ကွီးတို့မှာ ဆက်ဆံရေးတစ်ခုအတွက် မျှော်လင့်ချက် ကြီးကြီးမားမားရှိထားပြီး ထင်သလိုဖြစ်မလာဘဲ ပျက်စီးသွားတာမျိုး ကြုံဖူးပါသလား။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် တစ်ချိန်က အတူတူ မျှဝေခဲ့တဲ့ ပျော်ရွှင်မှုတွေက ရုတ်တရက် ပျောက်ကွယ်သွားတဲ့အခါ ခံစားရတဲ့ခံစားချက်က တကယ်ကို ဆိုးဝါးလွန်းပါတယ်။ တစ်နည်းအားဖြင့် အသည်းကွဲတယ် လို့ခေါ်ဆိုကြပါတယ်။ ဒါကြောင့် အသည်းကွဲနေတဲ့ ကွီးတို့ရှိနေရင် ကွီးတို့ရဲ့ အသည်းကွဲ ဝေဒနာကို ကုစားပေးနိုင်မယ့် သီချင်းကောင်းလေးတွေ ကို နားဆင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

အသည်းကွဲ-ဝေဒနာကို

Photo : The Modern Man

ကွီးတို့ရဲ့ အသည်းကွဲ ဝေဒနာကို ကုစားပေးနိုင်မယ့် သီချင်းကောင်းလေးတွေကတော့…….

(၁) Mr. Brightside – The Killers

Source: TheKillersMusic

ပထမဆုံး ကွီးတို့အတွက် ဝေမျှပေးချင်တဲ့ သီချင်းကတော့ The Killers ဆိုထားတဲ့ “Mr. Brightside” ဆိုတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။ ဒီသီချင်းဟာ စက်တင်ဘာလ ၂၉ ရက်နေ့ ၂၀၀၃ မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ထွက်ရှိခဲ့တာ အချိန်အတိုင်းအတာတစ်ခုရှိပြီဖြစ်ပေမယ့် ကောင်းနေဆဲသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီသီချင်းက လမ်းခွဲပြီးနောက်ပိုင်းမှာ နားထောင်ဖို့ အသင့်တော်ဆုံးဖြစ်ပါတယ်။ သူ့ရဲ့တေးသွားက ချောမွေ့နူးညံ့ကာ စာသားများကလည်း ဝမ်းနည်းကြေကွဲစရာကောင်းပြီး အချစ်၏ အနှစ်သာရနှင့် ဆုံးရှုံးမှု  အနှစ်သာရကို အပြည့်အဝဖော်ကျူးထားပါတယ်။ ကြေကွဲနေတဲ့ အချစ်ကလာတဲ့ နာကျင်ဝမ်းနည်းမှုတွေကြားက ကံကြမ္မာမှာ ကွီးတို့အနေနဲ့တခြား မျှော်လင့်ထားရမယ့်အရာတွေ ရှိနေတယ်ဆိုတဲ့ အကြောင်းဖော်ကျူးထားပြီး ကွီးတို့ရဲ့ အသည်းကွဲ ဝေဒနာကို နှစ်သိမ့်မှုရရှိစေမှာ ဖြစ်ပါတယ်။

(၂) Scared to be Lonely (Acoustic version)- Martin Garrix

Source : Martin Garrix

ဒီသီချင်းကို ဇန်နဝါရီ လ ၂၇ ရက်နေ့ ၂၀၁၇ မှာ ထုတ်ဝေခဲ့ပါတယ်။ ဒီသီချင်းလေးကလည်း ကွီးတို့ Relationship တစ်ခုကိုလမ်းခွဲပြီး နားထောင်လို့ ကောင်းတဲ့သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ကွီးတို့ရဲ့ချစ်သူကို လွမ်းပြီး ပြန်လာစေချင်တာလား၊ ဒါမဟုတ် ကိုယ်တိုင် အထီးကျန်မှာကြောက်နေတာလား ဆိုတာ ဒီသီချင်းလေးကိုနားထောင်ပြီး ကွီးတို့ရဲ့ အသည်းကွဲ ဝေဒနာကို ကုစားရင်း အဖြေရှာကြည့်ပါ။

(၃) You Think You Know Somebody – Hunter Hayes

Source : Hunter Hayes

Hunter Hayes သီဆိုထားတဲ့ You Think You Know Somebody ဆိုတဲ့ သီချင်းလေးကတော့ တကယ်ကို တေးသွားရော စာသားတွေကပါ အဓိပ္ပါယ်ရှိပြီး ကောင်းမွန်လှပါတယ်။ ဒီသီချင်းလေးကို ဧပြီလ ၂၅ ရက်နေ့ ၂၀၁၄ မှာ ထုတ်ဝေခဲ့ပါတယ်။ ဒီသီချင်းလေးကတော့ တစ်ခါတစ်ရံမှာ ကိုယ်ဟာတစ်စုံတစ်ယောက်ကို သိတယ် နားလည်တယ်ထင်ခဲ့ပေမယ့် တကယ်ကို ကိုယ်ထင်ထားသလောက် တစ်ယောက်သောသူကို သိမနေခဲ့ပါဘဲ အဆုံးသတ်သွား တဲ့အကြောင်းလေးပါ။

(၄) Fight Song– Rachel Platten

Source : Rachel Platten

ဒီသီချင်းကိုတော့ ကွီးတို့အားလုံး သိမယ်ထင်ပါတယ်။ ဒီသီချင်းကို Rachel Platten က သီဆိုပြီး ဖေဖော်ဝါရီ လ ၁၉ ရက်နေ့ ၂၀၁၅ မှာထုတ်ဝေခဲ့ပါတယ်။ ဒီသီချင်းက လမ်းခွဲသီချင်းမဟုတ်သော်လည်း သီချင်းရဲ့ အားကောင်းသောစာသားများက ကွီးတို့ရဲ့ ပြတ်တောက်သွားသော ဆက်ဆံရေးကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ကောင်းမွန်စွာအသုံးချနိုင်ပါတယ်။ ဒီသီချင်းက နားထောင်သူအား မိမိတို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရန်နှင့် မည်သို့ပင်အတားအဆီးများရှိနေစေကာမူ ရှေ့ဆက် လျှောက်လှမ်းဖို့ တွန်းအားပေးထားပါတယ်။ ဒီသီချင်းက ကွီးတို့ရဲ့ အသည်းကွဲ ဝေဒနာကို ကုစားပေးနိုင်ယုံ သာမက စိတ်ခွန်အားကိုပါ ရရှိစေပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ရဲ့ အသည်းကွဲ ဝေဒနာကို ကုစားနိုင်ဖို့ နားထောင်သင့်တဲ့ သီချင်းကောင်းလေး တွေပဲဖြစ်ပါတယ်။

Source : THE MOB

Featured Photo : lifehack