အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်း ကတော့ အသက် (၃၀) ပြည့်မြောက်ခဲ့ရတဲ့ ၂၀၂၃ခုနှစ်မှာပဲ သူ့အနေနဲ့ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ရတဲ့ တော့တင်ဟမ် ဟော့စပါးအသင်းကနေ ဂျာမန် ဘီလူးကြီး ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ဖို့က အသင်းနှစ်သင်းကြား သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်လို့ အသင်းအပြောင်းအလဲပါ လုပ်ဆောင်ရပါတော့မယ်။
Photo Credit : Sky Sports
ဟယ်ရီကိန်းလို ကစားသမားမျိုး အသက် (၃၀)ထိတောင် ရောက်ရှိနေတဲ့ ထိပ်တန်း ကစားသမားမျိုးက လက်ရှိအချိန်ထိ ဆုဖလားတွေနဲ့ အလှမ်းဝေးနေရတာက လက်မခံနိုင်စရာ ဖြစ်နေတာမို့ စပါးအသင်းကို အားပေးနေတဲ့ ပရိသတ်တွေကပါ ကိန်းကို ဖလား အာမခံချက်ရှိတဲ့ ကလပ်အသင်း တစ်သင်းသင်းဆီ ပြောင်းရွှေ့စေချင်နေကြပါတယ်။ အခုတော့ ဟယ်ရီကိန်း က သေချာပေါက် အသင်းပြောင်းရတော့မှာ ဖြစ်ပြီး သူသာ ခေါင်းညိတ်လိုက်မယ်ဆိုရင် ကိန်းက ဒီရာသီ ဘိုင်ယန် ကစားသမား ဖြစ်လာပါတော့မယ်။
Photo Credit : Bavarian Football Works
ဘိုင်ယန်က ရောဘတ် လီဝန်ဒေါစကီးကို ဘာစီလိုနာဆီ လက်လွတ်ပြီးနောက် ဆာဒီယို မာနေးနဲ့ တိုက်ရိုက် အစားထိုးခဲ့ပေမယ့် မာနေးက အသင်းမှာ လုံးဝ အဆင်မပြေတာကြောင့် မာနေးကို ပြန်ရောင်းပြီး အထောင် တိုက်စစ်မှူးတွေထဲမှာ ကမ္ဘာ့အဆင့် ရှိသူ ဟယ်ရီကိန်းကို ပစ်မှတ်ထားလာပါတယ်။ ဘိုင်ယန်က ကိန်းကို အသင်းရဲ့ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ကမ်းလှမ်းမှုတွေလည်း အကြိမ်ကြိမ် လုပ်ဆောင်ထားသလို အကြိမ်ကြိမ်လည်း ပယ်ချခံခဲ့ရပါတယ်။ ဒါပေမယ့် ဘိုင်ယန်က ဟယ်ရီကိန်း ကို ရဖို့ လုံးဝ လက်မလျှော့ခဲပဲ ထပ်မံ ကြိုးပမ်းလာရာ နောက်ဆုံးမှာတော့ သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။
Photo Credit : Sky Sports
ဘိုင်ယန်က ဟယ်ရီကိန်း အတွက် ယူရို သန်း(၁၀၀)ကျော်နဲ့ ကမ်းလှမ်းခဲ့ရာ ဒီကမ်းလှမ်းချက်ကို စပါးဘက်က လက်ခံသွားခဲ့ပါတယ်။ အပြည့်အဝ သဘောတူညီမှု ရရှိဖို့ဆိုရင်တော့ ဟယ်ရီကိန်းရဲ့ ဆုံးဖြတ်ချက်သာ လိုတော့ပြီး ကိန်းက လက်ခံမယ်ဆိုရင်တော့ ဒီအပြောင်းအရွှေ့ကြီးက လုံးဝ ဖြစ်ပေါ်လာပါတော့မယ်။ ဘိုင်ယန်အနေနဲ့ကလည်း အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဟယ်ရီကိန်းလို ကစားသမားမျိုး ရလိုက်တာကလည်း သူတို့အသင်းအတွက် တကယ့်ကို mega signing တစ်ခု ဖြစ်လာနိုင်ပြီး ကိန်းအတွက်လည်း ဆုဖလားတွေကို မျှော်မှန်းနိုင်ပါတော့မယ်။
Featured Photo : Sky Sports