သီချင်း နားထောင်ခြင်းသည် စိတ်အပန်းပြေစေပြီး စိတ်ဖိစီးမှုများကို ဖယ်ရှားပေးကာ စိတ်သက်သာရာ ရစေပါတယ်။ အချို့ကတော့ အိပ်ခါနီးမှာ သီချင်းလေး နားထောင်လိုက်ရမှ အိပ်ပျော်သွားတာမျိုးရှိသလို တချို့ကလည်း အလုပ်လုပ်နေရင်း သီချင်း နားထောင်ရမှ ပိုမိုအာရုံစူးစိုက်နိုင်တယ်လို့ ထင်ကြပါတယ်။ ဒါပေမဲ့ အသည်း ကို ရှယ်ပလန်နဲ့ ကွဲ နေတဲ့ ဘီးကျဲများကတော့ အခုဝေမျှပေးမယ့် သီချင်းများကို နားမထောင်သင့်ပါဘူး။ နားထောင်မိလို့ကတော့ တာဝန်မယူဘူးဗျို့။

(၁) Easy On Me By Adele

ဒီသီချင်းလေးကတော့ Adele ရဲ့ အချစ်ရေးအကြောင်းကို သီဆိုထားတာပဲ ဖြစ်ပါတယ်။ သူ(မ)ရဲ့ ခင်ပွန်းနှင့် ၂၀၂၁ မှာ ကွာရှင်းပြတ်စဲခဲ့ပြီး ထိုအချိန်သည် သူ(မ)အတွက် မျှော်လင့်ချက်မဲ့ခြင်း၊ လမ်းပျောက်ခြင်း၊ တစ်စုံတစ်ရာ ဆုံးရှုံးသွားခြင်း အစရှိတဲ့ ခံစားချက်များ ရောပြွမ်းကာ ခံစားနေရကြောင်း ရေးဖွဲ့ သီဆိုထားတာပဲ ဖြစ်ပါတယ်။

(၂) Ghost By Justin Bieber

ဒီသီချင်းလေးကတော့ ကိုယ်ချစ်ရတဲ့ ကိုယ့်ရဲ့ချစ်သူလေးနဲ့ သေကွဲကွဲကာ ဆုံးရှုံးခဲ့ရတဲ့အတွက်ကြောင့် ခံစားနေရတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။ ကိုယ် ချစ်ရတဲ့သူနဲ့ အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာရတတ်ပါတယ်။ သို့သော် ထိုခံစားချက်သည် အမြဲတမ်း ခံစားနေရမှာမဟုတ်ပါဘူး။ ဘဝကြီးကို လက်မလျော့ဘဲ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်လိုက်မယ်ဆိုရင်တော့ သက်သာရာရမှာပဲ ဖြစ်ပါတယ်။

(၃) All Too Well By Taylor Swift

Source: Taylor Swift

ဒီသီချင်းလေးကတော့ Taylor Swift က သူ(မ)ရဲ့ ရည်းစားဟောင်းဖြစ်သူ Gyllenhaal နှင့် သူ(မ)ရဲ့ အချစ်ရေး အကြောင်းကို ရေးဖွဲ့ သီဆိုထားတာ ဖြစ်ပါတယ်။

(၄) Back To December By Taylor Swift

ဒီသီချင်းလေးကတော့ ကိုယ့်အပေါ် ကောင်းတဲ့ လူတစ်ယောက်ရဲ့ အသည်းကို ခွဲမိတဲ့အတွက်ကြောင်း ကြေကွဲကာ နောင်တရနေကြောင်း သီဆိုထားတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။ ဒီသီချင်းလေးက Taylor Swift သည် သူ့ရဲ့ ရည်းစားဟောင်း Taylor Lautner ကို ရည်ညွှန်းပြီး စပ်ဆိုထားတာပဲ ဖြစ်ပါတယ်။

(၅) The Scientist By Coldplay

သိပ္ပံပညာရှင်တစ်ယောက်သည် သူ့ရဲ့အလုပ်အပေါ် အလွန်အမင်း အာရုံစိုက်မိပြီး သူ(မ) ကောင်မလေးကို လျစ်လျူရှုကာ အချိန်မပေးမိတဲ့အကြောင်း ရေးစပ်သီဆိုထားတာပဲ ဖြစ်ပါတယ်။

(၆) Yesterday By The Beatles

သီချင်းရဲ့ ခေါင်းစဥ်အတိုင်းပဲ မနေ့တုန်းကတော့ သူ့ရဲ့ ကောင်မလေးနဲ့ အတူတူရှိနေခဲ့ပေမယ့် ဒီနေ့မှာတော့ သူ(မ)က အနားမှာ မရှိတော့တဲ့အတွက်ကြောင့် ဝမ်းနည်း ကြေကွဲနေရကြောင်း သီဆိုထားတာပဲ ဖြစ်ပါတယ်။

(၇) Champagne Problems By Taylor Swift

ဒီသီချင်းလေးကတော့ Taylor Swift ရဲ့ Evermore အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ပရိသတ်တွေ တော်တော်လေးကို အကြိုက်များပြီး Hit ဖြစ်တဲ့ သီချင်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။

(၈) Happier By Ed Sheeran

ကောင်လေးတစ်ယောက်က သူ့ရဲ့ ရည်းစားဟောင်းအပေါ် ခံစားချက်တွေ ရှိနေသေးကြောင်း၊ ဒါပေမဲ့ သူ့အနေနဲ့ ဘာမှမလုပ်နိုင်ကြောင်း၊ ဘာ့ကြောင့်လဲဆိုတော့ သူ့ရဲ့ ရည်းစားဟောင်းက အခြားတစ်ယောက်နဲ့ ပျော်ရွှင်နေပြီဖြစ်လို့ သူ့အနေနဲ့ သူ(မ)ရဲ့ အပြုံးတွေကို ထိုင်ကြည့်ရုံကလွဲပြီး ဘာမှ မတတ်နိုင်ကြောင်း ရေးဖွဲ့ သီဆိုထားတာ ဖြစ်ပါတယ်။ အသည်း ကွဲ တဲ့ ဘီးကျဲတွေ နားမထောင်သင့်ဆုံး သီချင်းပါပဲ။

(၉) Apologize By Timbaland Ft. OneRepublic

တစ်ဖက်ကလူက ကိုယ့်ကို ဘယ်လောက်ပဲ ထိခိုက်နာကျင်အောင် လုပ်နေပါစေ အစပိုင်းမှာတော့ ချစ်တဲ့စိတ်နဲ့ ခွင့်လွှတ်ပေးပါသေးတယ်။ ဒါပေမဲ့ ကြိမ်ဖန်များစွာ ထိခိုက်နာကျင်အောင် လုပ်လာတဲ့အခါ နှလုံးသားလည်း ကွဲအက် ကြေမွလာပြီး ဘယ်လိုမှ ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့ကြောင်း၊ သူ(မ)ရဲ့ ဟန်ဆောင် တောင်းပန်စကားတွေကလည်း အချိန်လွန်သွားပြီဖြစ်ကြောင်း သီဆိုထားတာပဲ ဖြစ်ပါတယ်။

(၁၀) Need You Now By Lady Antebellum

Source: Parlophone Music Norway

ညကြီးသန်းခေါင်အချိန်မှာ အိပ်မရဘဲ တစ်စုံတစ်ယောက်ကို သေမလောက်အောင် လွမ်းမိတဲ့ ခံစားချက်မျိုး ခံစားဖူးပါသလား။ ဒါဆိုရင်တော့ ဒီသီချင်းလေးကိုလည်း ကွီးတို့ ကြိုက်ကြပါလိမ့်မယ်။ သီချင်းလေးထဲမှာ ညသန်းခေါင်အချိန် တစ်ယောက်တည်းဖြစ်ကာ အထီးကျန်ပြီး တစ်စုံတစ်ယောက်ကို တမ်းတလွမ်းဆွတ်မိတဲ့အတွက်ကြောင့် ထိုသူကို ဖုန်းဆက်ခေါ်မိလိုက်ခြင်းပဲဖြစ်ပါတယ်။

ကွီးတို့ကတော့ ဘယ်လောက်ပဲ လွမ်းလွမ်း ညဉ့်နက်သန်းခေါင်ကြီး ဖုန်းဆက် မခေါ်မိပါစေနဲ့။ ဟိုက ကွီးတို့ ဖုန်းကို အဖက်လုပ်ပြီး ဖြေမှာမဟုတ်ပါဘူး။ အိပ်ရေးပျက်တယ်ဆိုပြီး မျက်စိ စပါးမွှေးတောင် စူးသွားပါလိမ့်မယ်။

Source: Countryliving

Featured Image: Freepik