အောင်မြင်နေတဲ့ ဘဝကြီးကနေ နိမ့်ဆင်းသွားပြီး ဆုတ်ယုတ်သွားတာမျိုးကို မခံစားချင်ဘူးဆိုရင်တော့ အသစ် အသစ်သော အရာတွေကို လေ့လာ သင်ယူ ဖို့လိုအပ်ပါတယ်။ ယနေ့ခေတ်က အပြိုင်အဆိုင်များတဲ့ ခေတ်ဖြစ်ပြီး အမြဲတမ်း သင်ယူလေ့လာနေမှသာ သူများနဲ့ယှဉ်နိုင်မှာပါ။ ထို့အပြင် ကိုယ်လိုချင်တဲ့ အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ဆိုရင် အမြဲသင်ယူလေ့လာနေပြီး ကိုယ့်ရဲ့ အရည်အချင်းကို ဖြည့်တင်းနေဖို့လိုပါတယ်။

တကယ်လို့ ကွီးတို့က အသစ် အသစ်သော အရာတွေကို လေ့လာ သင်ယူ ဖို့အတွက် တွန့်ဆုတ်နေမယ်၊ အချိန်ဆွဲနေမယ်ဆိုရင်တော့ ကြုံတွေ့ရမယ့် ဆိုးကျိုးများက အများကြီးပါပဲ။

ဘယ်လို နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားရမလဲ

နောက်ဆက်တွဲ ဆိုးကျိုးများ

ကွီးတို့ရဲ့ တီထွင် ဖန်တီးနိုင်စွမ်းတွေ တဖြည်းဖြည်း ဆုံးရှုံးသွားမယ်၊ ဆုံးဖြတ်ချက်များကို မှန်ကန်စွာ မပြုလုပ်နိုင်တော့ဘဲ ဖြစ်သွားမယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများ ကျဆင်းသွားပါလိမ့်မယ်။

မိမိကိုယ်ကို ယုံကြည်ချက်များကို မြှင့်တင်ပေးမယ့် အကောင်းဆုံးနည်းလမ်းကတော့ လေ့လာသင်ယူခြင်းပဲ ဖြစ်ပါတယ်။ မိမိရဲ့ ကျွမ်းကျင်ရာ ပင်ကိုယ်အရည်အချင်းကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် မွမ်းမံနိုင်မယ်ဆိုရင်တော့ မိမိကိုယ်ကို ယုံကြည်ချက်များလည်း တိုးတက်လာမှာဖြစ်ပါတယ်။ ဒီလိုပြုလုပ်ဖို့ဆိုရင်တော့ အမြဲတမ်း လေ့လာသင်ယူဖို့ လိုအပ်ပါတယ်။

အသစ် အသစ်သော အရာများကို လေ့လာသင်ယူလိုစိတ်တွေ ပွားများလာအောင် ဘယ်လိုလုပ်ဆောင်ရမလဲ

အသစ် သင်ယူ

ကွီးတို့ လိုက်လုပ်နိုင်တဲ့ နည်းလမ်းကောင်းများက အများကြီးရှိပါတယ်။ ထိုအများကြီးထဲကမှ ကွီးတို့ အသုံးတည့်ပြီး အလွယ်တကူ လိုက်လုပ်နိုင်မ​ယ့် နည်းလမ်းကောင်းများကို ဝေမျှ ပေးလိုက်ရပါတယ်။

စာအုပ်ထဲမှာပဲဖြစ်ဖြစ်၊ မှတ်စုပေါ်မှာပဲဖြစ်ဖြစ် ချရေးပါ

အသစ် သင်ယူ

ယနေ့ခေတ်မှာ ကွန်ပျူတာက အစားထိုး ဝင်ရောက်လာသည်နှင့်အမျှ ကွန်ပျူတာပေါ်မှာ မှတ်စု ရေးမှတ်ခြင်းက ပိုမို ခေတ်စားလာပါတယ်။ ဒါပေမဲ့ သုတေသန ပြုလုပ်ချင်များအရ လက်ဖြင့် မှတ်စုများ ရေးမှတ်ခြင်း၊ မိမိလေ့လာရမယ့် အရာများကို ချရေးခြင်းက ပိုမိုလေ့လာနိုင်ရုံသာမက ပိုမိုမှတ်မိစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်ဖြင့် ချရေးခြင်းက နားလည်နိုင်စွမ်းနဲ့ ပိုကြာကြာ မှတ်မိနိုင်စွမ်းကိုလည်း တိုးမြှင့်စေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ မှတ်စုကို ဖြစ်စေ၊ ကိုယ်လေ့လာနေတဲ့ ဘာသာစကားများကို ဖြစ်စေ၊ ပိုမိုနားလည်မှတ်မိချင်ရင် ချရေးကြည့်ပါ။ ထိရောက်တာ တွေ့ရမှာပါ။

အချိန်အကြာကြီး သတ်မှတ်ထားမယ့်အစား အချိန်တိုတစ်ခု သတ်မှတ်ထားပါ

အသစ် သင်ယူ

ကွီးတို့က “ငါ ဒီနေ့ ၃ နာရီလောက် စာလုပ်မယ်ကွာ” လို့ သန္နိဌာန် ချထားပေမယ့် တကယ် ဖြစ်မလာတာမျိုးတွေကို ကြုံတွေ့ဖူးကြပါလိမ့်မယ်။​ ဒီလိုမျိုး အလွဲလွဲ အချော်ချော် ဖြစ်နေရခြင်းက ကွီးတို့က ရည်မှန်းချက် ကြီးမားလွန်းနေလို့ပါပဲ။ အဲ့ဒီလို အချိန်အများကြီး မှတ်ထားမယ့်အစား ၁၅ မိနစ်လောက် စာကြည့်မယ်၊ မိနစ် ၂၀ လောက် စာကြည့်ဖြစ်အောင် ကြည့်မယ်ဆိုပြီး တွေးထားပါ။ ၁၅ မိနစ်လောက် အဆင်ပြေတယ်ဆို နောက်ထပ် ၁၅ မိနစ်လောက် ထပ်ကြိုးစားကြည့်ပါ။ ဒီလိုမျိုး အချိန်တိုတစ်ခု သတ်မှတ်ထားပြီး လေ့လာြခင်းက ကွီးတို့ရဲ့ အာရုံစူးစိုက်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။​

ကွီးတို့ မယုံရင်တော့ ဒီနည်းလမ်းလေးကို စမ်းကြည့်လိုက်ပါ။

Source : Forbes

Featured Photo : Digitalskills.colorado.edu