နှာတဝိုက် ကျန်နေရာတွေထက် ပိုမိုနူးညံ့ပြီး ပါးလွှာတာကြောင့် ပျက်စီးလွယ်ပါတယ်။ဒါကို တိုက်ဖျက်ဖို့ဆိုရင် မျက်လုံးအောက်အရေပြားကို Eye ခရင်မ် ကောင်းကောင်း လိမ်းပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် မျက်နှာနဲ့ ခန္ဓာကိုယ်အရေပြားကိုလည်း နေရောင်ကာခရင်မ်လိမ်းဖို့ မမေ့ပါနဲ့။

Featured Photo : Health USA Blog